၁။ ၂၀၁၆ ခုနှစ် မေလ (၁၁)ရက်နေ့ နေ့လယ် ၁း၀၀ နာရီတွင် ရန်ကုန်မြို့၊ ဗြိတိန်သံရုံးမှ သံအမတ်ကြီး H.E Mr. Andrew Patrick ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ သည် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းအား လာရောက်တွေ့ဆုံပါသည်။
၂။ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဗြိတိန်ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံရာ၌ မြန်မာနိုင်ငံတွင် စာရင်းပညာရှင်များ၏ စွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးကိစ္စရပ်များ၊ International Financial Reporting Standards၊ International Public Sector Accounting Standards လက်ခံကျင့်သုံး နိုင်ရေးကိစ္စရပ်များနှင့် နိုင်ငံတကာစာရင်းပညာရှင်များ မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်နိုင်မှု အခြေအနေတို့ကို ဆွေးနွေးခဲ့ကြပါသည်။
၃။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ADB Inception & Planning Workshop မှတ်စုများအား download ယူနိုင်ရန်
ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် မေ ၉ ရက် နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး အတွင်းရှိ ခရိုင်/မြို့နယ် စာရင်းစစ်ရုံး ဝန်ထမ်းများအား တွေ့ဆုံခဲ့သည်။ (အပေါ်ပုံ)
ပြည်ထောင်စုစာရင်းစစ်ချုပ်က စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် လူသာ ပဓာနဖြစ်ကြောင်း၊ လူ၏ အကျင့်စာရိတ္တ၊ သိက္ခာသမာဓိ ရှိရန် လိုအပ်ကြောင်း၊ ဝန်ထမ်းများအပေါ် ဘက်လိုက်မှု မရှိအောင် ဆောင်ရွက်ရန် လိုကြောင်း၊ စေတနာ၊ မေတ္တာ၊ ကရုဏာဖြင့် ဆောင်ရွက်ကြရန် လိုကြောင်း၊ ဌာနဆိုင်ရာများ အနေဖြင့် စီးပွားရေး အဖွဲ့အစည်းများသည် စီးပွားရေး အဖွဲ့အစည်းများ စာရင်းထားနည်း အတိုင်း ဆောင်ရွက်ကြ သော်လည်း ဦးစီးဌာနများ အနေဖြင့် အစိုးရ စာရင်းထားနည်း အတိုင်း Cash Basic ကို အခြေခံ ရေးဆွဲကြသဖြင့် စာရင်းအမှန် ရရှိစေရန် Accrual Basic ပြောင်းလဲရေးဆွဲရေး အတွက်လည်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ကမကထပြု ဆောင်ရွက် သွားမည် ဖြစ်ကြောင်း၊ ခေတ်နှင့်အညီ စာရင်း ထားနည်း ပြောင်းလဲခြင်းများကို သိရှိရန် လိုကြောင်း၊ ကျင့်သုံးနေသော စာရင်းကိုင်စံများ နှင့်အညီဖြစ်အောင် ဆောင်ရွက်ရန် လိုကြောင်း၊ လူသာလျှင် ပဓာနဖြစ်၍ ဝန်ထမ်း တစ်ဦးချင်းစီတွင် စာရင်းပညာရှင်များ ကျင့်ဝတ်ဖြစ်သည့် စာရင်းပညာ အရည်အချင်း ပြည့်စုံရန်၊ လုပ်ငန်းခွင်တွင် သတိ သမ္ပဇဉ်ဖြင့် ဆောင်ရွက်ရန်၊ စာရင်းပညာများကို စဉ်ဆက်မပြတ် သိရှိကြရန်၊ လျှို့ဝှက်ချက်ကို ထိန်းသိမ်းရာတွင် ပွင့်လင်းမြင်သာမှုနှင့် ချင့်ချိန်ဆောင်ရွက်ရန်၊ အများပြည်သူ အကျိုးစီးပွားကို ဆောင်ရွက်ရန် စသည်တို့ကို ပြောကြားသည်။ (Source:mal)
လက်ရှိ အစိုးရသည် သန့်ရှင်းသော အစိုးရ၊ ကောင်းမွန်သော အုပ်ချုပ်မှု ဖြစ်ရန် ဦးတည်ဆောင်ရွက်လျက် ရှိသည် နှင့်အညီ စာရင်းစစ် ဝန်ထမ်းများကလည်း စစ်ဆေးရေး လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် ယင်းဦးတည်ချက် နှင့်အညီ ဆောင်ရွက်ကြရန် လိုကြောင်း ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက ပြောကြားသည်။
ပြည်ထောင်စု စာရင်းစစ်ချုပ်သည် မေ ၉ ရက်က ရန်ကုန်တိုင်း ဒေသကြီး စာရင်းစစ်ချုပ်ရုံး မြပန်းအိုင် ခန်းမ၌ ရန်ကုန်တိုင်း ဒေသကြီး စာရင်းစစ်ချုပ်ရုံးနှင့် ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ ခရိုင်/မြို့နယ် စာရင်းစစ်ရုံး ဝန်ထမ်း များအား တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စု စာရင်းစစ်ချုပ်က ဌာနဆိုင်ရာများ အနေဖြင့် စီးပွားရေး အဖွဲ့အစည်းများသည် စီးပွားရေး အဖွ့ဲအစည်းများ စာရင်းထားနည်း အတိုင်း ဆောင်ရွက်ကြသော်လည်း ဦးစီးဌာနများ အနေဖြင့် အစိုးရ စာရင်းထားနည်း အတိုင်း Cash Basic ကို အခြေခံ ရေးဆွဲကြသဖြင့် စာရင်းအမှန် ရရှိစေရန် Accrual Basic ပြောင်းလဲ ရေးဆွဲရေး အတွက်လည်း ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ကမကထပြု ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အသိပေး ပြောကြားလိုကြောင်း ပြောကြားပြီး ဝန်ထမ်းတစ်ဦးချင်းစီတွင် စာရင်းပညာရှင်များ ကျင့်ဝတ်ဖြစ်သည့် စာရင်းပညာ အရည်အချင်း ပြည့်စုံရန်၊ လုပ်ငန်းခွင်တွင် သတိသမ္ပဇဉ်ဖြင့် ဆောင်ရွက်ရန်၊ စာရင်းပညာများကို စဉ်ဆက်မပြတ် သိရှိကြရန်နှင့် အများပြည်သူ အကျိုးစီးပွားကို ဆောင်ရွက်ရန် မှာကြားသည်။
ယင်းအခမ်းအနားကို ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်း အတွင်းဝန်၊ ရန်ကုန်တိုင်း ဒေသကြီး စာရင်းစစ်ချုပ် နှင့်အတူ ညွှန်ကြားရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများနှင့် စာရင်းစစ်-၁ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Source: km )
၁။ ၂၀၁၆ ခုနှစ် မေလ (၅)ရက်နေ့ နံနက် ၉း၃၀ နာရီတွင် CIMA Head of Strategic Business ဖြစ်သူ Mr.Venkkat Ramanan ဦးဆောင်သော Chartered Institute of Management Accountants (CIMA) ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းအား လာရောက်တွေ့ဆုံပါသည်။
၂။ ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် Chartered Institute of Management Accountants (CIMA) ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံရာ၌ မြန်မာနိုင်ငံတွင် စီမံခန့်ခွဲမှု စာရင်းပညာရပ် တိုးတက်လာစေရန်အတွက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် CIMA-MICPA CFO Programme နှင့် CIMA ၏ လက်ရှိတိုးတက်မှု အခြေအနေများ၊ မြန်မာနိုင်ငံတွင် CIMA က ဆောင်ရွက်ပေးရန် မျှော်မှန်းထားသည့် အနာဂတ်အတွက် CIMA ၃ နှစ်စီမံချက်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
၃။ အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များ အသင်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါသည်။
U Maw Than, the Auditor General of the Union received the delegation from Chartered Institute of Management Accountants (CIMA) at the Office of the Auditor General of the Union, Nay Pyi Taw at 9:30 a.m. on May 5, 2016.
In the meeting, they discussed updates on the progress of CIMA in Myanmar and CIMA-MICPA-CFO programme for accountants in the OAG, and CIMA’s 3 year Plan for Myanmar.
At the meeting, Permanent Secretary and responsible officers from the Office of the Auditor General of the Union, and representatives from Myanmar Institute of Certified Public Accountants (MICPA) were also present.
PFM Project အတွက် External Auditor ခေါ်ယူခြင်း
PFM Project အတွက် External Auditor ခေါ်ယူခြင်း
Consultancy Services for the Audit of Project Financial Statements (Firm)
