ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

စာရင်းစစ်(၃)များ လုပ်ငန်းခွင်ကျွမ်းကျင်မှှု အမှတ်စဉ်(၄၃)သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

၁။ ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ (၅)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ စာရင်းစစ်(၃)များ လုပ်ငန်းခွင်ကျွမ်းကျင်မှှု အမှတ်စဉ်(၄၃)သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပရာ ဒုတိယစာရင်းစစ်ချုပ်ကိုယ်စား အမြဲတမ်းအတွင်းဝန် တက်ရောက်၍ သင်တန်းဖွင့်အမှာ စကားပြောကြားခဲ့သည်။
၂။ အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် စစ်ဆေးရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများ၊ သင်တန်းသား/သူ (၁၂၃)ဦး တက်ရောက်ခဲ့ပါသည်။
၃။ အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန်မှ သင်တန်းဖွင့်အမှာစကား ပြောကြားရာတွင် -
- စီးပွားရေးတက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သော B.Com, B.Act နှင့် DA ဘွဲ့ရများကို စာရင်းစစ်များအဖြစ် ခန့်အပ်ထားခြင်းဖြစ်ကြောင်း
- ကျောင်းမှ သင်ပေးလိုက်သည့် Theory များကို အခြေခံပြီး လက်တွေ့လုပ်ငန်းခွင်တွင် ကျွမ်းကျင်စွာ အလုပ်လုပ်နိုင်ရန် Skill များ ရရှိရန် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း
- Skillများရရှိစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း
- နိုင်ငံတော်၏ နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးယန္တရားများ ပြုပြင်ပြောင်းလဲလာသည်နှင့် အမျှ ဝန်ထမ်းများ၏ Mindset များ ပြောင်းလဲရန် လိုအပ်ကြောင်း
- ဝန်ထမ်းများသည် လုပ်သင့်တာကိုလုပ်ပြီး မလုပ်သင့်တာကို မလုပ်မိရန်ချင့်ချိန်ဝေဖန် နိုင်သည့် Critical Thinking ရှိရန် လိုအပ်ကြောင်း
- ဝန်ထမ်းများသည် I.Q မြင့်မားရုံသာမက E.Q ဆိုသည့် စိတ်ဓာတ်ရင့်ကျက်ရန်လည်း လိုအပ်ကြောင်း
- ဆရာနှင့်တပည့် အပြန်အလှန်သင်ကြားသည့်စနစ် (2 Ways) ပုံစံနှင့်သင်ကြားမှသာ သင်တန်းသားများ၏ခေါင်းထဲမှာ စွဲမြဲမည်ဖြစ်သည့် အတွက် အပြန်အလှန်မေးခွန်းများမေးမြန်း တတ်ရန် လိုအပ်ကြောင်း
- တပည့်များသည် ဆရာထက် ပိုတော်ပိုတတ်မှသာ တိုးတက်သောနိုင်ငံ၊ အဖွဲ့အစည်း ဖြစ်လာမည် ဖြစ်ကြောင်း
- သင်တန်းမှ သင်ကြားပြသပေးလိုက်သည့် ပညာများကို အခြေခံပြီး လူကြီးများ၏ လုပ်ပုံ ကိုင်ပုံ ပြောဆိုဆုံးမမှှုပုံစံကို ဂါရဝတရားရှေ့ထား၍ နာခံရန် လိုအပ်ကြောင်း လမ်းညွှန် မှာကြားခဲ့ပါသည်။
၄။ အခမ်းအနားကို နံနက် (၁၁း၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

စာရင်းလုပ်ငန်းအမျိုးအစားအလိုက် လုပ်ပိုင်ခွင့် ရှိသူသတ်မှတ်ခြင်း

စာရင်းလုပ်ငန်းအမျိုးအစားအလိုက် လုပ်ပိုင်ခွင့် ရှိသူသတ်မှတ်ခြင်း

စာရင်းစစ်လုပ်ငန်းအမည်ဖြင့် မှတ်ပုံတင်ခြင်း

စာရင်းစစ်လုပ်ငန်းအမည်ဖြင့် မှတ်ပုံတင်ခြင်း

အများနှင့်ဆိုင်သော စာရင်းလုပ်ငန်းလုပ်ကိုင်သူအဖြစ် မှတ်ပုံတင်ရန် လိုအပ်ချက်များ ထုတ်ပြန်ခြင်း

အများနှင့်ဆိုင်သော စာရင်းလုပ်ငန်းလုပ်ကိုင်သူအဖြစ် မှတ်ပုံတင်ရန် လိုအပ်ချက်များ ထုတ်ပြန်ခြင်း

လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပြည့်မီ) မှတ်ပုံတင်ရန် လိုအပ်ချက်မာျး ထုတ်ပြန်ခြင်း

လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပြည့်မီ) မှတ်ပုံတင်ရန် လိုအပ်ချက်မာျး ထုတ်ပြန်ခြင်း

စာရင်းလုပ်ငန်းအမျိုးအစားအလိုက် လုပ်ကိုင်ခွင့်ရှိသူသတ်မှတ်ခြင်း

စာရင်းလုပ်ငန်းအမျိုးအစားအလိုက် လုပ်ကိုင်ခွင့်ရှိသူသတ်မှတ်ခြင်း

စာရင်းလုပ်ငန်းအမျိုးအစားအလိုက် လုပ်ကိုင်ခွင့်ရှိသူသတ်မှတ်ခြင်း

စာရင်းလုပ်ငန်းအမျိုးအစားအလိုက် လုပ်ကိုင်ခွင့်ရှိသူသတ်မှတ်ခြင်း

စာရင်းစစ်လုပ်ငန်းအမည်ဖြင့် မှတ်ပုံတင်ခြင်း

စာရင်းစစ်လုပ်ငန်းအမည်ဖြင့် မှတ်ပုံတင်ခြင်း

စာရင်းစစ်လုပ်ငန်းအမည်ဖြင့် မှတ်ပုံတင်ခြင်း

စာရင်းစစ်လုပ်ငန်းအမည်ဖြင့် မှတ်ပုံတင်ခြင်း

အများနှင့် ဆိုင်သော စာရင်းလုပ်ငန်းလုပ်ကိုင်သူအဖြစ် မှတ်ပုံတင်ရန် လိုအပ်ချက်မာျး ထုတ်ပြန်ခြင်း

အများနှင့် ဆိုင်သော စာရင်းလုပ်ငန်းလုပ်ကိုင်သူအဖြစ် မှတ်ပုံတင်ရန် လိုအပ်ချက်မာျး ထုတ်ပြန်ခြင်း

Pages

Subscribe to Front page feed