၁။ မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်းကဏ္ဍတွင် International Financial Reporting Standards (IFRS) နှင့် International Standards on Auditing (ISA) တို့ကို အကောင်အထည်ဖော် လိုက်နာဆောင်ရွက်ရေးအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဂျာမန်နည်းပညာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ) တို့အကြား နောက်ထပ်အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် GIZ အဖွဲ့တို့ သည် ၂၀၁၆ ခုနှစ်၊ မတ်လ (၁၆) ရက်နေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်၌ နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။
၂။ နားလည်မှုစာချွန်လွှာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဘက်မှ ဒေါ်ခင်စန်းဦး၊ အမြဲတမ်း အတွင်းဝန်/တာဝန်ခံညွှန်ကြားရေးမှူးချုပ် (စီမံရေးရာ၊လေ့ကျင့်ရေးနှင့်သုတေသနဦးစီးဌာန) က လည်းကောင်း၊ GIZ အဖွဲ့ဘက်မှ မြန်မာနိုင်ငံရှိ ငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု Project အကြီးအကဲဖြစ်သူ Mr.Thomas Foerch နှင့် မြန်မာနိုင်ငံရှိ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုး တိုးတက်မှု Component အကြီးအကဲ Mr.Anthony Deary တို့က လည်းကောင်း အသီးသီး လက်မှတ်ရေးထိုးခဲ့ကြပါသည်။
၃။ လက်မှတ်ရေးထိုးပွဲအခမ်းအနား၌ ပြည်ထောင်စုစာရင်းစစ်ချုပ်က အဖွင့်အမှာ စကား ပြောကြားရာတွင် GIZ အဖွဲ့အနေဖြင့် မြန်မာနိုင်ငံ၏ ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်း ကဏ္ဍတွင် IFRS နှင့် ISA တို့ကို အကောင်အထည်ဖော် လိုက်နာဆောင်ရွက်ရေးအတွက် ပံ့ပိုးကူညီမှုပြုနေသည်သာမက IFRS and ISA အကြောင်းအရာနှင့်စပ်လျဉ်းသည့် workshops များ ပြုလုပ်ကျင်းပပေးခြင်း၊ အင်္ဂလိပ်ဘာသာစကားသင်တန်းများ ဖွင့်လှစ်သင်ကြားနိုင်အောင် စီစဉ်ဆောင်ရွက်ပေးခြင်းနှင့် ဒေသတွင်းလေ့လာရေးခရီးစဉ်များ စီစဉ်ဆောင်ရွက်ပေးခြင်း စသည်ဖြင့် ဤရုံး၏ Human capacity ဖွံ့ဖြိုးတိုးတက်ရေးအတွက် လည်း ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း နှင့် ယခုကဲ့သို့ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်းဖြင့် IFRS and ISA တို့ကို အသုံးချ အကောင်အထည်ဖော်ရေးအတွက် ပိုမိုအရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
၄။ အဆိုပါ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ နှင့် ညွှန်ကြားရေးမှူးများ တက်ရောက်ခဲ့ကြပါသည်။
၁။ ၂၀၁၆ ခုနှစ်၊ မတ်လ (၁၄) ရက်နေ့ နံနက် (၁၀း၀၀) နာရီတွင် ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံး၊ စုပေါင်းခန်းမ၌ စာရင်းစစ်(၃)များ လုပ်ငန်းခွင်ကျွမ်းကျင်မှု အမှတ်စဉ် (၄၃) သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ်ကိုယ်စား အမြဲတမ်း အတွင်းဝန် တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူ းချုပ် (စစ်ဆေးရေးဦးစီးဌာန)၊ ဒုတိယ ညွှန်ကြားရေးမှူ းချူပ်များ၊ ညွှန်ကြားရေးမှူ းများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများ၊ သင်တန်းသား/သူ (၁၂၃)ဦး တက်ရောက်ခဲ့ပါသည်။
၃။ အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန်မှ လမ်းညွှန်အမှာစကား ပြောကြားရာတွင်-
- သင်တန်းမှ သိသင့်သိထိုက်သည့် ပညာရပ်များကို အခြေခံ ပို့ချပေးတာဖြစ်ပြီး လက်တွေ့ လုပ်ငန်းခွင်တွင် ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် အထက်လူကြီး များထံမှသာမက လုပ်ဖော်ကိုင်ဖက် အချင်းချင်းဆီကပင် လေ့လာမှတ်သားကြရန် လိုအပ်ကြောင်း
- သီအိုရီနှင့် အတွေ့အကြုံ ပေါင်းစပ်၍ ချင့်ချိန်တွေးခေါ် အလုပ်လုပ်ကြရန် လိုအပ်ကြောင်း၊
- လက်တန်းအလုပ်လုပ်ပြီး ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်သည် မှားနေနိုင်ပြီး ယင်းအမှား သည် အချိန်ကြာလာသည်နှင့်အမျှ အမှန်ကဲ့သို့ဖြစ်လာပြီး နောက်မျိုးဆက်များအတွက် အမှတ် မှားလာနိုင်၍ အလုပ်ကို ကျိုးကြောင်းဆီလျော်စွာ ချင့်ချိန်လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊
- သင်တန်းသူ/သင်တန်းသားများအနေဖြင့် လုပ်ငန်းခွင်တွင် လက်တွေ့လုပ်ဆောင်နေရသည့် ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်းများကို အမြဲတမ်းလေ့လာနားလည် တတ်ကျွမ်းနေရမည်ဖြစ်ကြောင်း၊
- ပေးအပ်လာသော တာဝန်များကို စိတ်ရင်းစေတနာမှန်ကန်စွာဖြင့် အတ္တ၊ ပရ အကျိုးကို မျှကြည့်ပြီး အလုပ်လုပ်သင့်ကြောင်း၊
- မိမိတို့နှင့်တိုက်ရိုက်သက်ဆိုင်သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပါ ပြည်ထောင်စုစာရင်း စစ်ချုပ်၊ ဒုတိယစာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်များ၏ အခန်းကဏ္ဍ များအား လေ့လာမှတ်သားရန် လိုအပ်ကြောင်း၊
- နိဂုံးချုပ်အနေဖြင့် သင်တန်းသူ/သင်တန်းသားများအားလုံး စဉ်ဆက်မပြတ် လေ့လာ မှတ်သားနေရန်နှင့် အတွေးအခေါ်၊ အယူအဆစိတ်ဓာတ်တို့ မြင့်မားကောင်းမွန်နေရန် လိုအပ်ကြောင်း မှာကြားသွားပါသည်။
၄။ အခမ်းအနားကို နံနက် (၁၁း၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
လက်မှတ်ရပြည်သူ့စာရင်းကိုင်များအဖြစ် မှတ်ပုံတင်ရန် အရည်အချင်းစစ်စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေငြာခြင်း
လက်မှတ်ရပြည်သူ့စာရင်းကိုင်များအဖြစ် မှတ်ပုံတင်ရန် အရည်အချင်းစစ်စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေငြာခြင်း
လက်မှတ်ရပြည်သူ့စာရင်းကိုင်များအဖြစ် မှတ်ပုံတင်ရန် အရည်အချင်းစစ်စာမေးပွဲအောင်စာရင်း ထုတ်ပြန်ကြေငြာခြင်း
ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) သင်တန်းစာမေးပွဲ ဘာသာရပ်အလိုက် ထူးချွန်ဆုရရှိသူများစာရင်းနှင့် စာစစ်ဌာနအလိုက် အောင်ချက် ရာခိုင်နှုန်းစာရင်းများ ထုတ်ပြန်ကြေငြာခြင်း
ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) သင်တန်းစာမေးပွဲ အောင်စာရင်းထုတ်ပြန်ခြင်း
