ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဒသမအကြိမ်မြောက် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ

၁။   ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဒသမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ၁၅-၇-၂၀၁၆ ရက်နေ့ နံနက် ၉:၃၀ နာရီတွင် ဤရုံး စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။   အဆိုပါ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ ပျဉ်းမနားမြို့၊ ဘုရားကြီးကျောင်းတိုက်နှင့် ရတနာဘုမ္မိသာရကျောင်းတိုက်များရှိ    သံဃာတော်အရှင်သူမြတ်များ    ကြွရောက်တော် မူကြပြီး    ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း နှင့်    ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများက ဝါဆိုသင်္ကန်းနှင့်တကွ လှူဖွယ်ပစ္စည်းအစုစုတို့ကို ဆက်ကပ်လှူဒါန်း ကြပါသည်။

၃။   ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့်တကွ ရုံးဝန်ထမ်းများသည် သံဃာတော် အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး အနုမောဒနာတရား နာယူ၍ ရေစက်သွန်းချအမျှဝေကြပြီးနောက် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကာ ရုံးဝန်ထမ်းများအား မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးပါသည်။

နိုင်ငံတကာစာရင်းစံကျင့်သုံးရေးဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

အစိုးရကဏ္ဍ နိုင်ငံတကာစာရင်းစံကျင့်သုံးရေးဆိုင်ရာ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

Source:https://issuu.com/myanmarnewspaper/docs/km_21.7.16

Source:https://issuu.com/myanmarnewspaper/docs/mal_21.7.16

 
 
 
ဒသမအကြိမ်မြောက်ဝါဆိုသင်္ကန်းကပ်လှူ ပွဲ
စာရင်းစစ် ( ၃ )များလုပ်ငန်းခွင်ကျွမ်းကျင်မှု အမှတ်စဉ်(၄၄)သင်တန်း သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

၁။ ၂၀၁၆ခုနှစ်၊ ဇူလိုင်လ(၇)ရက်နေ့နံနက်(၁၀း၀၀)နာရီတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ စာရင်းစစ် ( ၃ )များလုပ်ငန်းခွင်ကျွမ်းကျင်မှု အမှတ်စဉ်(၄၄)သင်တန်း သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

၂။ အဆိုပါ အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ ကထိကများ၊ သင်တန်းသား/သူ ( ၁၁၄ )ဦး တက်ရောက်ခဲ့ပါသည်။

၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်မှ လမ်းညွှန်အမှာစကား ပြောကြားရာတွင် -

- သင်တန်းမှ ပို့ချချက်များကို အဓိက လေ့လာမှတ်သားကြပြီး သင်တန်းသားများ အချင်းချင်းပညာရပ်များကို ဖလှယ်ကြရန် လိုအပ်ကြောင်း

- စာရင်းစစ်များသည် ပုံမှန်စစ်ဆေးခြင်းအပြင် စာရင်းစစ်ချုပ်ဥပဒေက ပေးအပ်သော တာဝန်များကိုလည်း ဆောင်ရွက်ကြရသည့် အတွက် မိမိတို့၏စွမ်းရည်များ တိုးတက်အောင် ကြိုးစားကြရန် လိုအပ်ကြောင်း

- တိုးတက်မှုအတွက် လှုပ်ရှားရုန်းကန် ကြိုးစားရသည်မှာ ကြိုးစားရကျိုးနပ်ကြောင်း

- တာဝန်သိစိတ်များ ခိုင်မာအောင် တည်ဆောက်သွားကြရန် လိုအပ်ကြောင်း

- လူတိုင်းတွင် အားသာချက် အားနည်းချက်များ ကိုယ်စီရှိကြသဖြင့် မိမိ၏ အားနည်းချက်များကို အားသာချက်အဖြစ် ပြောင်းလဲရန် လိုအပ်ကြောင်း

- မိမိတို့၏ တာဝန်များကို အဂတိမလိုက်စားဘဲ သမာဓိရှိစွာ သိက္ခာ ပြည့်ဝစွာဖြင့် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း မှာကြားသွားပါသည်။

၄။ အခမ်းအနားကို နံနက်(၁၀း၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

အများနှင့်ဆိုင်သောစာရင်းလုပ်ငန်းလုပ်ကိုင်ခွင့်ရပ်နားသူများစာရင်းထုတ်ပြန်ခြင်း

အများနှင့်ဆိုင်သောစာရင်းလုပ်ငန်းလုပ်ကိုင်ခွင့်ရပ်နားသူများစာရင်းထုတ်ပြန်ခြင်း

 
 
 
အများနှင့်ဆိုင်သော စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့်ရပ်နားသူများစာရင်းထုတ်ပြန်ခြင်း

အများနှင့်ဆိုင်သော စာရင်းလုပ်ငန်းလုပ်ကိုင်ခွင့်ရပ်နားသူများစာရင်းထုတ်ပြန်ခြင်း

 
 
 
ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် World Bank မှ Senior Financial Management Specialist ဖြစ်သူ Mr. Christopher Robert Fabling နှင်‌့ PFM Project Task Team Leader Mr. Atul Deshpande တို့ဦးဆောင်သော အဖွဲ့အား လက်ခံတွေ့ဆုံ

၁။       ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် World Bank မှ Senior Financial Management Specialist ဖြစ်သူ Mr. Christopher Robert Fabling နှင်‌့ PFM Project Task Team Leader ဖြစ်သူ Mr. Atul Deshpande တို့ဦးဆောင်သော အဖွဲ့အား ၂၀၁၆ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့ နံနက် ၁၁း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး    ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

၂။       ထိုသို့တွေ့ဆုံရာတွင် Private Sector ၌ International Financial Reporting Standards (IFRSs) လိုက်နာကျင့်သုံးရေး နှင်‌့ Public Sector ၌ International Public Sector Accounting Standards (IPSASs) လိုက်နာကျင့်သုံးနိုင်ရေး၊ Report on the Observance of Standards and Codes (ROSC) အစီရင်ခံစာထုတ်ပြန်မည့်အခြေအနေ၊ ROSC Report ၏သုံးသပ်ချက်များအပေါ်အခြေခံ၍ ဤရုံးဝန်ထမ်းများ၏ စွမ်းရည်မြှင့်တင်နိုင်ရေးကိစ္စရပ်များကို Myanmar - Modernization of Public Finance Management Project (M-MPFMp) တွင် ထည့်သွင်းဆောင်ရွက်သွားနိုင်ရေးအတွက် ထပ်မံတွေ့ဆုံညှိနှိုင်းသွားမည်‌့ကိစ္စရပ်များနှင်‌့   စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

၃။       အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊   ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး) နှင်‌့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အသိပေးကြေငြာခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး A & A (2016) ပြပွဲတွင် တွေ့ဆုံမေးမြန်းထားမှုများကို ယနေ့ နေ့လည် (၂း၀၀)နာရီ မှ (၃း၀၀)နာရီ အတွင်း မြဝတီ Channel မှ ထုတ်လွှင့်ပြသမည်ဖြစ်ပါသဖြင့် ကြည့်ရှုမှတ်သားနိုင်ပါရန် အသိပေးအပ်ပါသည်။

စာရင်းနှင့်စာရင်းစစ်ပြပွဲ (၂၀၁၆) ကျင်းပ
အလုပ်အကိုင်ရရှိမှု အခွင့်အလမ်းများ ပိုမိုလာစေရေး ရည်ရွယ်ချက်ဖြင့် စာရင်းနှင့်စာရင်းစစ်ပြပွဲ (၂၀၁၆) ကျင်းပ

Pages

Subscribe to Front page feed