ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် စာရင်းစစ်ရုံးအဆင့်ဆင့်တို့ကို အောက်ပါအတိုင်း ဖွဲ့စည်းသည်-
(က) ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊
(ခ) တိုင်းဒေသကြီးသို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်ရုံးများနှင့် ယင်းတို့၏ ကြီးကြပ်မှုအောက်တွင်
သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်း-
(၁) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု မရှိလျှင်-
(ကက) ခရိုင်စာရင်းစစ်ရုံးများ၊
(ခခ) မြို့နယ်စာရင်းစစ်ရုံးများ။
(၂) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု ရှိလျှင်-
(ကက) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၌
- ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစာရင်းစစ်ရုံး၊
- ခရိုင်စာရင်းစစ်ရုံးများ၊
- မြို့နယ်စာရင်းစစ်ရုံးများ။
(ခခ) ကိုယ်ပိုင်အုပ်ချုပ်ရဒေသ၌
- ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသစာရင်းစစ်ရုံး၊
- မြို့နယ်စာရင်းစစ်ရုံးများ။
(ဂဂ) ကျန်ဒေသများ၌
- ခရိုင်စာရင်းစစ်ရုံးများ၊
- မြို့နယ်စာရင်းစစ်ရုံးများ။
(ဂ) ပြည်ထောင်စုနယ်မြေ၌-
(၁) ခရိုင်စာရင်းစစ်ရုံးများ၊
(၂) မြို့နယ်စာရင်းစစ်ရုံးများ။