ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပထမပိုင်း) သင်တန်း အမှတ်စဉ် (၄၁)၊ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

၁။ ၂၀၁၆ ခုနှစ်၊ ဧပြီလ (၆)ရက်နေ့ နေ့လည် (၁၄:၀၀) နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပထမပိုင်း) သင်တန်း အမှတ်စဉ် (၄၁)၊ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။
၂။ အဆိုပါ အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများ နှင့်သင်တန်းသူ/သား (၁၄၉) ဦး တက်ရောက်ခဲ့ပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက အောက်ပါအချက်များကို လမ်းညွှန်မှာကြားခဲ့ပါသည်-
- ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံရန် ဆုတောင်းမေတ္တာ ပို့သပါကြောင်း၊
-ဤရုံးတွင် ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ပေးနေခြင်းသည် ကောင်းမွန်သော အစဉ်အလာဖြစ်ကြောင်း၊သင်တန်းသားများအားအရောင်တင်ပေးခြင်းဖြစ်ကြောင်း၊ ဖြေဆိုမည့်သူ များ အားလုံး အောင်မြင်အောင် အားထုတ်ကြိုးပမ်းကြစေရန်နှင့် စိတ်ပျော်ရွှင်မှ ဉာဏ်ရွှင်မှာဖြစ်ကြောင်း၊
- နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်မှုတွင် စာရင်းကဏ္ဍသည် အရေးပါကြောင်းနှင့် စာရင်းပညာရှင်များ နည်းနေသည့်အတွက် ရသည့် အခွင့်အရေးကို ကြိုးစားကြစေလိုကြောင်း၊
- မြန်မာနိုင်ငံစာရင်းကောင်စီမှ စာရင်းပညာသင်တန်းများ ဖွင့်လှစ်ခြင်းသည် ပြည်ပမှ စာရင်းပညာရှင်များနှင့် ရင်ဘောင်တန်းနိုင်ရုံမျှမက သာအောင်ကြိုးစားရမှာဖြစ်ကြောင်း၊
-လက်မှတ်ရပြည်သူ့စာရင်းကိုင်ဘွဲ့နှင့်အညီ ထိုက်တန်တဲ့ကျွမ်းကျင်မှု ရှိရန်လိုအပ်ကြောင်း၊
၄။ သင်တန်းဆင်းပွဲအခမ်းအနားကို နေ့လည် (၁၄:၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

နော်ဝေနိုင်ငံသံအမတ်ကြီးH.E Ann Ollestad ဦးဆောင်သည့်နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးကိုယ်စားလှယ်အဖွဲ့ သည် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းအားလာရောက်တွေ့ဆုံ

၁။ ၂၀၁၆ ခုနှစ် မေလ (၃) ရက်နေ့ မွန်းလွဲ ၃:၀၀ နာရီတွင် နော်ဝေနိုင်ငံသံအမတ်ကြီး H.E Ann Ollestad ဦးဆောင်သည့် နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံး ကိုယ်စားလှယ်အဖွဲ့ သည် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းအား လာရောက်တွေ့ဆုံပါသည်။
၂။ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် နော်ဝေကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံရာ၌ စာရင်းစစ်ချုပ်ရုံး အချင်းချင်း ပူးပေါင်းဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ဆိုင်ရာ စာရင်းစစ်ဆေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ စာရင်းစစ်ဆေးခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ စာရင်း စစ်ဆေးခြင်းများ စသည့်နယ်ပယ်များ ပါဝင်သည့် သယံဇာတထုတ်ယူရေး လုပ်ငန်းများ ကဏ္ဍတွင် စာရင်းစစ်ဆေးခြင်းလုပ်ငန်းအား အထူးအလေးပေး ဆောင်ရွက်သွားရန်၊ အခြားသောကဏ္ဍများကိုလည်း ချဲ့ထွင်ဆောင်ရွက်သွားရန်၊ ကာလတို၊ ကာလရှည်လာရောက် ကူညီပေးမည့်ကိစ္စရပ်များနှင့်     ရေရှည်ပူးပေါင်းဆောင်ရွက်မှုများအကောင်အထည်    ဖော်ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
၃။အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင်    ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ   အမြဲတမ်းအတွင်းဝန်၊   ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပါသည်။

The Auditor General of the Union met the delegation from the Office of the Auditor General of Norway lead by the Royal Norwegian Ambassador

    U Maw Than, the Auditor General of the Union received H.E Ann Ollestad, the Royal Norwegian Ambassador accompanied by the delegation from the Office of the Auditor General of Norway at the Office of the Auditor General of the Union, Nay Pyi Taw at 3:00 p.m. on the 3rd of May, 2016.
    During the call, they discussed matters concerning the possibility of having a long-term collaboration between the two National Audit Institutions which would mainly focus on auditing of extractive industries sector that includes such areas of environmental audit, performance audit and financial audit, collaborating with other sectors development and also dicussed matters for short-term and long-term basis support of the Office of the Auditor General of Norway and matters concerning with acivities to be carried out in long-term cooperation.
    At the meeting, Permanent Secretary, Director General (Audit Department) and other responsible officers from the Office of the Auditor General of the Union were also present.

နော်ဝေနိုင်ငံ သံအမတ်ကြီး H.E Ann Ollestad ဦးဆောင် သည့် နော်ဝေနိုင်ငံ စာရင်းစစ်ချုပ်ရုံး ကိုယ်စားလှယ် အဖွဲ့သည် ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းအား လာရောက်တွေ့ဆုံ

၁။၂၀၁၆ခုနှစ် မေလ (၃)ရက်နေ့ မွန်းလွဲ ၃:၀၀နာရီတွင် နော်ဝေနိုင်ငံ သံအမတ်ကြီး H.E Ann Ollestad ဦးဆောင်သည့် နော်ဝေနိုင်ငံ စာရင်းစစ်ချုပ်ရုံး ကိုယ်စားလှယ် အဖွဲ့သည် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းအား လာရောက် တွေ့ဆုံပါသည်။
၂။ ပြည်ထောင်စု စာရင်းစစ်ချုပ်နှင့် နော်ဝေကိုယ်စားလှယ် အဖွဲ့တို့ တွေ့ဆုံရာ၌ စာရင်းစစ်ချုပ်ရုံး အချင်းချင်း ပူးပေါင်းဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ဆိုင်ရာ စာရင်းစစ်ဆေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ စာရင်းစစ်ဆေးခြင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ စာရင်းစစ်ဆေးခြင်းများစသည့် နယ်ပယ်များ ပါဝင်သည့် သယံဇာတ ထုတ်ယူရေး လုပ်ငန်းများ ကဏ္ဍတွင် စာရင်းစစ်ဆေးခြင်း လုပ်ငန်းအား အထူးအလေးပေး ဆောင်ရွက် သွားရန်၊ အခြားသော ကဏ္ဍများကိုလည်း ချဲ့ထွင်ဆောင်ရွက်သွားရန်၊ ကာလတို၊ ကာလရှည် လာရောက်ကူညီပေးမည့် ကိစ္စရပ်များနှင့် ရေရှည်ပူးပေါင်းဆောင်ရွက်မှုများ အကောင်အထည်ဖော် ဆောင်ရွက်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
၃။အဆိုပါ တွေ့ဆုံဆွေးနွေးမှုတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပထမပိုင်း)သင်တန်း အမှတ်စဉ် (၄၁) စာမေးပွဲအတွက် စာဖြေဌာနများ ထုတ်ပြန်ခြင်း

လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပထမပိုင်း)သင်တန်း အမှတ်စဉ် (၄၁) စာမေးပွဲအတွက် စာဖြေဌာနများ ထုတ်ပြန်ခြင်း

 
 
 
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်များ ခန့်အပ်တာဝန်ပေးခြင်း

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စာရင်းစစ်ချုပ်များ ခန့်အပ်တာဝန်ပေးခြင်း

 
 
 
ပြည်ထောင်စုစာရင်းစစ်ချုပ်ခန့်အပ်တာဝန်ပေးခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်ခန့်အပ်တာဝန်ပေးခြင်း

 
 
 
ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် နေပြည်တော်စာရင်းစစ်ရုံးတို့မှ ဝန်ထမ်းမာျးနှင့် တွေ့ဆုံခြင်း

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် နေပြည်တော်စာရင်းစစ်ရုံးတို့မှ ဝန်ထမ်းမာျးနှင့် တွေ့ဆုံခြင်း

 
 
 
ဒီပလိုမာစာရင်းကိုင်(ဒုတိယပိုင်း)သင်တန်း ၂၀၁၅-၂၀၁၆ပညာသင်နှစ် သင်တန်းဆင်းပွဲ အခမ်းအနား

၁။ ၂၀၁၆ခုနှစ်၊ မတ်လ (၂၂)ရက်နေ့ နံနက် ၉း၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ဒီပလိုမာစာရင်းကိုင်(ဒုတိယပိုင်း)သင်တန်း ၂၀၁၅-၂၀၁၆ ပညာသင်နှစ် သင်တန်းဆင်းပွဲအခမ်းအနားကျင်းပရာ   ပြည်ထောင်စုစာရင်းစစ်ချုပ်ကိုယ်စား အမြဲတမ်း အတွင်းဝန် ဒေါ်ခင်စန်းဦး တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။
၂။ အဆိုပါ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ ကထိကများ၊ သင်တန်းသား/သူ (၉၀) ဦး တက်ရောက်ခဲ့ပါသည်။
၃။  အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန်က လမ်းညွှန်အမှာစကားပြောကြားရာတွင်-

  • နိုင်ငံတကာမှ ဝင်လာမည့် စာရင်းပညာရှင်များနှင့် ရင်ဘောင်တန်းနိုင်ရန် သင်တန်းသား/သူ များ အပေါ်တွင် တာဝန်ရှိကြောင်း၊
  • စာသင်ခန်းထဲတွင် သင်ကြားသော ဘာသာရပ်များသည် အခြေခံ (knowledge) ပဲ သင်ကြားပေးခြင်းဖြစ်၍ လုပ်ငန်းခွင်တွင် (skill) ရသည်အထိ အခြေတစိုက် လုပ်ဆောင် ရမည် ဖြစ်ကြောင်း၊
  • ပေးအပ်သည့်အလုပ်တာဝန်ကို ဝတ်ကျေတန်းကျေသာလုပ်လျှင် လုပ်ငန်းခွင်တွင် Leader မဖြစ်နိုင်ကြောင်း၊
  • လုပ်ငန်းခွင်တွင် ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ၊ ဝါသနာပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အလုပ်တာဝန်ကို စိတ်ပါဝင်စားစွာလုပ်လျှင် အနာဂတ်တွင် ပိုအရောင်တောက်ပမည် ဖြစ်ကြောင်း၊
  • နေပြည်တော်ရှိ သင်တန်းသားများသည်   ပြည်သူ့ဝန်ထမ်းများဖြစ်သည့်အတွက် ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည် ဆိုသည့်ဆောင်ပုဒ်အတိုင်း အခွင့်အရေးကို ဘေးချိတ်၍ အလုပ်တာဝန်ကို စိတ်ပါဝင်စားစွာ လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊
  • သြင်္ကန်ကာလပြီးဆုံးသွားချိန်မှာ ဖြေဆိုရမည့်စာမေးပွဲ္ပ္ပ္ပ၌ ရိုးသားစွာဖြင့် မိမိကျက်မှတ်ထား သည်များနှင့် ကြိုးစားဖြေဆို၍ အောင်မြင်မှုကို ဆွတ်ခူးနိုင်ကြပါစေကြောင်း၊
  • ဖြေဆိုသူအားလုံး ထူးထူးချွန်ချွန်အောင်မြင်၍ နိုင်ငံတော်နှင့်ပြည်သူများမှ အားထားရသည့် ကျွမ်းကျင်ပညာရှင်များအဖြစ် တက်လှမ်းနိုင်ကြပါစေကြောင်း၊
  • နိဂုံးချုပ်အနေဖြင့် ပုခုံးပြောင်းတာဝန်ကို မျိုးဆက်သစ်များလက်ထဲသို့ အပ်နှင်းရမည်ဖြစ်၍ မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် တစ်နှစ်တစ်တန်း နှစ်ချင်းပေါက်အောင်မြင်၍ (CPA) သို့ တက်လှမ်းနိုင်သည်အထိ အောင်ပန်းများ ဆွတ်ခူးနိုင်ကြပါစေကြောင်း၊

၄။အခမ်းအနားကို နံနက် (၁၀း၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

 

Signing Ceremony of MOU between Office of the Auditor General of the Union and GIZ

1. In order to get further co-operation between the Office of the Auditor General of the Union (OAG) and German International Cooperation (GIZ) in the implementation and enforcement of IFRS and ISA in Myanmar’s financial and banking sector, OAG and GIZ entered into a Memorandum of Understanding (MOU) on 16th March 2016 at the Office of the Auditor General of the Union, Nay Pyi Taw.
2. The MOU was signed by Daw Khin San Oo, Permanent Secretary/ Director General of Administration, Training and Research Department, Office of the Auditor General of the Union, and Mr.Thomas Foerch, Head of Project, Financial Sector Development in Myanmar and Mr. Anthony Deary, Head of Component, Financial Sector Development in Myanmar from GIZ.
3. In the signing ceremony, the Union Auditor General gave an opening speech. He said, GIZ has been providing not only support for the implementation and enforcement of IFRS and ISA in Myanmar’s financial and banking sector but also human capacity development of OAG, such as delivery of workshops on IFRS and ISA, provision of English training and organization of study visits, and with the signing of this MoU, the implementation and enforcement of IFRS and ISA will be undertaken in momentum.
4. Union Auditor General, Director General of Audit Department, Deputy Director Generals and Directors from OAG witnessed the signing ceremony.

Pages

Subscribe to Front page feed