ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စု စာရင်းစစ်ချုပ် သီရိပျံချီ ဦးမျိုးမြင့်သည် ၂၀၁၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့ နံနက် ၁၀း၀၀ နာရီ အချိန်တွင် မြန်မာနိုင်ငံ၏ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (Myanmar Modernization of Public Finance Management Project- M-MPFMp) အကောင်အထည်ဖော်မှုဆိုင်ရာ နည်းပညာ အကူအညီပေးရေးအတွက် လာရောက်သည့် ကမ္ဘာ့ဘဏ်မှ Senior Financial Management Specialist ဖြစ်သူ Mr.Christopher Fabling နှင့် PFM Project Task Team Leader ဖြစ်သူ Mr.Atul B. Deshpande ဦးဆောင်သည့် Project Implementation Support Mission အား ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ Call Room ၌ လက်ခံတွေ့ဆုံ
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စု စာရင်းစစ်ချုပ် သီရိပျံချီ ဦးမျိုးမြင့်သည် ၂၀၁၆ ခုနှစ်၊ မတ်လ ၃ ရက်နေ့ မွန်းလွဲ ၁၄း၀၀ နာရီ အချိန်တွင် မြန်မာနိုင်ငံ၏ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှု ခေတ်မီဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်း(Myanmar Modernization of Public Finance Management Project-M-MPFMp) တွင် ပါဝင်သည့် အစိုးရပစ္စည်း ဝယ်ယူ မှု ပြု ပြင်ပြောင်းလဲရေး လုပ်ငန်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ကိစ္စနှင့် စပ်လျဉ်း၍ လာရောက်သည့် ကမ္ဘာ့ဘဏ်မှ Senior Procurement Specialist နှင့် Hub Leader ဖြစ်သူ Mr.Simon Chirwa ဦးဆောင်သည့် Procurement Mission အား ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ Call Room ၌ လက်ခံတွေ့ဆုံ
၁။ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့ နံနက် ၁၀း၀၀ နာရီ၌ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် အခြေခံ စာရင်းကိုင်နှင့် ရုံးလုပ်ငန်း ကျွမ်းကျင်မှု အမှတ်စဉ် (၂၂၅)သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ရာ အမြဲတမ်း အတွင်းဝန် ကိုယ်စား ဒုတိယအမြဲတမ်းအတွင်းဝန် တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန် အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသား/ သင်တန်းသူ (၁၃၂) ဦး တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် ဒုတိယအမြဲတမ်းအတွင်းဝန်က အောက်ပါအချက်များကို လမ်းညွှန်မှာကြား ခဲ့ပါသည် -
- သင်တန်းသားများအနေဖြင့် ယခုလိုသင်တန်းတက်ရောက်ဖြစ်ခဲ့ခြင်းသည် မိမိအတွက် ရော၊ မိမိဌာနအတွက်ရော မှန်ကန်အကျိုးရှိသည့်အလုပ်ဖြစ်ကြောင်း၊ ဝန်ထမ်းတစ်ဦး အနေဖြင့် မဖြစ်မနေသိရှိလိုက်နာရန်လိုအပ်သည့် ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်း အပါအဝင် သင်ကြားပေးလိုက်သည့် ဘာသာရပ်အားလုံးနှင့်ပတ်သက်၍ ဥပဒေလုပ်ထုံး များကို စနစ်တကျ သင်ယူသိရှိခွင့်ရရှိသဖြင့် အလုပ်တာဝန်ကို စည်းမျဉ်းလုပ်ထုံးနှင့်အညီ ထမ်းဆောင်နိုင်ကြပြီး မိမိနှင့်အထက်အောက်၊ မိမိရုံးပါ အမှားအယွင်းနည်းပြီး အန္တရာယ်ကင်းစွာဖြင့် တိုင်းပြည့်ဝန်ကို ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊
- အလုပ်ချိန်တွင် onduty ဖြင့် စာသင်ခန်းတွင်ထိုင်၍ ပညာသင်ယူခွင့်ရရှိခြင်းသည် အခွင့်အရေးတစ်ရပ်ဖြစ်ပြီး၊ မိမိဌာနကိုလည်းကျေးဇူးတင်သင့်ကြောင်း၊ ဤရုံး အနေဖြင့်လည်း လေ့ကျင့်ရေးဌာနတွင် ဖွဲ့စည်းပုံဖြင့် ကထိကများခန့်အပ်သင်ကြားရခြင်း မဟုတ်ဘဲ တာဝန်အသီးသီးလက်ရှိထမ်းဆောင်နေသူများက မိမိတာဝန်ချိန်အတွင်းမှ အလုပ်တစ်ဖက်ဖြင့် သင်ကြားပေးရခြင်းဖြစ်ကြောင်း၊
- Private study ရရှိသည့်ရက်များတွင်လည်း ထပ်မံဖတ်ရှုမှတ်သားပြီး စာမေးပွဲတွင်သိသမျှကို သန့်သန့်ရှင်းရှင်းဖြေဆိုကြပြီး၊ ယင်းသို့ဖြေဆိုခြင်းဖြင့် မိမိမှတ်သားရန်/အသိရှင်းလင်းရန် လိုအပ်ချက်ရှိနေကြောင်း တွေ့ရှိပါကလည်း နောင်ထပ်မံလေ့လာ/မှတ်သားခြင်းဖြင့် ဘာသာရပ် အားလုံးကို ရှင်းလင်းပိုင်နိုင်သွားပြီးတာဝန်များကို ပီပီပြင်ပြင်ဆာင်ရွက်နိုင်ကြမည်ဖြစ်ကြောင်း၊
- သင်တန်းသားများက သင်ခန်းစာများကို မိမိဌာနတွင် သင်တန်းပြန်လည်ဖွင့်လှစ် သင်ကြားပေးနိုင်သည့် အခြေအနေအထိရောက်ရှိစေလိုကြောင်း၊
- နိဂုံးချုပ်အနေဖြင့် ဝန်ထမ်းများသည် အလုပ်တာဝန်နှင့် ပတ်သက်သည့် လုပ်ထုံး၊ နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု ပြည့်စုံရန် လိုအပ်ရုံမျှမကဘဲ အတွေးအမြင် မှန်ကန်ဖို့၊ ဖြောင့်မတ်စွာ ဆောင်ရွက်ဖို့၊ မိမိစိတ်ထားကို မှန်ကန်အောင် ထားဖို့လည်း များစွာ အရေးကြီးပါကြောင်းကို အထူးအလေးပြု ဖြည့်စွက် ပြောကြားလိုက်လိုပါကြောင်း၊
၄။ သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် (၁၀း၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
Independence of Supreme Audit Institutions
1. According to the INTOSAI Principles (INTOSAI P-1) of Lima Declaration issued by the International Organization of Supreme Audit Institutions- INTOSAI regarding the independence of Supreme Audit Institutions (SAIs), it is prescribed that only if the SAIs can prevent external influence and are independent of the audited entity, they can perform their duties objectively and effectively and the personnel of the SAIs shall not be influenced by and dependent on the audited entity when conducting the audits.
2. Therefore, both the organizational structure and the financial arrangement are structured separately and independently from other Ministries. When performing the auditing activities according to the types of audits, similarly, the staff of the Office of the Auditor General of the Union and respective regional Audit Offices can perform the audits widely and independently on behalf of the Union Auditor General who is empowered to perform the audit under the Auditor General of the Union Law. Their audit findings can be presented and reported in line with the professional ethics. This attitude is the one that every auditor should bear in mind as a critical qualification for them.
၁။ နိုင်ငံတကာစာရင်းစစ်ချုပ်ရုံးများအဖွဲ့ (International Organization of Supreme Audit Institutions - INTOSAI) မှ ထုတ်ပြန်သော စာရင်းစစ်ချုပ်ရုံးများ၏ လွတ်လပ်မှုနှင့်စပ်လျဉ်း၍ INTOSAI Principles (INTOSAI P-1) Lima Declaration အရ စာရင်းစစ်ချုပ်ရုံးများသည် ပြင်ပလွှမ်းမိုးမှုမှ ကာကွယ်နိုင်ပြီး စစ်ဆေးရမည့်အဖွဲ့အစည်းနှင့် ကင်းလွတ် (Independence) မှသာလျှင် စာရင်းစစ်ချုပ်ရုံးများအနေဖြင့် လုပ်ငန်းတာဝန်များကို ဓမ္မဓိဌာန်ကျကျနှင့် ထိရောက်စွာဖြင့် လုပ်ဆောင်နိုင်မည်ဖြစ်သည်ဟု လည်းကောင်း၊ စာရင်းစစ်ချုပ်ရုံးဝန်ထမ်းများအနေဖြင့်လည်း စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စစ်ဆေးရမည့်အဖွဲ့အစည်း၏ လွှမ်းမိုးမှုမရှိစေရ၊ စစ်ဆေးရမည့်အဖွဲ့အစည်းအပေါ် မှီခိုခြင်းမရှိစေရ ဟုလည်းကောင်း ပြဋ္ဌာန်းထားပါသည်။
၂။ သို့ဖြစ်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ဖွဲ့စည်းပုံနှင့်ဘဏ္ဍာရေးအစီအစဉ်နှစ်ခုလုံးကို အခြားဝန်ကြီးဌာနများနှင့် သီးခြားလွတ်လပ်စွာ ဖွဲ့စည်းထားပါသည်။ အလားတူ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဒေသအသီးသီးမှ စာရင်းစစ် ရုံးများရှိ ဝန်ထမ်းများသည် စစ်ဆေးရေးလုပ်ငန်းအမျိုးအစားအလိုက် စစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေအရ လုပ်ပိုင်ခွင့်အာဏာအပ်နှင်းခြင်းခံရသော ပြည်ထောင်စုစာရင်းစစ်ချုပ်ကိုယ်စား လွတ်လွတ်လပ်လပ် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်ပါသည်။ ၎င်းတို့၏ စစ်ဆေးတွေ့ရှိချက်များကိုလည်း အတတ်ပညာဆိုင်ရာကျင့်ဝတ်နှင့်လျော်ညီစွာ တင်ပြနိုင်ပါသည်။ ဤသဘောထားခံယူချက်သည် စစ်ဆေးသူတိုင်း အရေးကြီးသော အရည်အချင်းတစ်ခုအဖြစ် လက်ခံပိုင်ဆိုင် ထားရမည့် သဘောထားခံယူချက်ပင် ဖြစ်ပါသည်။
Application for Initial Registration
1. According to the Myanmar Accountancy Council’s Notification No. 26/2018, the applicant must apply himself/herself together with the following documents for the initial registration of CPA (FF);
(a)Self-written application letter;
(b)Office order issued by the Myanmar Accountancy Council for the completion of the apprenticeship as an accountant;
(c)Certificate of Certified Public Accountant Course (Part II) Passed (Original and Copy);
(d)Degree Certificate (Original and Copy);
(e)MICPA membership Card (Original and Copy);
(f)The documentary evidences for CPD hours attended (to be fulfilled at least 20 CPD hours within 12 months before the application date.);
(g)The Citizenship Scrutiny Card (Original and Copy).
2. When the application meets the requirements, the Myanmar Accountancy Council office check and accept the application; and then submit to the Diploma Accountant and Certified Public Accountant Certificate Scrutiny Committee for the approval of the application; when the committee approve the application, the applicant has to pay the application fee and initial registration fee ; and fill the application form with the two passport size photos; after doing that, the Myanmar Accountancy Council office issue the registration card.
3. The fees for initial registration of CPA (full-fledged) are as follows;
|
Sr.No. |
Particulars |
Kyats |
|
1. |
Application fee |
1,000 |
|
2. |
Registration fee |
15,000 |
Application for Registration Renewal
4. According to the Myanmar Accountancy Council’s Notification No. 26/2018, the applicant must apply himself/herself together with the following documents for the registration renewal of CPA (FF);
(a) the application form;
(b)MICPA membership Card (Original and Copy) (must be renewed for the relevant calendar year);
- The documentary evidences for CPD hours attended (to be fulfilled at least 120 CPD hours within 12 months before the November of the adjacent year before the renewal calendar year.);
(d) CPA (full-fledged) registration card (Original and Copy).
5. The fees for registration renewal of CPA (full-fledged) are as follows;
|
Sr.No. |
Particulars |
Kyats |
|
1. |
Application fee |
1,000 |
|
2. |
Registration fee |
15,000 |
|
3. |
Late fee (within January) |
10,000 |
|
4. |
Late fee (from February to April) |
100,000 |
|
5. |
Term fee per annum |
10,000 |
ကနဦးမှတ်ပုံတင်လျှောက်ထားခြင်း
(၁) CPA (Full-Fledged) ကနဦးမှတ်ပုံတင်ရန် လျှောက်ထားရာတွင် မြန်မာနိုင်ငံစာရင်းကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် -၂၆/၂၀၁၈ နှင့်အညီ အောက်ပါအထောက်အထားများအပြည့်အစုံဖြင့် ကာယကံရှင်ကိုယ်တိုင်လာရောက် လျှောက်ထားရမည် ဖြစ်ပါသည်
(က) ကိုယ်တိုင်ရေးလျှောက်လွှာ
(ခ) မြန်မာနိုင်ငံစာရင်းကောင်စီ၏ အလုပ်သင်လုပ်သက် ၃ နှစ်ပြည့်မြောက်ကြောင်းထုတ်ပြန်သည့် ရုံးအမိန့်
(ဂ) လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်း (ဒုတိယပိုင်း) စာမေးပွဲအောင်လက်မှတ် (မူရင်းနှင့်မိတ္တူ)
(ဃ) ဘွဲ့လက်မှတ် (မူရင်းနှင့်မိတ္တူ)
(င) MICPA membership ကတ် (မူရင်းနှင့်မိတ္တူ)
(စ) CPD နာရီ မှတ်တမ်းအထောက်အထားများ (စတင်လျှောက်ထားသည့်နေ့မတိုင်မီ ၁၂ လအတွင်း CPD နာရီ အနည်းဆုံး ၂၀ နာရီ ပြည့်မီရမည်ဖြစ်ပါသည်။)
(ဆ) နိုင်ငံသားစိစစ်ရေးကတ်ပြား (မူရင်းနှင့်မိတ္တူ)
(၂) တင်ပြရမည့်အထောက်အထားများ ပြည့်စုံပါက မြန်မာနိုင်ငံစာရင်းကောင်စီရုံးက စိစစ်လက်ခံပြီး ဒီပလိုမာစာရင်းကိုင်နှင့်လက်မှတ်ရပြည်သူ့စာရင်းကိုင်လက်မှတ်စိစစ်ရေးကော်မတီသို့ သဘောထားမှတ်ချက်တောင်းခံ၍ ကော်မတီဝင်များထံမှ သဘောတူ ကြောင်း ပြန်ကြားချက်ရရှိပါက လျှောက်ထားသူများက လျှောက်လွှာကြေးနှင့် ကနဦးမှတ်ပုံတင်ကြေးပေးသွင်းခြင်း၊ ပတ်စပို့အရွယ်ဓါတ်ပုံ (၂) ပုံနှင့်အတူ ကနဦးလျှောက်လွှာဖြည့်သွင်းခြင်းတို့ကို ပြုလုပ်ပြီးနောက် မြန်မာနိုင်ငံစာရင်းကောင်စီရုံးက မှတ်ပုံတင် လက်မှတ်ထုတ်ပေးမည်ဖြစ်ပါသည်။
(၃) CPA (full-fledged) ကနဦးမှတ်ပုံတင်ခြင်းဆိုင်ရာသတ်မှတ်အခကြေးငွေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
| စဉ် | အကြောင်းအရာ | ကျပ် |
| ၁ | လျှောက်လွှာကြေး | ၁,၀၀၀ |
| ၂ | မှတ်ပုံတင်ကြေး | ၁၅,၀၀၀ |
မှတ်ပုံတင်သက်တမ်းတိုးလျှောက်ထားခြင်း
(၄) CPA (Full-Fledged) မှတ်ပုံတင်သက်တမ်းတိုး လျှောက်ထားရာတွင် မြန်မာနိုင်ငံစာရင်းကောင်စီ၏ အမိန့်ကြော်ငြာစာအမှတ် -၂၆/၂၀၁၈ နှင့်အညီ အောက်ပါအထောက်အထားများ အပြည့်အစုံဖြင့် ကာယကံရှင်ကိုယ်တိုင် လာရောက်လျှောက်ထားရမည် ဖြစ်ပါသည်-
(က) သက်တမ်းတိုးလျှောက်လွှာ
(ခ) MICPA membership ကတ် (မူရင်းနှင့်မိတ္တူ) (သက်ဆိုင်ရာ ပြက္ခဒိန်နှစ်တွက် သက်တမ်းတိုးပြီး ဖြစ်ရပါမည်။)
(ဂ) CPD နာရီ မှတ်တမ်းအထောက်အထားများ (သတ်တမ်းတိုးမည့် ပြက္ခဒိန်နှစ်မတိုင်မီ ကပ်လျက်ရှိသောနှစ်၏ နိုဝင်ဘာလမတိုင်မီ (၁၂) လအတွင်း CPD နာရီ အနည်းဆုံး ၂၀ နာရီ ပြည့်မီရမည်ဖြစ်ပြီး တစ်ဆက်တည်းသုံးနှစ်တွင် စုစုပေါင်းနာရီ ၁၂၀ ပြည့်မီရ မည်ဖြစ်ပါသည်။)
(ဃ) CPA (full-fledged) မှတ်ပုံတင်ကတ် (မူရင်းနှင့်မိတ္တူ)
(၅) CPA (full-fledged) နှစ်စဉ်မှတ်ပုံတင်သက်တမ်းတိုးခြင်းအတွက် သတ်မှတ်အခကြေးငွေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
| စဉ် | အကြောင်းအရာ | ကျပ် |
| ၁ | လျှောက်လွှာကြေး | ၁,၀၀၀ |
| ၂ | မှတ်ပုံတင်သက်တမ်းတိုးကြေး | ၁၅,၀၀၀ |
| ၃ | နောက်ကျကြေး (ဇန်နဝါရီလအတွင်း) | ၁၀,၀၀၀ |
| ၄ | နောက်ကျကြေး (ဖေဖော်ဝါရီလမှ ဧပြီလအတွင်း) | ၁၀၀,၀၀၀ |
| ၅ | သက်တမ်းပြတ်ကြေး တစ်နှစ်လျှင် | ၁၀,၀၀၀ |
၁။ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့ နံနက် ၉း၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) သင်တန်း ၂၀၁၆-၂၀၁၇ ပညာသင်နှစ် သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပရာ အမြဲတမ်းအတွင်းဝန် ဒေါ်ခင်စန်းဦး တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့သည်။
၂။ အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများ၊ သင်တန်းသား/သူ (၃၇၅)ဦး တက်ရောက်ခဲ့ ပါသည်။
၃။ အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန် ဒေါ်ခင်စန်းဦး မှ လမ်းညွှန်အမှာစကား ပြောကြား ရာတွင်-
- Certified Public Accountant (CPA) ဘွဲ့ရသူများအား စာရင်းပညာရှင်အဖြစ် သတ်မှတ်၍ Diploma Accountancy (DA) ဘွဲ့ရသူများကို စာရင်းကျွမ်းကျင်သူအဖြစ် သတ်မှတ် ကြောင်း၊
- စာရင်းပညာရှင် (CPA) ဖြစ်ရန် စာရင်းကျွမ်းကျင်သူ (DA) မှတစ်ဆင့် တက်လှမ်း ပါကလည်း သင်ခန်းစာများ ပိုမိုကျေညက်၍ ပိုမိုထိရောက်နိုင်ကြောင်း၊
- သင်တန်းကာလမှာ (၁၀)လ တက်ရောက်ရမည်ဖြစ်၍ ပထမ(၅)လတွင် ကျောင်းခေါ်ချိန် (၆၀%) တစ်ကြိမ်၊ ဒုတိယ(၅)လတွင် အပြီးသတ် ကျောင်းခေါ်ချိန် (၆၀%) တစ်ကြိမ် ထုတ်ပြန်ပြီး ဘာသာရပ်အလိုက် (၆၀%) ပြည့်မီမှသာ စာမေးပွဲဖြေဆိုခွင့်ရှိမည် ဖြစ်ကြောင်း၊
- ကျောင်းမှန်မှန်တက်၍ DA ဘွဲ့ကို ရချင်သော စိတ်ဆန္ဒဖြင့် မဆုတ်မနစ် ကြိုးစားပါက အောင်မြင်နိုင်မည် ဖြစ်ကြောင်း၊
- “ကြီးသူကို ရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနား” ဆိုသည့် စကားနှင့်အညီ ဆရာ သမားများ၏ ဆိုဆုံးမမှှုကို နာခံရမည်ဖြစ်ကြောင်း၊
- ကထိကများသည် တက္ကသိုလ်များကဲ့သို့ သီးသန့်ခန့်ထားခြင်းမရှိဘဲ မိမိတို့၏ ပင်မ ရုံးအလုပ်များကိုပစ်ပြီး စာလာသင်ရသည်ဖြစ်၍ ဆရာ၊ ဆရာမများ၏ စေတနာကို နားလည်လေးစားစေချင်ကြောင်း၊
- မိမိ၏ ကျိုးကြောင်းဆင်ခြင်နိုင်သော Critical Thinking ဖြင့် လုပ်သင့်သည်ကိုလုပ်၍ မလုပ်သင့်သည်ကို မလုပ်သော ချင့်ချိန်ဝေဖန်နိုင်စွမ်းအားရှိရန် လိုကြောင်း၊
- ဆရာ၊ ဆရာမများသည် Basic ခိုင်ရန် သင်ကြားပေးသည်ဖြစ်၍ Basic ကို အခြေပြု၍ မိမိတို့မှ ကျိုးကြောင်းဆက်စပ်တွေးခေါ်လေ့လာရမည်ဖြစ်ကြောင်း၊
- ဆရာ၊ ဆရာမများ သင်ကြားပေးသည်ကိုသာ မှတ်သားသည့် One Way System ကို အသုံးမပြုဘဲ ဆရာ၊ ဆရာမများကို အမေး၊ အဖြေ Discuss လုပ်နိုင်သည့် Two Ways System ကို အသုံးပြုရန် လိုကြောင်း၊
- နိဂုံးချုပ်အနေဖြင့် ပုခုံးပြောင်းတာဝန်ကို မျိုးဆက်သစ်များလက်ထဲသို့ အပ်နှင်းရမည်ဖြစ်၍ မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် တစ်နှစ်တစ်တန်း နှစ်ချင်းပေါက်အောင်မြင်၍ (CPA) တက်လှမ်းနိုင်သည်အထိ အောင်ပန်းများ ဆွတ်ခူးနိုင်ကြပါစေကြောင်း၊
၄။ အခမ်းအနားကို နံနက် (၁၀း၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
၁။ ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့ နံနက် ၉း၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) သင်တန်း ၂၀၁၆-၂၀၁၇ ပညာသင်နှစ် သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပရာ အမြဲတမ်းအတွင်းဝန် ဒေါ်ခင်စန်းဦး တက်ရောက်၍ သင်တန်းဖွင့်အမှာစကား ပြောကြားခဲ့သည်။ ၂။ အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြား ရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများ၊ သင်တန်းသား/သူ (၃၇၅)ဦး တက်ရောက်ခဲ့ ပါသည်။ ၃။ အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန် ဒေါ်ခင်စန်းဦး မှ လမ်းညွှန်အမှာစကား ပြောကြား ရာတွင်- Certified Public Accountant (CPA) ဘွဲ့ရသူများအား စာရင်းပညာရှင်အဖြစ် သတ်မှတ်၍ Diploma Accountancy (DA) ဘွဲ့ရသူများကို စာရင်းကျွမ်းကျင်သူအဖြစ် သတ်မှတ် ကြောင်း၊ စာရင်းပညာရှင် (CPA) ဖြစ်ရန် စာရင်းကျွမ်းကျင်သူ (DA) မှတစ်ဆင့် တက်လှမ်း ပါကလည်း သင်ခန်းစာများ ပိုမိုကျေညက်၍ ပိုမိုထိရောက်နိုင်ကြောင်း၊ သင်တန်းကာလမှာ (၁၀)လ တက်ရောက်ရမည်ဖြစ်၍ ပထမ(၅)လတွင် ကျောင်းခေါ်ချိန် (၆၀%) တစ်ကြိမ်၊ ဒုတိယ(၅)လတွင် အပြီးသတ် ကျောင်းခေါ်ချိန် (၆၀%) တစ်ကြိမ် ထုတ်ပြန်ပြီး ဘာသာရပ်အလိုက် (၆၀%) ပြည့်မီမှသာ စာမေးပွဲဖြေဆိုခွင့်ရှိမည် ဖြစ်ကြောင်း၊ ကျောင်းမှန်မှန်တက်၍ DA ဘွဲ့ကို ရချင်သော စိတ်ဆန္ဒဖြင့် မဆုတ်မနစ် ကြိုးစားပါက အောင်မြင်နိုင်မည် ဖြစ်ကြောင်း၊ “ကြီးသူကို ရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနား” ဆိုသည့် စကားနှင့်အညီ ဆရာ သမားများ၏ ဆိုဆုံးမမှှုကို နာခံရမည်ဖြစ်ကြောင်း၊ ကထိကများသည် တက္ကသိုလ်များကဲ့သို့ သီးသန့်ခန့်ထားခြင်းမရှိဘဲ မိမိတို့၏ ပင်မ ရုံးအလုပ်များကိုပစ်ပြီး စာလာသင်ရသည်ဖြစ်၍ ဆရာ၊ ဆရာမများ၏ စေတနာကို နားလည်လေးစားစေချင်ကြောင်း၊ မိမိ၏ ကျိုးကြောင်းဆင်ခြင်နိုင်သော Critical Thinking ဖြင့် လုပ်သင့်သည်ကိုလုပ်၍ မလုပ်သင့်သည်ကို မလုပ်သော ချင့်ချိန်ဝေဖန်နိုင်စွမ်းအားရှိရန် လိုကြောင်း၊ ဆရာ၊ ဆရာမများသည် Basic ခိုင်ရန် သင်ကြားပေးသည်ဖြစ်၍ Basic ကို အခြေပြု၍ မိမိတို့မှ ကျိုးကြောင်းဆက်စပ်တွေးခေါ်လေ့လာရမည်ဖြစ်ကြောင်း၊ ဆရာ၊ ဆရာမများ သင်ကြားပေးသည်ကိုသာ မှတ်သားသည့် One Way System ကို အသုံးမပြုဘဲ ဆရာ၊ ဆရာမများကို အမေး၊ အဖြေ Discuss လုပ်နိုင်သည့် Two Ways System ကို အသုံးပြုရန် လိုကြောင်း၊ နိဂုံးချုပ်အနေဖြင့် ပုခုံးပြောင်းတာဝန်ကို မျိုးဆက်သစ်များလက်ထဲသို့ အပ်နှင်းရမည်ဖြစ်၍ မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် တစ်နှစ်တစ်တန်း နှစ်ချင်းပေါက်အောင်မြင်၍ (CPA) တက်လှမ်းနိုင်သည်အထိ အောင်ပန်းများ ဆွတ်ခူးနိုင်ပါကြစေကြောင်း၊ ၄။ အခမ်းအနားကို နံနက် (၁၀း၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးသည် “အရှေ့တောင် အာရှနိုင်ငံများအဖွဲ့ အဖွဲ့ဝင် နိုင်ငံများမှ ရွေးချယ်ထားသော စာရင်းစစ်ချုပ်ရုံးများ၏ အခန်းကဏ္ဍအား တိုးတက်စေခြင်း” နှင့် စပ်လျဉ်း၍ ဒေသဆိုင်ရာ စွမ်းရည်ဖွံ့ဖြိုး တိုးတက်ရေး နည်းပညာ အကူအညီအတွက် အစကနဦးနှင့် စီမံချက် ရေးဆွဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို အာရှ ဖွံ့ဖြိုးရေးဘဏ်နှင့် ပူးပေါင်း ကျင်းပခဲ့ပါသည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပခဲ့ပြီး ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ အရာရှိများ၊ ADB Project ဆောင်ရွက်နေသည့် ဝန်ကြီးဌာနများနှင့် အစိုးရဌာန အဖွဲ့အစည်းများမှ အရာရှိများ၊ ကမ္ဘာ့ဘဏ်နှင့် ဂျပန်နိုင်ငံ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့မှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေးခဲ့ကြပါသည်။
ADB နည်းပညာဆိုင်ရာ အကူအညီသည် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးက ပြည်ထောင်စု စာရင်းစစ်ချုပ် ဥပဒေအရ လုပ်ငန်းများဆောင်ရွက်ရာတွင် စွမ်းဆောင်ရည် ပိုမိုအားကောင်းလာစေရေး၊ စာရင်းစစ်ချုပ်ရုံးများ၏ နိုင်ငံတကာ စာရင်းစစ်စံများကို ပိုမိုလိုက်နာ ကျင့်သုံးရေးနှင့် ပြည်သူ့ဘဏ္ဍာဆိုင်ရာ စာရင်းစစ်ဆေးရေး၌ ပိုမိုကောင်းမွန်သော အရည်အသွေး ရရှိရေးတို့အတွက် ပါဝင်ကူညီပေးရန် ရည်မှန်းထားပါသည်။
ယင်းနည်းပညာဆိုင်ရာ အကူအညီအား ဂျပန်နိုင်ငံအစိုးရ၏ ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ ဂျပန်နိုင်ငံ ရန်ပုံငွေအဖွဲ့မှ ငွေကြေးထောက်ပံ့မှုနှင့်အတူ အာရှဖွံ့ဖြိုးရေးဘဏ်မှ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် သဘောတူခွင့်ပြုခဲ့ပြီး ဖြစ်ပါသည်။ ဖိလစ်ပိုင်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် လာအိုနိုင်ငံမှ စာရင်းစစ်ချုပ်ရုံးများသည်လည်း အဆိုပါ ဒေသဆိုင်ရာ စွမ်းရည် ဖွံ့ဖြိုးရေးနည်းပညာအကူအညီ (R-CDTA) တွင် ပါဝင်ပါသည်။
