ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

OAG moves to raise awareness of accounting and auditing
စုံစမ်းရန်

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်သင်တန်းကျောင်းတွင် ၆-၇-၂၀၁၆ ရက်နေ့က တန်ဖိုးရှိပစ္စည်းတစ်ခုကောက်ရထားပါသည်။ ပိုင်ရှင်များသည် 067-407327 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ရက် ၁၀၀ စီမံချက် ပထမအစီအစဉ်

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ရက် ၁၀၀ စီမံချက် ပထမအစီအစဉ်

စာရင်းစစ်လုပ်ငန်းအမည်ဖြင့် မှတ်ပုံတင်ထားသည့် လုပ်ငန်းများစာရင်း ထုတ်ပြန်ခြင်း

စာရင်းစစ်လုပ်ငန်းအမည်ဖြင့် မှတ်ပုံတင်ထားသည့် လုပ်ငန်းများစာရင်း ထုတ်ပြန်ခြင်း

 
 
 
စာရင်းစစ်လုပ်ငန်းအမည်ဖြင့် မှတ်ပုံတင်ထားသည့် လုပ်ငန်းများစာရင်း ထုတ်ပြန်ခြင်း

စာရင်းစစ်လုပ်ငန်းအမည်ဖြင့် မှတ်ပုံတင်ထားသည့် လုပ်ငန်းများစာရင်း ထုတ်ပြန်ခြင်း

 
 
 
စာရင်းနှင့်စာရင်းစစ်ပြပွဲ (၂၀၁၆)ကို ကျင်းပခြင်း

 ၂၀၁၆ခုနှစ် ဇူလိုင်လ ၉ ရက် နှင့် ၁၀ ရက် စနေ၊တနင်္ဂနွေ နှစ်ရက်တိုင်တိုင် နေ့စဉ် ၉:၃၀ နာရီမှ ၁၆:၃၀ နာရီ အထိ ရန်ကုန်မြို့ အမျိုးသား ဇာတ်ရုံ တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ စာရင်းနှင့်စာရင်းစစ်ပြပွဲ (၂၀၁၆) ကို ကျင်းပမည်ဖြစ်ပြီး ဘာသာရပ် ဆိုင်ရာ ဟောပြောပွဲများပါ ဆွေးနွေးမည် ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသူ မည်သူမဆို အခမဲ့ တက်ရောက်ကြပါရန် အသိပေးအပ်ပါသည်။

MRTV Channel ဇာတ်လမ်းတွဲနှင့် သတင်းထုတ်လွှင့်ချိန်မှအပ ကျန်ထုတ်လွှင့်ချိန်များတွင် ဤပြပွဲ သတင်းအား Crawler ဖြင့် ထုတ်လွှင့်လျက်ရှိပါသည်။

Invitation Letter for Accounting and Auditing Fair(2016)
Accounting and Auditing Fair(2016) ဖွင့်ပွဲအခမ်းအနားဖိတ်ကြားလွှာ
The Auditor General of the Union received Mr. Darryn Jenkins, the Advisor from IMF

1. U Maw Than, the Auditor General of the Union received Mr. Darryn Jenkins, the advisor from International Monetary Fund (IMF) at the Office of the Auditor General of the Union, in Nay Pyi Taw at (10:00) a.m on 21st June, 2016.

2. In the meeting, they discussed about the audit activities conducted by the Office of the Auditor General of the Union, the respective State /Region, District and Township Audit Offices relating to whether or not the Government entities comply the specific tax laws, the important of tax revenue for a country, the International practices of Self-Assessment-System, tax reform processes and also the legal provisions in tax system which needed to be understood by the tax payers and the auditors.

3. At the meeting, the Permanent Secretary, the Director General (Audit Department) and the responsible officers from the Office of the Auditor General of the Union were also present.

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် အပြည်ပြည် ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့(IMF) မှ Advisor ဖြစ်သူ Mr. Darryn Jenkins အား လက်ခံတွေ့ဆုံ

၁။ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းသည် အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF) မှ Advisor ဖြစ်သူ Mr. Darryn Jenkins အား ၂၀၁၆ ခုနှစ် ဇွန်လ (၂၁) ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။

၂။ ထိုသို့ တွေ့ဆုံရာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် သက်ဆိုင်ရာ ပြည်နယ်/တိုင်း၊ ခရိုင် နှင့် မြို့နယ်အဆင့် စာရင်းစစ်ရုံးများတွင် စစ်ဆေးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အစိုးရ လုပ်ငန်းဌာနများသည် အခွန်ဆိုင်ရာ သီးခြားပြဌာန်းထားသော ဥပဒေများနှင့်အညီ လိုက်နာမှုရှိ မရှိထည့်သွင်းစစ်ဆေးမှု၊ အခွန်ရငွေသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးပါ မှု၊ နိုင်ငံတကာတွင် ကျင့်သုံးနေသည့် အခွန်ထမ်း ကိုယ်တိုင်အခွန်စည်းကြပ်မှုစနစ် (Self-Assessment-System) ဖြင့် ကျင့်သုံးမှုများ၊ အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များနှင့် အခွန်စနစ်တွင် ဥပဒေဆိုင်ရာ ပြဌာန်းချက်များကို အခွန်ထမ်းများ၊ စာရင်းစစ်များမှ ဒွိဟမဖြစ်စေဘဲ ရှင်းလင်းနားလည်ရန် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ ကြပါသည်။

၃။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် ၊ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Pages

Subscribe to Front page feed