အများနှင့် ဆိုင်သော စာရင်းလုပ်ငန်းလုပ်ကိုင်သူအဖြစ် မှတ်ပုံတင်ရန် လိုအပ်ချက်မာျး ထုတ်ပြန်ခြင်း
လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပြည့်မီ) မှတ်ပုံတင်ရန် လိုအပ်ချက်များထုတ်ပြန်ခြင်း
လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပထမပိုင်း) သင်တန်း အမှတ်စဉ်(၄၂) ဝင်ခွင့်စာမေးပွဲ ကျင်းပရန်ကိစ္စ
လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပထမပိုင်း) သင်တန်း အမှတ်စဉ်(၄၂) သို့ တိုက်ရိုက်တက်ရောက်ခွင့် လျှောက်ထားနိုင်သူများ စာရင်း ထုတ်ပြန်ခြင်း
လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပထမပိုင်း) သင်တန်း အမှတ်စဉ်(၄၂) သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း
လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပထမပိုင်း) သင်တန်း အမှတ်စဉ်(၄၂)သို့ တိုက်ရိုက်တက်ရောက်ခွင့် လျှောက်ထားနိုင်သူများစာရင်း ထုတ်ပြန်ခြင်း
အရည်အချင်းစစ်စာမေးပွဲကျင်းပရန်ကိစ္စ
အရည်အချင်းစစ်စာမေးပွဲကျင်းပရန်ကိစ္စ
၁။၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့ နံနက် ၉း၀၀ နာရီတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ဒီပလိုမာ စာရင်းကိုင် (ပထမပိုင်း) ၂၀၁၅-၂၀၁၆ ပညာသင်နှစ် သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပရာ ဒုတိယ စာရင်းစစ်ချုပ် ကိုယ်စား အမြဲတမ်း အတွင်းဝန် ဒေါ်ခင်စန်းဦး တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပါသည်။
၂။အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် ( စစ်ဆေးရေး ဦးစီးဌာန)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသူ/သား (၃၀၉) ဦး တက်ရောက်ခဲ့ကြ ပါသည်။
၃။အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန်ဒေါ်ခင်စန်းဦး ကအောက်ပါအချက်များကို လမ်းညွှန်မှာကြားခဲ့ပါသည်-
-IQ ဆိုသည့် ဉာဏ်ရည်ထက်မြက်မှု တစ်ခုတည်းဖြင့် ဘဝကို ရင်ဆိုင်သည့်အခါ လုံလောက်မှု မရှိကြောင်း၊
-IQ ဆိုသည့် ဉာဏ်ရည် ထက်မြက်မှုနှင့်အတူ EQ ဆိုသည့် စိတ်ခံစားမှုကို ဉာဏ်ရည်သုံးပြီး စီမံမှသာ ဘဝ၏ အောင်မြင်မှုကို ရရှိနိုင်မည်ဖြစ်ကြောင်း၊
-တက်ရောက်လာကြသည့် DAကျောင်းသား/သူများ အားလုံးသည် ရင့်ကျက်နေပြီဖြစ်သည့်အတွက် မိမိဘဝတိုးတက်ရေး ရည်မှန်းချက် စိတ်ကူးယဉ် အိပ်မက်ကို လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်ကြရာတွင် အမှားအမှန်ကို ဝေဖန်ပိုင်းခြားပြီး ဉာဏ်ပညာနဲ့ ဆင်ခြင်သုံးသပ်ကာ မိမိကိုယ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုမည်ဖြစ်ပါကြောင်း၊
-ဝန်ထမ်းများဖြစ်သည့်အတွက် တာဝန်သိစိတ်၊ တာဝန်ယူရဲသည့်စိတ်၊ တာဝန်ခံတတ်သည့် စိတ် ရှိရမည်ဖြစ်ကြောင်း၊
-လူအားလုံးသည် အကောင်း၊ အဆိုးဒွန်တွဲနေသည့်အတွက် မကောင်းသည့် အပြုအမူကို ပြုပြင်ပြောင်းလဲ၍ ကောင်းသည့် အပြုအမူကို အတုယူရမည်ဖြစ်ကြောင်း၊
-လူတစ်ဦးချင်းစီ၏ Mindset ကို အရင်ဆုံး ပြောင်းလဲရန်လိုကြောင်း၊
-DAအောင်မြင်ပြီးလျှင် စာရင်းကျွမ်းကျင်သူ၊ CPAအောင်မြင်ပြီးပါက စာရင်း ပညာရှင်ဖြစ်မည်ဖြစ်၍ အောင်မြင်မှုကို ဆွတ်ခူးနိုင်ရန် ပြင်းပြသည့် ဆန္ဒမွေးမြူရမည်ဖြစ်ကြောင်း၊
-ကိုယ်ကျင့်တရားမှာ ရိုးသားမှုသည် အဓိကဖြစ်၍ ပကတိအရည်အချင်းဖြင့် ရိုးရိုးသားသား ကြိုးကြိုးစားစား စာမေးပွဲဖြေဆိုကြရန် ဖြစ်ကြောင်း၊
-သင်ကြား ပို့ချသည့် ကထိကများ၏ ပို့ချမှုကို ကျေညက် နားလည်သဘောပေါက်ပါက အလွယ်တကူ ဖြေဆိုနိုင်မည်ဖြစ်ကြောင်း၊
-နိဂုံးချုပ်အနေဖြင့် မကြာခင်ဖြေဆိုရမည့် စာမေးပွဲတွင် ရိုးသားကြိုးစား၍ အမှတ်ကောင်းကောင်းနှင့် အောင်မြင်မှုကို ဆွတ်ခူးနိုင်ပါစေကြောင်း၊ ဘဝနှင့်အလုပ်ကို ဟန်ချက်ညီအောင် လုပ်ကိုင်ရင်း ဝန်ထမ်းဘဝ၏ ရှေ့ဆက်သွားရမည့် အနေအထားတွင် အတွေး၊ အပြော၊ အပြုအမူကအစ တစ်ထပ်တည်းကျပြီး မိမိဘဝ အနာဂတ်ကို မိမိကိုယ်တိုင် ဖန်တီးနိုင်သူအဖြစ် လုပ်ငန်းတာဝန်များကို ထူးချွန်ပေါက်မြောက်၊ ပျော်ရွှင်ချမ်းမြေ့စွာ ကျရာကဏ္ဍတွင် ဆောင်ရွက်နိုင်ကြပါစေကြောင်း၊
၄။ သင်တန်းဆင်းပွဲ အခမ်းအနားကို နံနက် ၉:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
အဌမအကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ
