News and Activities
ပြည်ထောင်စုစာရင်းစစ်ချုပ်ဉီးမော်သန်းသည် နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးမှ Director General ဖြစ်သူ Ms. Tora Jarlsby အား ၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက်နေ့၊ နံနက် ၉:၄၅ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ မေ ( ၂၇ ) ရက်
၁။ ၂၀၁၉ ခုနှစ်၊ မေလ ( ၂၄ ) ရက်နေ့ မွန်းလွဲ ၃:၃၀နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် ဦးစီးအရာရှိများမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းတက်ရောက်၍ သင်တန်းဆင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ မေလ (၂၁) ရက်
၁။ ၂၀၁၉ ခုနှစ်၊ မေလ (၂၁ ) ရက်နေ့နံနက် ၉ : ၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ တွင် ဦးစီးအရာရှိများမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းတက်ရောက်၍ သင်တန်းဖွင့်လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ် ၊ မေလ ၃ ရက်
၁။ ၂၀၁၉ ခုနှစ်၊ မေလ ၃ ရက်နေ့ နံနက် (၉:၀၀) နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ မုံရွာစီးပွားရေးတက္ကသိုလ်နှင့် မိတ္ထီလာစီးပွားရေးတက္ကသိုလ်တို့မှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် မဟာတန်းနှင်နောက်ဆုံးနှစ် ကျောင်းသား၊ ကျောင်းသူများ အလုပ်သင် လာရောက်ခြင်းကို ကြိုဆိုသည့်အခမ်းအနားကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။



