News and Activities
Professional Standards Committee (PSC)၊ International organization of Supreme Audit Institutions (INTOSAI) ၏ အောက်တွင် ဖွဲ့စည်းထားသော Financial Audit and Accounting Subcommittee (FAAS) သည် Financial Audit ISSAIs အကောင်အထည်ဖော်နေေသော SAI များ တက်ရောက်နိုင်သည့် Discussion Forum တစ်ခုကို စတင်ဆောင်ရွက်ခဲ့ပါသည်။ SAI များသည် Financial Audit ISSAIs လက်ခံကျင့်သုံးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် မေးခွန်းများကို FAAS သို့ https://www.intosai-faas.org/discussion-forum.html ရှိ Discussion Forum တွင် ဝင
၁။ မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍတွင် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံ (International Financial Reporting Standards - IFRS) နှင့် နိုင်ငံတကာစာရင်းစစ်စံ (International Standards on Auditing - ISA) တို့ကို အကောင်အထည်ဖော် လိုက်နာဆောင်ရွက်နိုင်ရေးအတွက် နောက်ထပ်အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဂျာမန်နည်းပညာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ) တို့သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်၌ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် ဘတ်ဂျက်ရေးရာကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr. Zhu Mingchun ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့၊ နံနက် ၁၁း၂၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

