ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

News and Activities

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု    ဦးစီးဌာနမှ Accounting Supervision Division ၏ Director ဖြစ်သူ Mrs. Sorada Lertharpachit ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် “Role on Strengthening and Supervising Accounting Professions in Myanmar” နှင့်စပ်လျဉ်း၍ လေ့လာဆွေးနွေးရန် အတွက် ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့၊ နံနက် (၉:၃၀)နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသို့ Study Visit လာရောက်ခဲ့ရာ အမြဲတမ်းအတွင်းဝန် ဦးဆောင်သောတာဝန်ရှိသူများမှ လက်ခံတွေ့ဆုံခဲ့ပြီး Accounting Professions အခန်းကဏ္ဍ နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပါသည်။
၁။ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ( ၁၄ ) ရက်နေ့ နံနက်(၁၀း၀၀ )နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် အဆင့်မြင့် / အလယ်အလတ်အဆင့် စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် ( ၉၈ ) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့် လမ်းညွှန် အမှာစကားပြောကြားခဲ့ပါသည်။ ၂။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသား/ သင်တန်းသူ ( ၂၄၄ )ဦး တက်ရောက်ခဲ့ကြပါသည်။
၁။ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ADB မှ Financial Sector Economist ဖြစ်သူ Ms. Sophie Duong Nguyen ဦးဆောင်သော ADB Review Mission အဖွဲ့အား ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်နေ့ နေ့လယ် ၃း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၁။ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (၁၂)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၀ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် ဤရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၂။အဆိုပါ ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲသို့ ပျဉ်းမနားမြို့၊ ဘုရားကြီးကျောင်းတိုက်နှင့် ရတနာ ဘုမ္မိသာရကျောင်းတိုက်များရှိ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံးဝန်ထမ်းများက ဝါဆိုသင်္ကန်းနှင့်တကွ လှူဖွယ်ပစ္စည်းအစုစုတို့ကို ဆပ်ကပ်လှူဒါန်းကြပါသည်။

Pages