ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ASEANSAI Video Conference ကျင်းပခြင်း

ကမ္ဘာတစ်ဝန်းလက်ရှိဖြစ်ပွားနေသော COVID-19 ကပ်ရောဂါ အခြေအနေကြောင့် ASEANSAI Calendar 2020 ပြင်ဆင်ရေးနှင့်စပ်လျဉ်းသည့် ASEANSAI Video Conference ကို ASEANSAI အထွေထွေအတွင်းရေးမှူးရုံးက ဦးဆောင်၍ အဖွဲ့ဝင် (၆) နိုင်ငံမှ ကိုယ်စားလှယ် (၂၈) ဦးတို့ဖြင့်    ၁၂-၆-၂၀၂၀ ရက်နေ့ နံနက် ၈:၃၀ နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် SAI Malaysia ၏ Performance Audit Department မှ ဒုတိယစာရင်းစစ်ချုပ်ဖြစ်သူ Mr. Tuan Haji Khalid Khan bin Abdullah Khan က အဖွင့်အမှာစကားပြောကြားပြီး အစည်းအဝေးကိုအစီအစဉ် (၆) ခုဖြင့် ကျင်းပခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် လက်ရှိဖြစ်ပွားနေသည့် COVID-19 ကပ်ရောဂါကြောင့် ရပ်ဆိုင်းထားရသော ASEANSAI Calendar 2020 ပါ လုပ်ငန်းစဉ်များကို ပြန်လည်ပြင်ဆင်ညှိနှိုင်းရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လတွင် လုပ်ငန်းစဉ်များ စတင်ရေး၊ အကယ်၍ COVID-19 ကပ်ရောဂါ ဆက်လက်ဖြစ်ပွားနေပါက Calendar ပါလုပ်ငန်းစဉ်များကို Webinar ဖြင့်ပြုလုပ်ရေး ၊ Development Partner များဖြစ်ကြသော Swedish National Audit Office ၊ SAI Norway နှင့် INTOSAI Development Initiative တို့က ASEANSAI Calendar 2020 ပါလုပ်ငန်းစဉ်အချို့နှင့် စပ်လျဉ်း၍  Knowledge Sharing Committee ၊ Training Committee တို့ကို ကူညီပံ့ပိုးပေးရေး၊  Executive Committee Meeting နှင့် Knowledge Sharing Committee Biennial Meeting တို့ကို ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလတွင် ပေါင်းစပ်ကျင်းပရေးနှင့် Covid-19 ကပ်ရောဂါကိုတုံ့ပြန်ဆောင် ရွက်မှုအတွေ့အကြုံများအား ASEANSAI အဖွဲ့ဝင်များအချင်းချင်း Online ဖြင့်ဖလှယ်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။

၎င်းအပြင် ASEANSAI ၏ Strategic Planning Committee ဥက္ကဋ္ဌ ဖြစ်သည့် State Audit Office of Vietnam (SAV) ၏ကိုယ်စားလှယ်ကလည်း ASEANSAI Strategic Plan 2020-2025 ရေးဆွဲရေး Action Plan (မူကြမ်း) နှင့် Strategic Plan ကို ရေးဆွဲရာတွင် အထောက်အကူပြုမည့် သတ်မှတ်တာဝန်နှင့်လုပ်ပိုင်ခွင့် (TOR) ရေးဆွဲထားမှု၊ SAV ကတာဝန်ယူ၍ ၂၀၂၀-၂၀၂၁ ကာလ အတွင်း ASEANSAI အဖွဲ့ဝင်များအကြား သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပူးပေါင်းစစ်ဆေးမှုမြှင့်တင် ရေး Action Plan ရေးဆွဲရေး စသည့်ကိစ္စရပ်များကိုဆွေး နွေးခဲ့ပါသည်။

            အဆိုပါအစည်းအဝေးသို့ ASEANSAI ၏ ဒုတိယဥက္ကဋ္ဌဖြစ်သည့် ပြည်ထောင်စုစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။