News and Activities
၁။ နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံး (OAGN) မှ Experts များဖြစ်ကြသည့် Mr. Anders Pilskog နှင့် Ms. Ann-Kristrin Nymo တို့မှဦးဆောင်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ Extractive Industry (EI) Sectorကို Compliance Audit ဆောင်ရွက်မည့်အဖွဲ့နှင့် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့မှ ၂၁ ရက်နေ့ထိ နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ လားရှိုးခရိုင်နှင့် မူဆယ်ခရိုင်အတွင်းရှိ ခရိုင်/ မြို့နယ် စာရင်းစစ်ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန် လိုက်ပါလျက် ၁၁-၆-၂၀၁၉ မှ ၁၄-၆-၂၀၁၉ ထိ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ လားရှိုး ခရိုင်နှင့် မူဆယ်ခရိုင်အတွင်းရှိ ခရိုင်/ မြို့နယ်စာရင်းစစ်ရုံးဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ ဇွန်လ ( ၂၄ ) ရက်
၁။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ( ၂၁ ) ရက်နေ့ မွန်းလွဲ ၃ : ၃၀ နာရီ၌ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် ဦးစီးအရာရှိများမွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းတက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသူ/သင်တန်းသား (၈၃) ဦး တက်ရောက်ခဲ့ကြပါ သည်။
ပြည်ထောင်စုစာရင်းစစ်ချုပ် ဉီးမော်သန်းသည် ကမ္ဘာ့ဘဏ်မှ Public Financial Management Specialist ဖြစ်သူ Mr. Christopher Fabling ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၉) ရက်
၁။ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁၈) ရက်နေ့နံနက် ၉ : ၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် ဦးစီးအရာရှိများမွမ်းမံသင်တန်းအမှတ်စဉ် (၂/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းတက်ရောက်၍ သင်တန်းဖွင့်လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ် ဉီးမော်သန်းသည် ကမ္ဘာ့ဘဏ်မှ Public Financial Management Specialist ဖြစ်သူ Mr. Christopher Fabling ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ်၊ မေလ ၂၈ ရက်နေ့၊ နံနက် ၉:၃၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ ဇွန်လ ( ၈ ) ရက်
၁။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ( ၈ ) ရက်နေ့ နံနက် ၁၁ : ၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊စုပေါင်းခန်းမတွင် လက်ထောက်ညွှန်ကြားရေးမှူးများ မွမ်းမံသင်တန်းအမှတ်စဉ် (၁ / ၂၀၁၉) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။



