ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

News and Activities

၁။       ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အမျိုးသားပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် ဘတ်ဂျက်ရေးရာကော်မရှင် ဒုတိယဥက္ကဋ္ဌ Mr. Zhu Mingchun ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့၊ နံနက် ၁၁း၂၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။        
ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် Deloitte Touche Myanmar Vigour Advisory Limited မှ တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ                                                                                                                             
ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် EU/GOPA မှ Consultant ဖြစ်သူ Mr. Thomas Thomsen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ                                                                                                                               ၁။      ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် EU/GOPA မှ Consultant ဖြစ်သူ Mr. Thomas Thomsen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၉) ရက်နေ့၊ နေ့လယ် ၂း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၁။ ၂၀၁၈ ခုနှစ်၊အောက်တိုဘာလ (၁၉) ရက်နေ့ နေ့လယ် (၁ း ၀၀) နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံး၊စုပေါင်းခန်းမတွင် အဆင့်မြင့်/အလယ်အလတ်အဆင့်စာရင်းကိုင်နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် ( ၉၈ ) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။ ၂။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိက များနှင့် သင်တန်းသူ/သင်တန်းသားများ တက်ရောက်ခဲ့ကြပါသည်။
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ADB မှ Country Director Mr. Newin Sinsiri ဦးဆောင်သော အဖွဲ့အား ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့ နေ့လယ် ၂း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ၂။ ထိုသို့ တွေ့ဆုံရာတွင် ADB မှ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအား ကူညီထောက်ပံ့ ပေးနေသည့် Technical Assistance အခြေအနေ၊ Quality Assurance for Audit နှင့် ADB ငွေကြေးထောက်ပံ့မှုစီမံကိန်းများ စစ်ဆေးရန်အတွက် Outsourcing ပြုလုပ်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။

Pages