News and Activities
၁။ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ADB မှ Financial Sector Economist ဖြစ်သူ Ms. Sophie Duong Nguyen ဦးဆောင်သော ADB Review Mission အဖွဲ့အား ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၅) ရက်နေ့ နေ့လယ် ၃း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၁။ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (၁၂)ကြိမ်မြောက် ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲကို ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၀ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် ဤရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။အဆိုပါ ဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်းပွဲသို့ ပျဉ်းမနားမြို့၊ ဘုရားကြီးကျောင်းတိုက်နှင့် ရတနာ ဘုမ္မိသာရကျောင်းတိုက်များရှိ သံဃာတော် အရှင်သူမြတ်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံးဝန်ထမ်းများက ဝါဆိုသင်္ကန်းနှင့်တကွ လှူဖွယ်ပစ္စည်းအစုစုတို့ကို ဆပ်ကပ်လှူဒါန်းကြပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ၁၈-၇-၂၀၁၈ ရက်နေ့ နံနက် ၉း၀၀ နာရီက ကျင်းပခဲ့ရာပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း တက်ရောက်၍ မဟော်ဂနီပင် စိုက်ပျိုးပေးခဲ့ပါသည်။ ညွှန်ကြားရေးမှူးချုပ်၊ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများကလည်း ကျွန်းပင်၊ ပျဉ်းကတိုးပင်နှင့် မဟော်ဂနီပင် စုစုပေါင်း ၁၀၀ ပင် စိုက်ပျိုးပေးခဲ့ပါသည်။


