ဒီပလိုမာစာရင်းကိုင်စာမေးပွဲတွင် ဖြေဆိုရသည့် ဘာသာရပ်အားလုံး၏ အောင်မှတ်မှာ ၄၀ မှတ် ဖြစ်တယ်။
လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပထမပိုင်း) အမှတ်စဉ် -၄၀ အောင်စာရင်း ထုတ်ပြန်ခြင်း
လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပထမပိုင်း) အမှတ်စဉ် -၄၀ အောင်စာရင်း ထုတ်ပြန်ခြင်း
လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပထမပိုင်း) အမှတ်စဉ် ၄၀ အောင်စာရင်းထုတ်ပြန်ခြင်း
၁။ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ(၁၇)ရက်နေ့ နံနက် ၁၀း၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် အလယ်အလတ်အဆင့်/ အဆင့်မြင့်စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု အမှတ်စဉ် (၉၅) သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ရာ အမြဲတမ်းအတွင်းဝန်/ တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်စန်းဦး တက်ရောက်၍ သင်တန်းဆင်း လမ်းညွှန်အမှာ စကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသား/သူ (၁၉၃)ဦး တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန်/တာဝန်ခံညွှန်ကြားရေးမှူးချုပ်က အောက်ပါ အချက်များကို လမ်းညွှန်မှာကြားခဲ့သည်-
- တက္ကသိုလ်အသီးသီးမှ Basic Knowledge ရရန် ပညာရပ်အသီးသီးကို သင်ကြား ပေးလိုက်ခြင်းဖြစ်ပြီး အခြေခံ၊ အလယ်အလတ်၊ အဆင့်မြင့်သင်တန်းများမှာ Skill ရရန် သင်ကြားပေးခြင်းဖြစ်ကြောင်း၊
- သင်တန်းမှ သင်ကြားပေးလိုက်သည့် ပညာရပ်များကို လက်တွေ့လုပ်ငန်းခွင်တွင် တကယ်အသုံးချမှသာ အကျိုးရှိမည်ဖြစ်ကြောင်း၊
- သင်တန်းကျောင်း၌ ကထိကများအား သီးသန့်ခန့်အပ်ထားခြင်းမရှိဘဲ ကထိကများ သည် ပင်မအလုပ်တွေ မအားလပ်သည့်ကြားမှ လာရောက်သင်ကြားခြင်းဖြစ်၍ ကထိကများ၏ စေတနာအား နားလည်တန်ဖိုးထားရန် လိုအပ်ကြောင်း၊
- သင်တန်းတက်ပြီးပါက ယခင်သိရှိထားသည်များထက် ပိုမိုသိလာပြီး လက်တွေ့ လုပ်ငန်းခွင်တွင် Apply လုပ်ရမည်ဖြစ်ကြောင်း၊
- လက်တွေ့လုပ်ငန်းခွင်တွင် Theory ဆိုသော Frame ကို ကျော်ပြီးလုပ်ဆောင်၍ မရကြောင်း၊ Theory ဆိုသည့် Frame က ထိန်းကွပ်ပေးထားခြင်းဖြစ်၍ Theory ကို လည်း ကျွမ်းကျင်ပိုင်နိုင်ရမည် ဖြစ်ကြောင်း၊
- Theory နှင့် Practical ပေါင်းစပ်အလုပ်လုပ်ရမည်ဖြစ်ကြောင်း၊
- အသိပညာ၊ အတတ်ပညာတွေသည် စက္ကန့်၊ မိနစ်နဲ့အမျှ ပြောင်းလဲနေ၍ ဆက်ပြီး လေ့လာသူသည်သာ ဘွဲ့ရပညာတတ်ဖြစ်၍၊ ဆက်မလေ့လာပါက ဘွဲ့ရပြီး ပညာမတတ်သူတွေ ဖြစ်ကြောင်း၊
- လူတိုင်းသည် ကိုယ့်သမိုင်းကိုယ်ရေးတာဖြစ်ကြောင်း၊ လူတိုင်းမှာ အိမ်မက်ရည်မှန်း ချက်တွေရှိတာဖြစ်၍ ယခုသင်ကြားပေးလိုက်သည်များနှင့် ရပ်တန့်မနေဘဲ အစဉ်အမြဲ လေ့လာနေရမည်ဖြစ်ကြောင်း၊
- အလုပ်မှာ ထူးချွန်သည့်သူကို အထက်လူကြီးကလည်းအားကိုး၊ အောက်လက်ငယ် သားကလည်း လေးစားသည်ဖြစ်၍ အလုပ်လုပ်သည့်နေရာတွင် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသ၍ စိတ်စေတနာဖြင့် အလုပ်လုပ်ရမည်ဖြစ်ကြောင်း၊
- နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးတွေ ပြောင်းလဲလာသည်နှင့်အမျှ နောက်ဆုံး မိမိ တို့၏ Mindset တွေ ပြောင်းလဲရမည်ဖြစ်ကြောင်း၊
- အနာဂတ်သည် မျိုးဆက်သစ်များ၏ လက်ထဲတွင်ရှိကြောင်း၊ ဝန်ထမ်းကောင်းမှ နိုင်ငံ ကောင်းမည်ဖြစ်၍ အားလုံးကြိုးစားကြစေလိုကြောင်း၊
၄။ သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် (၁၀း၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) ၂၀၁၆ ပညာသင်နှစ်အတွက် သင်တန်းသားများခေါ်ယူခြင်း
ဒီပလိုမာစာရင်းကိုင်(ပထမပိုင်း) ၂၀၁၆ ပညာသင်နှစ်အတွက် သင်တန်းသားများခေါ်ယူခြင်း
၁။ ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ(၂၁)ရက်နေ့ နံနက် ၁၀း၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် အခြေခံဌာနတွင်း စာရင်းစစ်လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၁/၂၀၁၅) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ ဒုတိယစာရင်းစစ်ချုပ်ကိုယ်စား အမြဲတမ်း အတွင်းဝန်/တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်စန်းဦး တက်ရောက်၍ သင်တန်းဖွင့် လမ်းညွှန် အမှာစကားပြောကြားခဲ့ပါသည်။
၂။ အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသား/သူ (၁၃၀)ဦး တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန်/ တာဝန်ခံညွှန်ကြားရေးမှူးချုပ်က အောက်ပါ အချက်များကို လမ်းညွှန်မှာကြားခဲ့သည်-
- သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းတွေအလိုက် မည်သည့်နေရာတွင် Control များ လျော့နည်းနေသည်ကို စိစစ်တင်ပြရန် လိုအပ်ကြောင်း၊
- သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများအလိုက် Mission၊ Vision တွေပေါ် မူတည်ပြီး Target တွေ ပေါက်ရောက်အောင်မြင်ရန် ရာထူးအဆင့်ဆင့်တွင်ရှိသည့် ဝန်ထမ်းများ အားလုံး ကိုယ်စွမ်းဉာဏ်စွမ်းရှိသ၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊
- ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ Internal Auditor အဖွဲ့များသည်လည်း ကျကျနန အလုပ်လုပ်ဆောင်ရန် လိုအပ်ကြောင်း၊
- Auditor များသည် ပေါင်းသင်းဆက်ဆံရေးကောင်းရန် လိုအပ်ကြောင်း၊ အပြုသဘော ဆောင်ကြရန်နှင့် အပြစ်ရှာရန် မဟုတ်ကြောင်း၊
- မည်သည့်နေရာတွင် လိုအပ်ချက်များရှိ၍ Control ပိုကောင်းအောင် လုပ်ရမည်ကို ဖော်ထုတ်စစ်ဆေးရမည်ဖြစ်ကြောင်း၊
- စာရင်းစစ်တစ်ယောက်အနေဖြင့် Area ပေါင်းစုံကို စစ်ဆေးရမည်ဖြစ်၍ သိသင့်သိထိုက် သော ပညာရပ်အားလုံးကို တက်ကျွမ်းနားလည်ရန် လိုအပ်ကြောင်း၊
- စာရင်းစစ်များလိုက်နာရမည့် Ethics များကို လိုက်နာရမည်ဖြစ်ကြောင်း၊ Ethics ၏ အဓိကအချက်ဖြစ်သည့် ရိုးသားဖြောင့်မတ်မှုသည် အရေးကြီးဆုံးဖြစ်ကြောင်း၊
- Internal Auditor များသည် မိမိအထက်စီမံခန့်ခွဲသူများကို ကူညီပေးရန်နှင့်၊ ဝန်ကြီး၊ ဒု-ဝန်ကြီး၊ MD၊ DG တွေကိုယ်စား စစ်ဆေးပေးပြီး အစီရင်ခံတင်ပြရသူများ ဖြစ်ကြောင်း၊
- အပ်နှင်းခြင်းခံရသူများသည် ယုံကြည်ကိုးစားပြီး တာဝန်ပေးခံရသူများဖြစ်၍ ယုံကြည်မှု ကို အလွဲသုံးစားမလုပ်ရန် အရေးကြီးကြောင်း၊
- ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဖြစ်၍ ဝန်ထမ်းအားလုံး မိမိနိုင်ငံအတွက် ကြိုးစား အလုပ်လုပ်ရမည်ဖြစ်ကြောင်း၊
၄။ သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် (၁၁း၀၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
ဒီပလိုမာစာရင်းကိုင် (ဒုတိယပိုင်း)အောင်စာရင်းထုတ်ပြန်ခြင်း
