ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု အမှတ်စဉ် (၂၂၄) သင်တန်း သင်တန်းဆင်းပွဲအခမ်းအနား

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

သတင်းထုတ်ပြန်ချက်

၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၇) ရက်

၁။       ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ (၇) ရက်နေ့ နံနက် ၁၀း၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု အမှတ်စဉ် (၂၂၄) သင်တန်း  သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ရာ အမြဲတမ်းအတွင်းဝန် / တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်စန်းဦး တက်ရောက်၍ သင်တန်းဆင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။

၂။       အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ် များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသား/ သင်တန်းသူ (၁၄၈)ဦး တက်ရောက်ခဲ့ကြပါသည်။

၃။       အခမ်းအနားတွင် အမြဲတမ်းအတွင်းဝန်/ တာဝန်ခံညွှန်ကြားရေးမှူးချုပ်က အောက်ပါ အချက်များကို လမ်းညွှန်မှာကြားခဲ့ပါသည်-

  • ဤသင်တန်းတွင် သင်တန်းသား သင်တန်းသူများအား ဆရာဗဟိုပြုလေ့လာသင်ကြား ခြင်း (One way communication) ထက် ကျောင်းသားဗဟိုပြုလေ့လာသင်ကြားခြင်း (Two way communication) ဖြင့် အပြန်အလှန် ဆွေးနွေးလေ့လာပြီး (Critical thinking) များ တိုးတက်လာစေရန် ကြိုးစားစေလိုကြောင်း
  • အစိုးရသစ်လက်ထက်တွင် ဥပဒေအသစ်များ ပြင်ဆင်နေသည့်အလျောက် ပြောင်းလဲ နေသော ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်းများကိုလည်း အမြဲတစေ လေ့လာ နေရန် လိုအပ်ကြောင်း
  • ဝန်ထမ်းများအရည်အသွေး တိုးတက်စေရန် သင်တန်းများစေလွှတ်ရပြီး သင်တန်းပြီးစီး ၍ ဌာနသို့ ပြန်ရောက်သည့်အခါတွင်လည်း သင်တန်းမတက်ခင်ကာလထက် လုပ်ငန်း တာဝန်များကို တိတိကျကျ ပိုမိုဆောင်ရွက်လာနိုင်မည်ဟု မျှော်လင့်ကြောင်း
  • သင်တန်းသား၊ သင်တန်းသူများသည် သင်တန်းမှ ပို့ချခဲ့သည့် ဘာသာရပ်များမှ ရရှိသည့် ဗဟုသုတများကိုလည်း မိမိတို့ လုပ်ငန်းခွင်၌ ထိရောက်စွာ အသုံးချစေလို ကြောင်း
  • ဝန်ထမ်းကောင်းမှနိုင်ငံကောင်းမည် ဖြစ်သောကြောင့် ဝန်ထမ်းကျင့်ဝတ်စည်းကမ်းများ အတိုင်း နေထိုင်သွားရန် လိုအပ်ကြောင်း
  • ဘုရားရှင်ဟောကြားခဲ့သည့် အချက်(၃)ချက်ဖြစ်သော မကောင်းတာမလုပ်ရန်၊ ကောင်းတာလုပ်ရန်၊ မိမိ၏ စိတ်နှလုံးကို ဖြူစင်စွာထားပြီး လောကအကျိုး၊ နိုင်ငံအကျိုး၊ အားလုံးအကျိုးအတွက် အူမတောင့်သည်ဖြစ်စေ၊ မတောင့်သည်ဖြစ်စေ ကိုယ်ကျင့် တရားကို အစွန်းထင်းမခံဘဲ တာဝန်ဝတ္တရား ကျေပွန်စွာ ထမ်းဆောင်ရန် လိုအပ်ကြောင်း
  • နိဂုံးချုပ်အနေဖြင့် မကြာမီတွင် စာမေးပွဲဖြေဆိုတော့မည်ဖြစ်သည့်အတွက် ရိုးရိုး သားသား ကြိုးကြိုးစားစားနှင့် ဖြေဆိုကြပြီး နိုင်ငံ့အကျိုးအတွက် စွမ်းစွမ်းတမံ အလုပ်အကျွေးပြုနိုင်သော နိုင်ငံဝန်ထမ်းကောင်းများ ဖြစ်ကြပါစေကြောင်း။

၄။       သင်တန်းဆင်းပွဲ အခမ်းအနားကို နံနက် (၁၀း၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

နိုင်ငံခြားအဖွဲ့အစည်းများ၊ နိုင်ငံခြားသားများနှင့် စာရင်းလုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်း

နိုင်ငံခြားအဖွဲ့အစည်းများ၊ နိုင်ငံခြားသားများနှင့် စာရင်းလုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်း

 
 
 
နိုင်ငံခြားအဖွဲ့အစည်းများ၊ နိုင်ငံခြားသားများနှင့် စာရင်းလုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်း

နိုင်ငံခြားအဖွဲ့အစည်းများ၊ နိုင်ငံခြားသားများနှင့် စာရင်းလုပ်ငန်းပူးပေါင်းဆောင်ရွက်ခြင်း

 
 
 
ADB မှ ပြုလုပ်မည့် Project အတွက် National Consultant လျှောက်ထားနိုင်ကြောင်း အသိပေးခြင်း

ADB မှ ပြုလုပ်မည့် Enhancing Roles of Supreme Audit Institutions in Selected Association of Southeast Asian Nations Countries Project အတွက် National Consultant လျှောက်ထားနိုင်ကြောင်း အသိပေးခြင်း

 
 
 
လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပထမပိုင်း) သင်တန်း အမှတ်စဉ် (၄၁) သင်တန်းဖွင့်ပွဲ

၁။ ၂၀၁၅ ခုနှစ်၊ မေလ (၂၀)ရက်နေ့ နံနက် ၉း၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ လက်မှတ်ရပြည်သူ့စာရင်းကိုင်(ပထမပိုင်း) သင်တန်း အမှတ်စဉ်(၄၁) သင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပရာ မြန်မာနိုင်ငံစာရင်းကောင်စီ ဒု-ဥက္ကဌ ဦးမျိုးမြင့် တက်ရောက်၍ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့သည်။
၂။ အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများ၊ သင်တန်းသား/သူ (၁၅၂)ဦး တက်ရောက်ခဲ့ပါသည်။
၃။ အခမ်းအနားတွင် မြန်မာနိုင်ငံစာရင်းကောင်စီ ဒု-ဥက္ကဌ ဦးမျိုးမြင့်လမ်းညွှန်အမှာ စကားပြောကြားရာတွင်-

  • ဘာသာရပ်တိုင်းအတွက် ကျောင်းခေါ်ချိန် ၆၀% ပြည့်ရန် အရေးကြီးကြောင်း၊
  • ဌာနတိုင်းဌာနတိုင်းအတွက် CPA ဝန်ထမ်းတွေ ရှိနေခြင်းအားဖြင့် ဌာန၏စာရင်းဆိုင်ရာ လုပ်ငန်းတာဝန်များကို အရည်အသွေး ပြည့်ပြည့်မီမီ လုပ်နိုင်လိမ့်မည် ဖြစ်ကြောင်း၊
  • မိမိတို့သည် သင်တန်းတက်ခွင့်ရရန် ဝင်ခွင့်စာမေးပွဲဖြေခဲ့ရခြင်းဖြစ်၍ ခက်ခက်ခဲခဲ ကြိုးစားထားခဲ့ရခြင်းကြောင့် တန်ဖိုးထားစေလိုကြောင်း၊
  • ဘဝရှေ့ရေးအတွက် Professional လက်မှတ်တစ်ခုရပြီး ကျကျနန အဆင့်အတန်း မြင့်မြင့် လုပ်ကိုင်ရပ်တည်နိုင်ရန် သင်ကြားပေးခြင်းဖြစ်၍ တန်ဖိုးထားစေလိုကြောင်း၊
  • သင်တန်းကြေးနည်းနည်းဖြင့် နိုင်ငံ့ဝန်ထမ်းတွေအတွက် Professional Degree တစ်ခု ရအောင် နိုင်ငံတော်မှ အကုန်ကျခံ မွေးမြူပေးနေခြင်းဖြစ်ကြောင်း၊
  • မည်သည့်အကြောင်းနှင့်မျှ အဆုံးရှုံးမခံနိုင်ဟု ခိုင်မာသည့် သန္နိဌာန်ချထားပြီး ကြိုးစား စေလိုကြောင်း၊
  • ကထိကဆရာ၊ ဆရာမများမှာလည်း မိမိတို့၏ လုပ်ငန်းတာဝန်များ မအားလပ်သည့် ကြားမှ စေတနာထားသင်ကြားပေးခြင်းဖြစ်၍ တန်ဖိုးထားလေးစားစေ လိုကြောင်း၊
  • မိမိတို့တတ်နိုင်သမျှ ကြိုးစားပြီး အခက်အခဲရှိလျှင် ကထိကဆရာ၊ ဆရာမများကို ပွင့်ပွင့်လင်းလင်းနှင့် ယုံကြည်စွာဖြင့် အားကိုးစေချင်ကြောင်း၊
  • ယခုသင်တန်းသည် မိမိဘဝအတွက် အင်မတန်အရေးကြီးသော သင်တန်းဖြစ်ကြောင်း၊
  • သင်တန်းသားအားလုံး ကျန်းကျန်းမာမာနှင့် တက်နိုင်ပါစေ၊ အဟောသိကံမဖြစ်ပါစေ နှင့်၊ စာမေးပွဲတွင်လည်း ထူးချွန်ပြောင်မြောက်စွာ ဖြေဆိုအောင်မြင် နိုင်ကြပါစေ ကြောင်း၊

၄။ အခမ်းအနားကို နံနက်(၁၀း၀၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

ဒီပလိုမာစာရင်းကိုင် (ဒုတိယပိုင်း) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

၁။၂၀၁၅ ခုနှစ်၊ ဇွန်လ (၁) ရက် နံနက် ၀၉း၀၀ နာရီတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၁၅-၂၀၁၆ ပညာသင်နှစ် ဒီပလိုမာစာရင်းကိုင် (ဒုတိယပိုင်း) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့် တက်ရောက်၍ သင်တန်းဖွင့်လမ်းညွှန် အမှာစကားပြောကြားခဲ့ပါသည်။
၂။အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် (စီမံရေးရာ၊ လေ့ကျင့်ရေးနှင့် သုတေသန ဦးစီးဌာန) ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသူ/သား (၉၁)ဦး တက်ရောက်ကြပါသည်။
၃။အခမ်းအနားတွင် ဒုတိယစာရင်းစစ်ချုပ် ဦးမျိုးမြင့်က အောက်ပါအချက်များကို လမ်းညွှန်မှာကြားခဲ့ပါသည် -
- ယခုဖွင့်လှစ်သည့် ဒီပလိုမာစာရင်းကိုင် (ဒုတိယပိုင်း) ၂၀၁၅-၂၀၁၆ သင်တန်းသည် နေပြည်တော်တွင် ဆဌမ အကြိမ်မြောက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းသဘောသဘာဝ၊ သင်တန်းစည်းကမ်းများနှင့် အညီ လိုက်နာသွားရမည်ဖြစ်ကြောင်း၊
- သင်တန်းသူ/သားများမှာ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် တာဝန်သိမှု အသိပညာအရ ရင့်ကျက်မှု ရှိပြီးသား ပုဂ္ဂိုလ်များဖြစ်ကြောင်း၊
- ကျောင်းတက်ချိန်ကာမှာ (၁၀)လဖြစ်၍ ကျောင်းခေါ်ချိန် ၆၀% အား (၅)လ ပြည့်မြောက်သည့်နေ့တွင် ပထမအကြိမ်၊ (၉)လပြည့်မြောက်သည့်နေ့တွင် ဒုတိယအကြိမ် တွက်မည်ဖြစ်ကြောင်း၊ ပထမအကြိမ် ၆၀% မပြည့်ပါက သတိပေးခြင်းဖြစ်၍ ဒုတိယ အကြိမ် ၆၀% မပြည့်ပါက စာမေးပွဲဝင်ရောက်ဖြေဆိုခွင့် ရှိမည်မဟုတ်ကြောင်း၊
- ဘာသာရပ်(၆)ရပ် သင်ကြားပို့ချရမှာဖြစ်ပြီး၊ ဘာသာရပ်အသီးသီးအတွက် မြန်မာနိုင်ငံ စာရင်းကောင်စီ အနေဖြင့် ကိုယ်ပိုင်ကထိက ခန့်ထားခြင်းမရှိဘဲ ဘာသာရပ်အလိုက် ကျွမ်းကျင်သော ကထိကအရာရှိ များက လာရောက်သင်ကြားပေးနေခြင်းဖြစ်ကြောင်း၊ သင်ကြားမည့် Topics ကို ကြိုတင်လေ့လာပြီး လုပ်ငန်းအတွေ့အကြုံများဖြင့် ပေါင်းစပ်သင်ကြားပေးသော ကထိကများ၏ စေတနာကို လေးစားဖို့ လိုအပ်ကြောင်း၊
- ဒီပလိုမာစာရင်းကိုင် သင်တန်းအောင်မြင်ပြီးပါက ဘဝအတွက် တက်လမ်းကို အများကြီး အထောက် အကူဖြစ်မည်ဖြစ်ကြောင်း၊ CPA သင်တန်း ဆက်လက်တက်ရောက်ခွင့်ရရန် ကြိုးစားစေလိုကြောင်း သင်တန်းသူ/သင်တန်းသား အားလုံး သင်တန်းပြီးဆုံးသည်အထိ တက်ရောက်နိုင်ပြီး ရာနှုန်းပြည့် အောင်မြင်နိုင်ကြပါစေဟု ဆန္ဒပြုကြောင်း၊
၄။ သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် ၉း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

Myanmar Financial Reportin Standards of Small and Medium-sized Entities (SMEs)

Myanmar Financial Reportin Standards of Small and Medium-sized Entities (SMEs)

Myanmar Standards on Auditing (13.2.2009)

Myanmar Standards on Auditing (13.2.2009)

Pages

Subscribe to Front page feed