ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

စာရင်းစစ်(၃)များလုပ်ငန်းခွင်ကျွမ်းကျင်မှု အမှတ်စဉ် (၄၄)သင်တန်း သင်တန်းဆင်းပွဲအခမ်းအနား

၁။ ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ စာရင်းစစ်(၃)များလုပ်ငန်းခွင်ကျွမ်းကျင်မှု အမှတ်စဉ် (၄၄)သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်း ဆင်းအမှာစကားပြောကြားခဲ့ပါသည်။

၂။ အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများ၊ သင်တန်းသား/သူ ( ၁၁၄ ) ဦး တက်ရောက်ခဲ့ပါသည်။

၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်မှ -

  • စာရင်းနှင့်စာရင်းစစ်ပညာမြင့်မားတိုးတက်ရန်အတွက် ဖွင့်လှစ်ပို့ချပေးခြင်း ဖြစ်ကြောင်း
  • လက်တွေ့လုပ်ငန်းခွင်လုပ်ဆောင်ရာမှာ Basic Unit များ ဖြစ်ကြသော စာရင်းစစ် (၃) များ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးလိုခြင်း ဖြစ်ကြောင်း
  • လုပ်ငန်းဆိုင်ရာ ဗဟုသုတများ၊ စာရင်းစစ်ဆေးခြင်းဆိုင်ရာ အတတ်ပညာများ ပို၍ ကျွမ်းကျင် လာစေလိုကြောင်း
  • စာရင်းစစ်  ကျင့်ဝတ်သိက္ခာများကို နားလည်စောင့်ထိန်းနိုင်သော ဝန်ထမ်းကာင်းများပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း
  • စာရင်းစစ်ဆေးခြင်း၏   ရည်ရွယ်ချက်မှာ    လုပ်ငန်းဌာနအဖွဲ့အစည်းများ၏ ရငွေ၊ ပေးငွေစာရင်းများသည် မှန်ကန်စွာရေးသွင်းပြုစုထားခြင်းရှိမရှိ စစ်ဆေးခြင်းအပြင် ဘဏ္ဍာရေးရှင်းတမ်းများဖြစ်သော Statement of Financial Position, Income Statement, Cash Flow Statement, Changes in Equity နှင့် Disclosures များကို သိရှိနားလည်ထားရန်လိုကြောင်း
  •  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် Supreme Audit Institution အဖွဲ့ဝင်ဖြစ်သည့်အတွက် Financial Statement ဖြစ်သော ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း အပြင် Compliance Audit (ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ) လိုက်နာမှုရှိမရှိစစ်ဆေးခြင်း၊ Performance Audit (လုပ်ငန်းဆောင်ရွက်ချက်များ) စစ်ဆေးခြင်းတို့ကို ပါ ဆောင်ရွက်ရန်လိုအပ်ကြောင်း
  • သင်တန်းမှပို့ချခဲ့သော အသိပညာ၊ အတတ်ပညာများအပြင် ပြောင်းလဲလျက် ရှိသော စာရင်းကိုင်စံ၊ စာရင်းစစ်စံများ၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို စဉ်ဆက်မပြတ် လေ့လာရန်လိုအပ်ကြောင်း
  • ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့်အတွက် Age of Knowledge သာမက Idea ခေတ်၊ Age of Idea ပါ ဖြစ်လာသည့်အတွက် တွေးခေါ်မြော်မြင်မှုတွေ တစ်ဆင့်ထက် တစ်ဆင့် မြင့်မားသထက်မြင့်မားရန် ကြိုးစားသင့်ကြောင်း
  • နိဂုံးချုပ်အားဖြင့် နိုင်ငံနှင့်ပြည်သူ့အကျိုးကို သမာဓိရှိစွာ အဂတိလိုက်စားမှု မရှိဘဲ ဖြောင့်ဖြောင့်မတ်မတ် သိက္ခာပြည့်ဝစွာဖြင့် မိမိတို့၏လုပ်ငန်းများကို တိုးတက်အောင်မြင်စွာ ထမ်းဆောင်နိုင်ပါစေကြောင်း စသည်ဖြင့် လမ်းညွှန် မှာကြားခဲ့ပါသည်။

၄။ အခမ်းအနားကို နံနက်(၁၀း၃၀)နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။

လက်မှတ်ရပြည်သူ့စာရင်းကိုင် (ဒုတိယပိုင်း)သင်တန်း အမှတ်စဉ် (၄၀) စာမေးပွဲအချိန်စာရင်းပြင်ဆင်ထုတ်ပြန်ခြင်း

 
 
 
လက်မှတ်ရပြည်သူ့စာရင်းကိုင် (ဒုတိယပိုင်း)သင်တန်း အမှတ်စဉ် (၄၀) စာမေးပွဲအချိန်စာရင်းပြင်ဆင်ထုတ်ပြန်ခြင်း

 
 
 
ပြည်သူ့လွှတ်တော် အစည်းအဝေးမှ
အစိုးရသစ်၏ ပထမရက်(၁၀၀) ကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲ
ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်များ လုပ်ငန်းညှိနှိုင်းဆွေးနွေး
ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် World Bank မှ Senior Financial Management Specialist ဖြစ်သူ Mr. Christopher Robert Fabling ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

၁။ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းသည် World Bank မှ Senior Financial Management Specialist ဖြစ်သူ Mr. Christopher Robert Fabling ဦးဆောင်သော အဖွဲ့အား ၂၀၁၆ခုနှစ် သြဂုတ်လ (၁၆) ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး အစည်းအဝေး ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။

၂။ ထိုသို့တွေ့ဆုံရာတွင် ROSC A & A Report နှင့်စပ်လျဉ်း၍ ကနဦးတွေ့ရှိချက်များ၊ အကြံပြုချက်များ၊ မြန်မာနိုင်ငံ၏ Public Sector Accounting Reforms အတွက် ကမ္ဘာဘဏ်မှ ကူညီထောက်ပံ့ပေးမည့်ကိစ္စရပ်များ နှင့် World Bank Project များအား စစ်ဆေးရာတွင် သတိပြု ထည့်သွင်း စဉ်းစားရမည့်အချက်များကို ဆွေးနွေးခဲ့ပါသည်။

၃။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) နှင်‌့တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

The Auditor General of the Union received the delegation led by Mr. Christopher Robert Fabling, Senior Financial Management Specialist from World Bank

1. U Maw Than, the Auditor General of the Union received the delegation led by Mr. Christopher Robert Fabling, Senior Financial Management Specialist, World Bank at the office of the Auditor General of the Union, Nay Pyi Taw at (10:00) a.m. on the 16th August, 2016.

2. In the meeting, they discussed about the preliminary findings and recommendations on ROSC A & A Report, the support of world bank in the field of Public Sector Accounting Reforms in Myanmar and the factors that should be considered in the audits of world bank projects.

3. At the meeting, the Director General (Audit Department) and the responsible officers from the Office of the Auditor General of the Union were also present.

လက်မှတ်ရပြည်သူ့စာရင်းကိုင်များအဖြစ် မှတ်ပုံတင်ရန် အရည်အချင်းစစ်စာမေးပွဲ အောင်စာရင်းထုတ်ပြန်ကြေငြာခြင်း

လက်မှတ်ရပြည်သူ့စာရင်းကိုင်များအဖြစ် မှတ်ပုံတင်ရန် အရည်အချင်းစစ်စာမေးပွဲ အောင်စာရင်းထုတ်ပြန်ကြေငြာခြင်း

 
 
 
ADS စာအုပ် မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာ ပြန်ဆိုထားမှုအား Download ချရန်

ADS စာအုပ် မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာ ပြန်ဆိုထားမှုအား Download ချရန်

 
 
 

Pages

Subscribe to Front page feed