ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ စာရင်းစစ်ဆေးခြင်းလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရန် နော်ဝေနိုင်ငံ စာရင်းစစ်ချုပ်ရုံးနှင့် ပူးပေါင်း၍ Petroleum ကဏ္ဍ စာရင်းစစ်ဆေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်၌ ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့မှ ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
အလုပ်ရုံဆွေးနွေးပွဲတွင် နော်ဝေစာရင်းစစ်ချုပ်ရုံး၏ Resources Persons များက Petroleum Sector Value Chains (၇)ဆင့်ဖြစ်သည့် ဥပဒေမူဘောင်၊ Survey ကောက်ယူခြင်း နှင့် သတင်းအချက်အလက်များစီမံခန့်ခွဲခြင်း၊ လုပ်ငန်းသဘောတူစာချုပ်ချုပ်ဆိုခြင်း နှင့် လိုင်စင်ခွင့်ပြုခြင်း၊ လုပ်ငန်းကို စောင့်ကြည့်စစ်ဆေးခြင်း၊ အခွန်ကောက်ခံခြင်း၊ အခွန်စီမံခန့်ခွဲခြင်းနှင့် ခွဲဝေသုံးစွဲခြင်း၊ မူဝါဒများစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေစေရေးအတွက် အကောင် အထည် ဖော် ဆောင်ရွက်ခြင်းများအကြောင်း၊ ရေနံတူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းမှ ဝင်ငွေကောက်ခံမှုနည်း စနစ်၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် အဓိက ပါဝင်ပတ်သက်သူ (Stakeholder)များ၏ အခန်း ကဏ္ဍနှင့်တာဝန်ရှိမှုများ၊ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် သဘောတူစာချုပ်ဆိုင်ရာ ကိစ္စရပ်များ၊ အန္တရာယ် နယ်ပယ်ဆိုင်ရာ ဆန်းစစ်မှုစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပါသည်။
အလုပ်ရုံဆွေးနွေးပွဲ ကျင်းပခြင်းအားဖြင့် Risk-Based Approach ဖြင့် စစ်ဆေးဆောင်ရွက် ရာတွင် ပို၍အလေးဂရုပြုရမည့် နယ်ပယ်များ၊ လုပ်ဆောင်ချက်များ၊ Audit Tools အဖြစ် အသုံး ပြုနိုင်မည့် သတင်းရင်းမြစ်များကို သိရှိလာရပြီး လက်တွေ့စစ်ဆေးရာတွင် အထောက်အကူ ဖြစ် စေပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နှင့် နေပြည်တော်စာရင်းစစ်ရုံးတို့မှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း(၄၁)ဦး တက်ရောက်ခဲ့ပြီး နော်ဝေနိုင်ငံ စာရင်းစစ်ချုပ်ရုံး၏ Resources Persons များနှင့် လုပ်ငန်းအတွေ့အကြုံများ၊ ဗဟုသုတများ အပြန်အလှန် ဖလှယ်ခြင်း၊ မေးခွန်းများ မေးမြန်း/ ဖြေကြားခြင်း နှင့် ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။ နည်းပညာများ မျှဝေပေးခဲ့သည့် နော်ဝေစာရင်းစစ်ချုပ်ရုံး၏ Resources Persons များအား စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကာ ၂၉-၉-၂၀၁၆ ရက် နေ့တွင် အလုပ်ရုံ ဆွေးနွေးပွဲ အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။
၁။ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ(၇)ရက်နေ့ နံနက် ၁၀း၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်း ကျွမ်းကျင်မှု အမှတ်စဉ်(၂၂၆)သင်တန်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ ခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာ စကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန)၊ ဒုတိယ ညွန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသား/သင်တန်းသူ (၁၄၃ ) ဦး တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအချက်များကို လမ်းညွှန် မှာကြားခဲ့ပါသည်-
- သင်တန်းသားများအနေဖြင့် သင်တန်းကိုပြီးဆုံးအောင်တက်ရောက်ခဲ့သည့်အတွက် ချီးကျုး စကားပြောကြားချင်သလို စာမေးပွဲကိုလည်း အောင်မြင်စွာဖြေဆိုနိုင်လိမ့်မယ်လို့ ကြိုတင် ချီးကျုးစကားပြောကြားလိုကြောင်း၊
- မိမိတို့၏ဌာနတွင် တာဝန်ထမ်းဆောင်သည့်အခါ သင်တန်းကပို့ချပေးလိုက်သည့် စာတွေ့ ဗဟုသုတ အသိပညာများကို သက်ဆိုင်ရာကဏ္ဍများအလိုက် လက်တွေ့အသုံးချနိုင်လိမ့် မည်ဟု မျှော်လင့်ကြောင်း၊ လက်တွေ့အသုံးချနိုင်အောင် ကြိုးစားရန်အတွက်လည်း တိုက်တွန်းပြောကြားလိုကြောင်း၊
- သင်တန်းများပြီးဆုံးအောင်မြင်မှသာ ရာထူးတိုးမြှင့်မည်ဖြစ်သောကြောင့် မိမိတို့ရာထူး တိုးမြှင့်ရေးကို အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် လာတက်ကြတဲ့သူပဲဖြစ်ဖြစ်၊ ဌာနမှ တာဝန်ပေးစေလွှတ်သောကြောင့် တာဝန်အရလာတက်ကြတဲ့သူပဲဖြစ်ဖြစ် အချိန် ကုန် ငွေကုန်ခံပြီး သင်တန်းကိုလာတက်ကြရကြောင်း၊ ထို့ကြောင့်မိမိတို့အတွက်လည်း အကျိုးရှိ၊ ဌာနအတွက်လည်း အကျိုးရှိ၊ နိုင်ငံအတွက်လည်း အကျိုးရှိအောင် သင်ကြားပေးသည့် ပညာရပ်များကို လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချစေလိုကြောင်း၊ သို့မှသာလျှင် လုပ်အားဆုံးရှုံးခံပြီး သင်တန်းစေလွှတ်ပေးသည့် မိခင်ဌာနများအနေဖြင့် ရည်မှန်းချက်များလည်း ပြည့်ဝနိုင်သလို နိုင်ငံအတွက်လည်း အကျိုးဖြစ်ထွန်း နိုင်မည် ဖြစ်ကြောင်း၊
- သင်တန်းပြီးဆုံးအောင်မြင်ပြီး နောက်ပိုင်းတွင်လည်း သင်တန်းကပို့ချပေးလိုက်သည့် ဘာသာရပ်များအားလုံးကို စဉ်ဆက်မပြတ်လေ့လာဆည်းပူးပြီး လုပ်ငန်းများဆောင်ရွက်ရာ တွင် စည်းမျဉ်းစည်းကမ်းများနှင့်အညီဆောင်ရွက်တတ်အောင် မိမိကိုယ်မိမိ ပြုစုပျိုးထောင် ကြရန်လိုအပ်ကြောင်း၊
- ဘဏ္ဍာရေးစည်းမျဉ်းမှ ပို့ချပေးလိုက်သည့် ငွေကြေးဆောင်ရွက်မှုဆိုင်ရာပြဋ္ဌာန်းချက်များ၊ ဘဏ္ဍာရေးကျင့်စဉ်ကြီးများ စသည့်စည်းမျဉ်းများကို လက်တွေ့လုပ်ငန်းခွင်နယ်ပယ်တွင် လက်တွေ့အသုံးချပြီးအသုံးစရိတ်များသုံးစွဲသည့်အခါ စည်းမျဉ်းစည်းကမ်းနှင့်မကိုက်ညီမှု များတွေ့ရှိခဲ့လျှင်လည်း တည့်မတ်ပြင်ဆင်ပေးကြပါရန် အထူးမှာကြားလိုကြောင်း၊
- အခြေခံစာရင်းပညာနှင့်ဦးစီးဌာနပညာ ဘာသာရပ်ဆိုင်ရာ ဗဟုသုတများကို မိမိတာဝန်ယူ ပြုစုရသည့် စာရင်းဇယားကိန်းဂဏန်းများကို အမှားအယွင်းကင်းရှင်းပြီး တိကျမှန်ကန်ပြည့်စုံသည့် ကိန်းဂဏန်းများ ပေါ်ထွက်လာအောင် စာရင်းပြုစု ပေးကြရန် တိုက်တွန်း မှာကြားလိုကြောင်း၊ စတိုပစ္စည်းစာရင်းထားနည်း ဘာသာရပ်မှ သင်ကြားပေးလိုက်သည့် စာတွေ့ ဗဟုသုတများကို အခြေခံပြီး မိမိတို့တာဝန်ယူရသည့် ဌာနအဖွဲ့အစည်းများ၏ လုပ်ငန်းစဉ်များတွင် မှန်မှန်ကန်ကန် စနစ်တကျ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်၏ ပျက်စီးဆုံးရှုံးမှုများကို အတိုင်းအတာ တစ်ခုအထိ ကာကွယ်နိုင်အောင် လက်တွေ့လိုက်နာကျင့်သုံး ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊
- စာမေးပွဲကျင်းပမှုစနစ်နှင့်ပတ်သက်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဖွင့်လှစ်သည့် သင်တန်းအားလုံးတွင် ကထိကနှင့်စာစစ်မှူးကို သီးခြားစီထားရှိကြောင်း၊ စာမေးပွဲကို သင်တန်းဆင်းအရည်အချင်း သတ်မှတ်ချက်အဆင့်အဖြစ် ထုတ်ပြန်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများကို ပေးပို့သွားမည်ဖြစ်ကြောင်း၊ သင်တန်းစာမေးပွဲကို တစ်ကြိမ်သာ ဖြေဆို ခွင့်ရှိသလို အခွင့်အရေးရရှိခိုက် ကြိုးစားကြရန် ပြောကြားလိုကြောင်း၊
- နိဂုံးချုပ်အနေဖြင့် သင်တန်းသူ / သင်တန်းသားများအားလုံး စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ပြီး နောက်တစ်ဆင့်သင်တန်းများဖြစ်သည့် အလယ်အလတ်အဆင့်/ အဆင့်မြင့် စာရင်းကိုင်သင်တန်းများကိုလည်း တက်ရောက်နိုင်ကြပြီး မိမိတို့သည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်တာနှင့်အညီ ဝန်ထမ်းများ စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများကို အလေးထားလိုက်နာကြရန်လိုအပ်သလို သင်တန်းစည်းမျဉ်း၊ စည်းကမ်းများကိုလည်း တိတိကျကျ လိုက်နာစောင့်ထိန်းကြပြီး နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးကို ဆထက်ထမ်းပိုးတိုး ပြီး ဆောင်ရွက်နိုင်သည့် ဝန်ထမ်းကောင်းများ ဖြစ်ကြပါစေကြောင်း၊
၄။ သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် ၁၀း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

1. U Maw Than, the Auditor General of the Union received the delegation led by Mr. Rob Taliercio, Manager, East Asia Region, Governance Practice, World Bank at the Office of the Auditor General of the Union, Nay Pyi Taw at 2:00 P.M on the 20th September, 2016.
2. In the meeting, they discussed about the implementation of Component D2 for Public Finance Management project and the possible new initiatives going forward including the proposed accounting reforms which is the implementation of International Public Sector Accounting Standards (IPSASs) that the OAG has proposed.
3. At the meeting, the Director General (Audit Department) and the responsible officers from the Office of the Auditor General of the Union were also present.
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် World Bank မှ Governance Practice ဆိုင်ရာ အရှေ့အာရှဒေသမန်နေဂျာဖြစ်သူ Mr Rob Taliercio ဦးဆောင်သောအဖွဲ့အား ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့ နေ့လယ် ၂း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၂။ ထိုသို့တွေ့ဆုံရာတွင် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှု ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း နှင့်စပ်လျဉ်း၍ ဤရုံးမှ Component D2 ကို အကောင်အထည် ဖော်ဆောင်ရွက်နေမှု အခြေအနေ၊ ယင်းစီမံကိန်းအရ ဆောင်ရွက်ရန် အဆိုပြုထားသည့် စာရင်းပိုင်း ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုုဖြစ်သည့် IPSASs အကောင်အထည်ဖော်ရေး အပါအဝင် ရှေ့ဆက်လက် ဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
၃။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
1. U Maw Than, the Auditor General of the Union received the delegation led by Dr. George Dura, Deputy Head of Cooperation from European Union (EU) at the office of the Auditor General of the Union, Nay Pyi Taw at 11:00 A.M on the 20th September , 2016.
2. In the meeting, they discussed about the proposed Budget Support indicator on External Audit for the detailed discussion on the preparation of the Democratic Transition Contract, and the Twinning program between OAG and UK National Audit Office.
3. At the meeting, the Director General (Audit Department) and responsible officials from the office of the Auditor General of the Union were also present.
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ဥရောပသမဂ္ဂ (EU) မှ Deputy Head of Cooperation ဖြစ်သူ Dr. George Dura ဦးဆောင်သောအဖွဲ့အား ၂၀၁၆ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၁း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၂။ ထိုသို့တွေ့ဆုံရာတွင် EU နှင့် မြန်မာနိုင်ငံအစိုးရတို့အကြား ချုပ်ဆိုရန် ပြုစုရေးဆွဲလျက် ရှိသည့် ဒီမိုကရေစီအသွင်ကူးပြောင်းမှုသဘောတူညီချက်စာချုပ်အရ ပြင်ပစာရင်းစစ်လုပ်ငန်း အပေါ် အဆိုပြုထားသည့် ဘတ်ဂျက်အကူအညီပေးရေး အညွှန်းကိန်းဆိုင်ရာကိစ္စရပ်၊ UK National Audit Office နှင့် Twinning Program ပြုလုပ်ရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြပါသည်။
၃။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
၁။ ၂၀၁၆ခုနှစ်၊ စက်တင်ဘာလ(၈)ရက်နေ့ နံနက်(၁၀း၀၀)နာရီတွင် ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ စာရင်းစစ်(၃)များလုပ်ငန်းခွင်ကျွမ်းကျင်မှု အမှတ်စဉ် (၄၄)သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်း ဆင်းအမှာစကားပြောကြားခဲ့ပါသည်။
၂။ အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများ၊ သင်တန်းသား/သူ ( ၁၁၄ ) ဦး တက်ရောက်ခဲ့ပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်မှ -
- စာရင်းနှင့်စာရင်းစစ်ပညာမြင့်မားတိုးတက်ရန်အတွက် ဖွင့်လှစ်ပို့ချပေးခြင်း ဖြစ်ကြောင်း
- လက်တွေ့လုပ်ငန်းခွင်လုပ်ဆောင်ရာမှာ Basic Unit များ ဖြစ်ကြသော စာရင်းစစ် (၃) များ၏ လုပ်ငန်းစွမ်းဆောင်ရည်ကို မြှင့်တင်ပေးလိုခြင်း ဖြစ်ကြောင်း
- လုပ်ငန်းဆိုင်ရာ ဗဟုသုတများ၊ စာရင်းစစ်ဆေးခြင်းဆိုင်ရာ အတတ်ပညာများ ပို၍ ကျွမ်းကျင် လာစေလိုကြောင်း
- စာရင်းစစ် ကျင့်ဝတ်သိက္ခာများကို နားလည်စောင့်ထိန်းနိုင်သော ဝန်ထမ်းကာင်းများပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း
- စာရင်းစစ်ဆေးခြင်း၏ ရည်ရွယ်ချက်မှာ လုပ်ငန်းဌာနအဖွဲ့အစည်းများ၏ ရငွေ၊ ပေးငွေစာရင်းများသည် မှန်ကန်စွာရေးသွင်းပြုစုထားခြင်းရှိမရှိ စစ်ဆေးခြင်းအပြင် ဘဏ္ဍာရေးရှင်းတမ်းများဖြစ်သော Statement of Financial Position, Income Statement, Cash Flow Statement, Changes in Equity နှင့် Disclosures များကို သိရှိနားလည်ထားရန်လိုကြောင်း
- ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် Supreme Audit Institution အဖွဲ့ဝင်ဖြစ်သည့်အတွက် Financial Statement ဖြစ်သော ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း အပြင် Compliance Audit (ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများ) လိုက်နာမှုရှိမရှိစစ်ဆေးခြင်း၊ Performance Audit (လုပ်ငန်းဆောင်ရွက်ချက်များ) စစ်ဆေးခြင်းတို့ကို ပါ ဆောင်ရွက်ရန်လိုအပ်ကြောင်း
- သင်တန်းမှပို့ချခဲ့သော အသိပညာ၊ အတတ်ပညာများအပြင် ပြောင်းလဲလျက် ရှိသော စာရင်းကိုင်စံ၊ စာရင်းစစ်စံများ၊ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများကို စဉ်ဆက်မပြတ် လေ့လာရန်လိုအပ်ကြောင်း
- ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့်အတွက် Age of Knowledge သာမက Idea ခေတ်၊ Age of Idea ပါ ဖြစ်လာသည့်အတွက် တွေးခေါ်မြော်မြင်မှုတွေ တစ်ဆင့်ထက် တစ်ဆင့် မြင့်မားသထက်မြင့်မားရန် ကြိုးစားသင့်ကြောင်း
- နိဂုံးချုပ်အားဖြင့် နိုင်ငံနှင့်ပြည်သူ့အကျိုးကို သမာဓိရှိစွာ အဂတိလိုက်စားမှု မရှိဘဲ ဖြောင့်ဖြောင့်မတ်မတ် သိက္ခာပြည့်ဝစွာဖြင့် မိမိတို့၏လုပ်ငန်းများကို တိုးတက်အောင်မြင်စွာ ထမ်းဆောင်နိုင်ပါစေကြောင်း စသည်ဖြင့် လမ်းညွှန် မှာကြားခဲ့ပါသည်။
၄။ အခမ်းအနားကို နံနက်(၁၀း၃၀)နာရီတွင်ရုပ်သိမ်းခဲ့ပါသည်။