ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ၂၀၂၀ ပြည့်နှစ် (၇၂) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ၅-၁-၂၀၂၀ ရက်နေ့ နံနက် ၉:၀၀ နာရီတွင် အောက်ပါအားကစားပြိုင်ပွဲ (၉) မျိုးအား ဤရုံးရှေ့ ယာဉ်ရပ်နားကွင်း (၂) နေရာတွင် ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ပါဝင်ဆင်နွှဲခဲ့ပါသည်။
(က) မုန့်စားပြိုင်ပွဲ
(ခ) အာလူးကောက်ပြိုင်ပွဲ
(ဂ) ဂုန်နီအိတ်စွပ်ပြိုင်ပွဲ
(ဃ) မီတာ-၅၀ အပြေးပြိုင်ပွဲ
(င) မီတာ-၁၀၀ အပြေးပြိုင်ပွဲ
(စ) မီတာ-၁၀၀ ဇကောရွက်အပြေးပြိုင်ပွဲ
(ဆ) ထုပ်ဆီးတိုးပြုင်ပွဲ
(ဇ) ပိုက်ကျော်ခြင်းပြိုင်ပွဲ
အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်သည့်နေရာသို့ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ အပါအဝင် စုစုပေါင်း ဝန်ထမ်းအင်အား (၂၀၀)နှင့် ဝန်ထမ်းမိသားစုများ တက်ရောက်ကြည့်ရှုအားပေးခဲ့ပါသည်။


























