ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဂတိလိုက်စားမှုတားဆီးကွယ်ရေး ဟောပြောပွဲများ ကျင်းပပြီးစီးခြင်း

၁။      ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဝန်ထမ်းများ အဂတိလိုက်စားမှုမှ တားဆီးကာကွယ်နိုင်ရေးအတွက် ဉပဒေ၊ နည်းဉပဒေ၊ ညွှန်ကြားချက်၊ ကျင့်ဝတ်သိက္ခာများနှင့်အညီ လိုက်နာကျင့်သုံးနိုင်ရေးအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် ဟောပြောပွဲများကျင်းပခဲ့ရာ ၃၁-၁-၂၀၂၀ ရက်နေ့တွင် စစ်ဆေးရေးဌာနခွဲ (၄) ခုမှ ဝန်ထမ်း ၂၁၁ ဦး၊       ၁၀-၂-၂၀၂၀ ရက်နေ့တွင် စီမံရေးရာဌာနခွဲ၊ ကွန်ပျူတာဌာနခွဲ၊ သင်တန်းကျောင်းနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံး (နေပြည်တော်) မှ ဝန်ထမ်း ၁၄၈ ဦး၊ ၁၄-၂-၂၀၂၀ ရက်နေ့တွင် စစ်ဆေးရေး ဌာနခွဲ (၄)  ခုမှ  ရုံးအဖွဲ့မှ ဝန်ထမ်း ၁၇၆ ဦး တက်ရောက်ခဲ့ကြပါသည်။

၂။       ထို့အတူ ပြည်ထောင်စုနယ်မြေအတွင်းရှိ နေပြည်တော်စာရင်းစစ်ရုံးတွင် ၃၁-၁-၂၀၂၀ ရက်နေ့တွင် ဝန်ထမ်း ၂၁ ဦးဖြင့် လည်းကောင်း၊ ဉတ္တရခရိုင် စာရင်းစစ်ရုံးတွင် ဉတ္တရခရိုင်၊ ဉတ္တရသီရိ ၊ ပုဗ္ဗသီရိစာရင်းစစ်ရုံးများမှ ဝန်ထမ်း ၁၉ ဦး တို့ဖြင့် လည်းကောင်း၊ ဒဏ္ခိဏခရိုင်နှင့် ဒဏ္ခိဏသီရိစာရင်းစစ်ရုံးများတွင် ဝန်ထမ်း ၁၂ ဦးဖြင့် လည်းကောင်း၊ ဇေယျသီရိမြို့နယ် စာရင်းစစ်ရုံးတွင် ဝန်ထမ်း ၅ ဦး ဖြင့်လည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ်စာရင်းစစ်ရုံးတွင် ဝန်ထမ်း ၈ ဦး ဖြင့်လည်းကောင်း၊ တပ်ကုန်းမြို့နယ် စာရင်းစစ်ရုံးတွင် ဝန်ထမ်း ၉ ဦး ဖြင့်လည်းကောင်း၊ လယ်ဝေးမြို့နယ် စာရင်းစစ်ရုံးတွင် ဝန်ထမ်း ၁၃ ဦးဖြင့်လည်းကောင်း၊ ပျဉ်းမနားမြို့နယ် စာရင်းစစ်ရုံးတွင် ဝန်ထမ်း ၁၄ ဦးတို့ဖြင့်လည်းကောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဆွေးနွေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ကြပါသည်။

၃။   ဟောပြောဆွေးနွေးပွဲများတွင် အဂတိလိုက်စားခြင်း၏ အဓိပ္ပါယ်ဖွင့်ဆိုမှု အဂတိ လိုက်စားမှု အကြောင်းအရာနှင့် အတွေးအခေါ်ပြောင်းလဲခြင်းဆိုင်ရာ အချက်များ ဝန်ထမ်းများ ရိုးသားမှုနှင့် ကျင့်ဝတ်သိက္ခာတို့ကို ပေါင်းစပ်ကျင့်သုံးလိုက်နာဆောင်ရွက်ကြရန် နိုင်ငံ့ဝန်ထမ်းဉပဒေ၊ နည်းဉပဒေများပါ ကျင့်ဝတ်သိက္ခာဆိုင်ရာ စောင့်ထိန်းရမည့် အချက်များကို လေးစား လိုက်နာကြရန်၊ ရှောင်ကျဉ်ရမည့် ကျင့်ဝတ်သိက္ခာများကို တိကျစွာလိုက်နာဆောင်ရွက်ရန် အချက်များနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့မှ ဖြန့်ဝေခဲ့သော ပညာပေးလက်ကမ်းစာစောင် အမှတ်(၁) ပါအချက်များအား ရှင်းလင်းပြောကြား ဆွေးနွေးကြပါသည်။