ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

News and Activities

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး သတင်းထုတ်ပြန်ချက် ၂၀၂၀ ပြည့်နှစ် ၊ မတ် လ ၁၆ ရက် ၁။        ၂၀၂၀ ပြည့်နှစ် ၊ မတ်လ ၁၆ ရက်နေ့ နံနက် ၁၀ : ၀၀ နာရီ အချိန်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ စာရင်းစစ် - ၃ များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် - ၅၀ သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဆင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၁။        နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံး (OAGN) မှ အကြံပေးပုဂ္ဂိုလ်များဖြစ်ကြသည့် Ms. Oda Krogh Laeret ၊ Ms. Hege Maaso ၊ Mr. Haakon Haugevik Jernsletten ၊ Mr.Felix Paul Rober နှင့် Mr. Ingvald Heldal တို့ ဦးဆောင်၍ လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးရာတွင် အစီရင်ခံစာ ရေးသားခြင်းနှင့် စွမ်းဆောင်ရည်ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်နေ့မှ (၂၈) ရက်နေ့အထိ နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့ပါသည်။

Pages