ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

News and Activities

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး သတင်းထုတ်ပြန်ချက်   ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ( ၂ ) ရက်   ၁။        ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ( ၂ ) ရက်နေ့ နံနက် ( ၁၀ : ၀၀ ) နာရီအချိန်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ စာရင်းစစ် - ၁ များ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် - ၃၅ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။
         ပြည်ထောင်စုစာရင်းစစ်ချုပ်ဉီးမော်သန်းသည် ကမ္ဘာ့ဘဏ်မှ Public Financial Management Specialist ဖြစ်သူ Mr.Christopher Fabling ဉီးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ငွေတိုက်ဦးစီးဌာန၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများအား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့၊ နေ့လယ် ၁:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး သတင်းထုတ်ပြန်ချက် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ   ၂၆  ရက် ၁။        ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၆  ရက် နံနက် ( ၉ : ၀၀ ) နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ဒီပလိုမာစာရင်းကိုင်(ပထမပိုင်း) သင်တန်းအမှတ်စဉ်-၄၀ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့ရာ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။
၁။       ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) မှ Senior Financial   Management Specialist ဖြစ်သူ Ms. Augustina Musa ဦးဆောင်သောအဖွဲ့အား ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်‌ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

Pages