ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

News and Activities

၁။နိကာယ်ငါးရပ်၊ ပိဋကတ်သုံးပုံ၊ ဗုဒ္ဓစာပေများကို အဆင့်မြင့်နည်းပညာများဖြင့် သင်ကြားပို့ချပြီး သာသနတက္ကသီလဓမ္မာစရိယ၊ သာသနတက္ကသီလ မဟာဓမ္မာစရိယနှင့် သာသနတက္ကသီလဓမ္မပါရဂူဘွဲ့ တံဆိပ်တော်များ ဆက်ကပ်လှူဒါန်း၍ ပြည်တွင်း/ပြည်ပ သာသနာပြုကြမည့် သံဃာတော်အရှင်မြတ်များ ထွန်းကားလာစေရန် ဆောင်ရွက်လျက်ရှိသော နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ် (ရန်ကုန်) သို့ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဝန်ထမ်းများမှ ဆွမ်းကပ်ရန် လှူဒါန်းသည့် အလှူငွေဆက်ကပ်လှူဒါန်းပွဲကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အစိုးရကဏ္ဍနှင့် ပုဂ္ဂလိကကဏ္ဍတို့တွင် ထိရောက်ကောင်းမွန်သည့် ဘဏ္ဍာရေးစီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေး အစီရင်ခံမှုတို့ တိုးတက်ကောင်းမွန်လာစေရေးအတွက် ကမ္ဘာ့ဘဏ်၏ အကူအညီဖြင့် မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအို(၃)နိုင်ငံပူးပေါင်းဆောင်ရွက်မည့် ASEAN Regional Project နှင့်စပ်လျဉ်းသည့် အစည်းအဝေးကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမတွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာလ ၅ ရက်နေ့၊ နံနက်၁၀:၀၀နာရီ၌ WebEx Link ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့အစည်းများဖြစ်ကြသော ADB ၊ EU ၊ ကမ္ဘာ့ဘဏ်၊ GIZ၊ IDI နှင့် နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးတို့ ပါဝင်သည့် Donor Coordination Virtual Meeting ကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၇ ရက်နေ့ နေ့လယ် ၁:၃၀ နာရီတွင် Microsoft Team Platform ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး အစည်းအဝေးကို အစီအစဉ် (၄) ခုဖြင့် ကျင်းပခဲ့ပါသည်။
၁။        Daiwa Securities Group Inc. ၏ စီစဉ်မှုဖြင့် MICPA ၊ JICPA နှင့် Daiwa Myanmar Japan Foundation (DMJF) တို့၏ လက်ရှိပူးပေါင်းဆောင်ရွက်မှုများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် Virtual Meeting ကို ၁၃-၁၀-၂၀၂၀ ရက်နေ့၊ နေ့လယ် ၁:၃၀ နာရီတွင် ကျင်းပခဲ့ပါသည်။
၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာလ၊ ၁၄ရက်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည့် Coronavirus Disease 2019 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေပေးအပ်ပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် နှင့် ဝန်ထမ်းများကလှူဒါန်းသည့် အလှူငွေကျပ် လေးဆယ့်နှစ်သိန်းကို ပေးအပ်လှူဒါန်းခဲ့ပါသည်၊၊

Pages