News and Activities
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် အာရှတိုက်ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASOSAI) - အရှေ့တောင်အာရှဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASEANSAI) တို့ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း စစ်ဆေးမည့် The Cooperative Environmental Audit on Water Management in Mekong River Basin in line with the implementation of Sustainable Development Goals (SDGs) အတွက် ကတိပြုလွှာ (Statement of Commitments - SoC) အား ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ထိုင်းနိုင်ငံစာရင်းစစ်ချုပ်နှင့် ဗီယက်နမ်နိုင်ငံ
INTOSAI Development Initiative-IDI နှင့် အာရှတိုက်ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASOSAI) တို့ ပူးပေါင်း၍ ၇-၁၂-၂၀၂၀ ရက်နေ့၊ နေ့လယ် ၁၂:၃၀ တွင် IDI-ASOSAI SAI Leadership and Key Stakeholder Conversation Webinar ကို ကျင်းပခဲ့ပြီး ယင်း webinar သို့ ASOSAI ခေါင်းဆောင်ပိုင်းမှ ပုဂ္ဂိုလ်များနှင့် stakeholder များ တက်ရောက်ခဲ့ကြပါသည်။
နိုင်ငံတကာပြည်သူ့ကဏ္ဍစာရင်းစံများ အကောင်အထည်ဖော်မှု ကြိုတင်ပြင်ဆင်ရေး ကော်မတီ (IIPC) ၃/၂၀၂၀ အစည်းအဝေးကို ၁၀-၁၂-၂၀၂၀ရက်နေ့၊ နံနက်၁၀:၀၀နာရီတွင် WebEx link ဖြင့် Online ကျင်းပခဲ့ကြပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ (၁၃) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အခမ်းအနားအား ဘုရားကြီးကျောင်းတိုက်နှင့် ရတနာဘုမ္မိသာရကျောင်းတိုက်တို့၌ ၂၆-၁၁-၂၀၂၀ ရက်နေ့ ၀၇:၀၀ နာရီတွင် ကျင်းပရာ ကထိန်လျာဉတ်သင်္ကန်းကြီး နှင့် လှူဖွယ်ဝတ္ထုအစုစု ငွေကျပ် ၄,၉၉၉,၆၀၀ နှင့် ပစ္စည်းတန်ဖိုး ကျပ် ၂,၄၄၁,၉၅၀ စုစုပေါင်း ကျပ် ၇,၄၄၁,၅၅၀ တို့အား သံဃာတော်အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်များမှ ပရိတ် တရားတော်များ ရွတ်ပွားချီးမြှင့်ခြင်း၊ အနုမောဒနာတရားဟောကြားချီးမြှင့်ခြင်းနှင့် လှူဒါန်းမှု အစုစု တို့အတွက် ရေစက်သွန်းချ အမျှဝေခြင်းတို့ကို ပြုလုပ်ကြပါသည်။
၁။ နေပြည်တော် လယ်ဝေးမြို့ ဝိသာခါ ပုဏ္ဏမီဂုဏ်ဝေ သီလရှင်ပရဟိတ စာသင်တိုက်အတွင်းရှိ သီလရှင်များအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဝန်ထမ်းများက လှူဒါန်းသည့် အလှူငွေ ဆပ်ကပ်လှူဒါန်းပွဲ ကို ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းတွင် ဝိသာခါ ပုဏ္ဏမီဂုဏ်ဝေ သီလရှင်ပရဟိတစာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။


