ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

News and Activities

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဂတိလိုက်စားမှုတားဆီးကွယ်ရေးအဖွဲ့၊ ပညာပေးလက်ကမ်းစာစောင်(၂) ရှင်းလင်းဆွေးနွေးခြင်း
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး သတင်းထုတ်ပြန်ချက် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ ( ၂၅ )ရက်နေ့
၁။        ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (၁၄) ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ၂၀၂၀ ပြည့်နှစ် ၊ ဩဂုတ်လ ၁၂  ရက်နေ့ ၊ နံနက် ၁၀:၀၀ နာရီတွင် ဤရုံး၊ စုပေါင်းခန်းမ၌ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီမှ ညွှန်ကြားချက်နှင့်အညီ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခြေခံစာကြည့်တိုက်ပညာသင်တန်း အမှတ်စဉ်(၁/၂၀၂၀) သင်တန်းဆင်းပွဲ အခမ်းအနားကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်ရှိ စုပေါင်းခန်းမ၌ ၂၂-၇-၂၀၂၀ ရက်နေ့၊ နံနက် ၀၉:၃၀ နာရီတွင်ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အမျိုးသားစာကြည့်တိုက်မှ ညွှန်ကြားရေးမှူးနှင့် နည်းပြများ၊ သင်တန်းသူ/သင်တန်းသား များ တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၆ ရက်နေ့၊ အမိန့်ကြော်ငြာစာ အမှတ် ၂၅/၂၀၂၀ ဖြင့် ဖွဲ့စည်းခဲ့သော လူမွဲခံယူခြင်းဆိုင်ရာကျွမ်းကျင်သူများ ကြီးကြပ်ရေးကောင်စီ (၁/၂၀၂၀) အစည်းအဝေးကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ရန်ကုန်သင်တန်း ကျောင်း၌ ၂၇-၆-၂၀၂၀ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ပါသည်။
နိုင်ငံတကာပြည်သူ့ကဏ္ဍစာရင်းစံများ အကောင်အထည်ဖော်မှု ကြိုတင်ပြင်ဆင်ရေး ကော်မတီ (IIPC) ၁/၂၀၂၀အစည်းအဝေးကို ၂၃-၆-၂၀၂၀ရက်နေ့၊ နံနက်၁၀:၀၀နာရီအချိန်တွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

Pages