ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

The Auditor General of the Union received the delegation led by Ms. Eliko Pedastsaar, Mission Chief from International Monetary Fund (IMF)

1.    U Maw Than, the  Auditor General of the Union received the delegation led by Ms. Eliko Pedastsaar, Mission Chief  from International Monetary Fund (IMF) , at the Office of the Auditor General of the Union, Nay Pyi Taw at 1:00 P.M on the 20th October, 2016.

2.    In the meeting, they briefly discussed about the developments in budget execution, financial reporting, internal audit, external audit, etc.

3.    At the meeting, Permanent Secretary and responsible officers from the Office of the Auditor General of the Union were also present.

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် အပြည်ပြည် ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund -IMF) မှ Mission Chief ဖြစ်သူ Ms.Eliko Pedastsaar ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား လက်ခံတွေ့ဆုံ

၁။   ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့  (International Monetary Fund - IMF) မှ Mission Chief ဖြစ်သူ Ms.Eliko Pedastsaar ဦးဆောင် သောကိုယ်စားလှယ်အဖွဲ့အား ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၂၀) ရက်၊ နေ့လယ် ၁း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။

၂။   ထိုသို့တွေ့ဆုံရာတွင် ဘတ်ဂျက်အကောင်အထည်ဖော်ခြင်း၊ ဘဏ္ဍာရေးအစီရင်ခံခြင်း၊ ဌာနတွင်း စာရင်းစစ်ဆေးခြင်း၊ ပြင်ပစာရင်းစစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ခဲ့ပါသည်။

၃။   အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

စာရင်းစစ်(၁)များ လုပ်ငန်းခွင်ကျွမ်းကျင်မှု အမှတ်စဉ်(၃၂)သင်တန်းသင်တန်းဖွင့်ပွဲအခမ်းအနား

၁။   ၂၀၁၆ခုနှစ်၊ အောက်တိုဘာလ (၁၁)ရက်နေ့ နံနက် (၁၀း၀၀) နာရီတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ စာရင်းစစ် (၁)များ လုပ်ငန်းခွင် ကျွမ်းကျင်မှု အမှတ်စဉ်(၃၂) သင်တန်း သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပရာ ပြည်ထောင်စု စာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့် အမှာ စကား ပြောကြားခဲ့ပါသည်။

၂။   အဆိုပါ အခမ်းအနားသို့ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ ကထိကများ၊ သင်တန်းသား/သူ (၁၀၈)ဦး တက်ရောက်ခဲ့ ပါသည်။

၃။   အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်မှ -

  • ဤသင်တန်းကျောင်းကို ကျွမ်းကျင်သော စာရင်းပညာရှင်များ ပေါ်ထွန်းလာစေရန်၊ စာရင်းဇယားများ မှန်ကန်စွာ ပြုစုထိန်းသိမ်းတတ်စေရန်၊ ကိုယ်ကျင့်တရား ကောင်းမွန်သော ဝန်ထမ်းကောင်းများ ပေါ်ထွန်းလာစေရန် စသည့် ရည်ရွယ်ချက် များနှင့် ဖွင့်လှစ်ခဲ့ကြောင်း၊
  • ဤသင်တန်းကျောင်းမှ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း တက်ရောက်ပြီးသည့် စာရင်းစစ်(၁)ပေါင်း (၂၆၆၀)ဦး မွေးထုတ်ပေးပြီး ဖြစ်ကြောင်း၊
  • စာရင်းစစ်(၁)များသည် စာရင်းစစ်အဖွဲ့၏ ခေါင်းဆောင်အဖြစ် တာဝန်ယူဆောင်ရွက် ကြရသည့်အတွက် သတိသမ်ပဇဉ်အပြည့်ဖြင့် ဆောင်ရွက်ကြရန်နှင့် Professional Ethics များကို လိုက်နာကြရန် လိုအပ်ကြောင်း၊
  • စစ်ဆေးမည့် အဖွဲ့အစည်းအတွက် Audit Program မရေးဆွဲမီ ၎င်းအဖွဲ့အစည်း၏ လုပ်ငန်းသဘောတရားနှင့် စာရင်းထားသိုပုံ နည်းစနစ်များကို ဦးစွာ သိရှိနားလည်ထားရန်လိုအပ်ကြောင်း၊
  • မိမိတို့ စစ်ဆေးရေးလုပ်ငန်းများကို ပြောင်းလဲလာသည့်ခေတ်နှင့်အညီ ရင်ဘောင်တန်း နိုင်အောင် အထူးကြိုးစားကြရန် လိုအပ်ကြောင်း စသည်ဖြင့် လမ်းညွှန်မှာကြားခဲ့ပါသည်။

၄။   အခမ်းအနားကို နံနက်(၁၀း၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းသည် German International Cooperation (GIZ) မှ Head of Competence Centre ဖြစ်သူ Mr.Roland Gross နှင့် Head of Project ဖြစ်သူ Mr.ThomasFoerch ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

၁။ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းသည် GIZ မှ Head of Competence Centre ဖြစ်သူ Mr. Roland Gross နှင့် Head of Project ဖြစ်သူ Mr.ThomasFoerch တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၁၄) ရက်နေ့ နံနက် ၉း၃၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။

၂။ ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံတွင် IFRS Pilot Banks စီမံကိန်း နှင့်စပ်လျဉ်း၍ GIZ က လက်ရှိ ဆောင်ရွက်နေသည့် အခြေအနေနှင့် Banking Sector တွင် အနာဂတ်၌ ရှိလာမည့် ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံခြင်း ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။

၃။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

The Auditor General of the Union received the delegation led by Mr. Roland Gross, Head of Competence Centre and Mr. Thomas Foerch, Head of Project from German International Cooperation (GIZ)

1. U Maw Than, the Auditor General of the Union received the delegation led by Mr. Roland Gross,Head of Competence Centreand Mr.Thomas Foerch, Head of Projectfrom German International Cooperation (GIZ)at the Office of the Auditor General of the Union, Nay Pyi Taw at 9:30 A.M on the14th October, 2016.

2. In the meeting, they briefly discussed about Updating of GIZ future engagement in Myanmar,especially the IFRS pilot banks project and future of financial reporting in banking sector.

3. At the meeting, the Director General (Audit Department) and responsible officers from the Office of the Auditor General of the Union were also present.

The Auditor General of the Union received the delegation led by Mr. Thomas Thomsen, Senior Development Consultantfrom European Union (EU)

1. U Maw Than, the Auditor General of the Union received the delegation led by Mr. Thomas Thomsen, Senior Development Consultant from European Union (EU)at the Office of the Auditor General of the Union, Nay Pyi Taw at 10:00 A.M on the13th October, 2016.

2. In the meeting, they explained and discussed briefly about the component of “Twinning Project" which is the budget support from EU to the Office of the Auditor General of the Union through a 3 year with the UK National Audit Office, the remark and additions of the Union Auditor General upon on the component.

3. At the meeting, the Director General (Audit Department) and responsible officers from the Office of the Auditor General of the Union were also present.

ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် European Union (EU) မှ Senior Development Consultant ဖြစ်သူMr. Thomas Thomsen ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

၁။ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းသည် EU မှ Senior Development Consultant ဖြစ်သူ Mr. Thomas Thomsen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၁၃) ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

၂။ ထိုသို့ တွေ့ဆုံရာတွင် EU ၏ Budget အကူအညီပေးမှုတွင် ဤရုံးနှင့် ဗြိတိန်နိုင်ငံ စာရင်းစစ်ချုပ်ရုံးတို့ အကြား (၃)နှစ်ကြာ ဆောင်ရွက်မည့် Twinning Project နှင့်စပ်လျဉ်း၍ Project တွင် ပါဝင်မည့် လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ဤလုပ်ငန်းဆောင်ရွက်မှုအပေါ် ပြည်ထောင်စု စာရင်းစစ်ချုပ်၏ သဘောထား အမြင်နှင့် ဖြည့်စွက်ဆောင်ရွက်လိုသည့် အချက်များ စသည်တို့ကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ပါသည်။

၃။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

The Auditor General of the Union received the delegation from European Union (EU) led by Mr. Thomas Thomsen, Senior Development Consultant

1. U Maw Than, the Auditor General of the Union received the delegation from European Union (EU) led by Mr. Thomas Thomsen, Senior Development Consultant at the Office of the Auditor General of the Union, Nay Pyi Taw at 10:00 A.M onthe 10th October, 2016.

2. In the meeting, they discussed about the budgetsupport from EU to the Officeofthe Auditor GeneralUnion through a 3 year “twinning” arrangement with the UK NationalAudit Office, the remark and view of the Union Auditor General upon on this process andthe key priorities that the OAG wishes to address with its audit work over the next few years.

3. At the meeting, the PermanentSecretary,the Director General (Audit Department) and responsible officers from the Office of the Auditor General of the Union were also present.

ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် European Union (EU) မှ Senior Development Consultant Mr. Thomas Thomsen ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

၁။ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းသည် EU မှ Senior Development Consultant ဖြစ်သူMr. Thomas Thomsen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၆ခုနှစ် အောက်တိုဘာလ (၁၀) ရက်၊ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးဧည့်ခန်း၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

၂။ ထိုသို့ တွေ့ဆုံရာတွင် EU ၏ Budget အကူအညီပေးမှုတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဗြိတိန်နိုင်ငံစာရင်းစစ်ချုပ်ရုံးတို့ အကြား (၃)နှစ်ကြာTwinning Arrangement ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ ဤလုပ်ငန်းဆောင်ရွက်မှုအပေါ် ပြည်ထောင်စုစာရင်းစစ်ချုပ်၏ သဘောထားအမြင်နှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ဦးစားပေး ဆောင်ရွက်လိုသည့် နယ်ပယ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ပါသည်။

၃။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေး မှူးချုပ် (စစ်ဆေးရေး)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Audit of Petroleum Sector Workshop held to strengthen Union Auditor General’s office

Audit of Petroleum Sector Workshop was held in OAG at Nay Pyi Taw, on 26-29 September 2016 by the collaboration with the Office of the Auditor General of Norway, to be able to carry out audit works of OAG effectively.

In the workshop, Resource Persons from Office of the Auditor General of the Norway explained and discussed about the 7 steps of Petroleum Sector Value Chains which are Legal Framework, Surveying and Data Management, Awards of Contracts and Licenses, Monitoring of Operations, Collection of Revenue, Revenue Management and Allocation, and Implementation of Sustainable Policies, and fiscal regime, the role and responsibilities of key stakeholders play in that sector, Production Sharing Contract, Risk Assessment etc.

By holding the workshop, participants have understood the areas and transactions to be more emphasized and the source of information to be used as audit tools in conducting of the audit by Risk-Based Approach, and supported for their audit work. The total number of 41 people who are the staffs from OAG and Nay Pyi Taw Audit Office attended the workshop and shared knowledge, made questions and answer and discussed with Resource Persons from Office of the Auditor General of the Norway. Director General from Audit Department gave the honorable gifts to the Norway Resource Persons and the workshop was successfully completed on 29 September 2016.

Pages

Subscribe to Front page feed