မြန်မာသက္ကရာဇ် ၁၃၇၈ ခု၊ တန်ဆောင်မုန်းလဆန်း (၁၂)ရက်၊ ခရစ်သက္ကရာဇ် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ(၁၁)ရက် နံနက် (၉ း ၃၀) အချိန်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ နဝမအကြိမ်မြောက် ကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းကြပါသည်။
အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများနှင့် ဝန်ထမ်းများ တက်ရောက်ကြပါသည်။
အခမ်းအနားတွင် ပျဉ်းမနားမြို့ ဘုရားကြီးကျောင်းတိုက်နှင့်ရတနာဘုမ္မိသာရကျောင်းတိုက် များမှ သံဃာတော်(၁၁)ပါးတို့အား နဝမအကြိမ်မြောက် ကထိန်သင်္ကန်းနှင့်တကွ လှူဖွယ်ဝတ္တု ပစ္စည်း စုစုပေါင်းတန်ဖိုးကျပ် ၉,၇၇၅,၅၅၀/- ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစု တို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြပါသည်။
ထို့နောက် ဗုဒ္ဓသာသနံ၊စိရံတိဌတု ဆုတောင်းဂါထာ(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနားကို နံနက် (၁၁း၀၀) အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားအပြီးတွင် ဆရာတော်၊ သံဃာတော် များအား ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဝန်ထမ်းများက နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြပါသည်။
1. U Maw Than, the Auditor General of the Union received Mr. Daniel BLESSING, Advisor and Ms. Dayana Lady, GIZ ASEANSAI Project Assistant from GIZ at the office of the Auditor General of the Union, Nay Pyi Taw at 2:00 p.m, on the 4th November, 2016.
2. In the meeting, they discussed about the implementation of GIZ forImproving Financial Reporting in Myanmar’s Banking Sector, the collaboration of OAG and other Development Partners and more collaboration of GIZ for the capacity building of OAG’s staff in future.
3. At the meeting, the Director General (Audit Department) and responsible officers from the Office of the Auditor General of the Union were also present.
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် GIZ မှ Advisor ဖြစ်သူ Mr. Daniel BLESSING နှင့် GIZ ASEANSAI Project Assistant ဖြစ်သူ Ms. Dayana Lady တို့အား ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့ နေ့လယ် ၂း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၂။ ထိုသို့တွေ့ဆုံရာတွင် GIZ အနေဖြင့် မြန်မာနိုင်ငံတွင် Banking Sector ဘဏ္ဍာရေး အစီရင်ခံခြင်းလုပ်ငန်းများ တိုးတက်ရေးအတွက် ဆောင်ရွက်နေမှု၊ ဤရုံးနှင့် အခြားသော မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်နေမှု၊ ဤရုံးဝန်ထမ်းများ၏ စွမ်းရည် မြှင့်တင်နိုင်ရေး ကိစ္စရပ်များအတွက် GIZ က ပိုမိုပူးပေါင်းဆောင်ရွက်သွားလိုမှု စသည် တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
၃။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသည် ၂၈-၃-၂၀၁၁ နေ့မှ ၃၀-၉-၂၀၁၅ နေ့အထိ ထုတ်ပြန်ခဲ့သော "ဘဏ္ဍာရေးဆိုင်ရာ အမိန့်၊ ညွှန်ကြားချက်များ" နှင့် ၁၇-၈-၂၀၀၇ နေ့မှ ၃၀-၉-၂၀၁၅ နေ့အထိ ထုတ်ပြန်ခဲ့သော "ဘဏ်လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်များ" များအား စုစည်း၍ စစ်ဆေးရေးလုပ်ငန်းများတွင် ကိုးကားနိုင်ရန်၊ ဝန်ထမ်းများ လေ့လာဖတ်ရှုနိုင်ရန် လုပ်ငန်းလမ်းညွှန်အဖြစ် အတွဲ (၁၂) အား ၃၀-၁၁-၂၀၁၅ ရက်စွဲဖြင့် ထုတ်ဝေထားပါသည်။ ဤရုံး၏ ဝန်ထမ်းသက်သာစာအုပ်ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းတွင် တစ်အုပ်လျှင် ကျပ် ၅၀၀၀ နှုန်းဖြင့် မည်သူမဆို လွတ်လပ်စွာ ဝယ်ယူအားပေးနိုင်ပါသည်။
(ဆက်သွယ်ရန်ဖုန်း- ၀၆၇ ၄၀၇၅၉၄)
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ၂၉-၁၂-၂၀၁၁ နေ့မှ ၁၇-၉-၂၀၁၅ နေ့ထိ ထုတ်ပြန်ခဲ့သော အမိန့်၊ ညွှန်ကြားချက်နှင့် အကြောင်းကြားစာများစာအုပ်အား ၅-၇-၂၀၁၆ နေ့တွင် ပုံနှိပ် ထုတ်ေ၀ ဖြန့်ဖြူးရောင်းချလျက်ရှိပါသည်။ ဝန်ထမ်းများသိရှိလိုက်နာရန်၊ စစ်ဆေးရေးလုပ်ငန်း များတွင် လုပ်ငန်းလမ်းညွှန်အဖြစ် အသုံးပြုနိုင်ရန် ရည်ရွယ် ထုတ်ဝေထားပါသဖြင့် ဤရုံး ဝန်ထမ်းသက်သာ စာအုပ်ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းတွင် တစ်အုပ်လျှင် ကျပ် ၂၀၀၀ နှုန်းဖြင့် မည်သူမဆို လွတ်လပ်စွာ ဝယ်ယူအားပေးနိုင်ပါသည်။ (ဆက်သွယ်ရန်ဖုန်း- ၀၆၇ ၄၀၇၅၉၄)
A Myanmar delegation led by U Maw Than, Auditor General of the Union visited Oslo, Norway during 2-7 October, 2016 for signing an MOU between the Office of the Auditor General of the Union of Myanmar(OAGM) and the Office of the Auditor General of Norway (OAGN) and has signed MOU on 3rd October, 2016.
According to the MOU, the two parties has agreed to collaboration on efficient audits through transparency, accountability and good governance in public finance management, and bilateral cooperation for strengthening the auditing and promoting international audit experiences.
During the visit, Myanmar delegation discussed matters concerning bilateral cooperation between the two parties, exchanged their auditing experiences and observed the Oil for Development Program of NORAD (Norwegian Agency for Development Cooperation), Ministry of Norwegian Foreign Affairs, and also met responsible persons from Standing Committee on Scrutiny and Constitutional Affair.
The priorities in the MOU are to be held the Workshops and Trainings on different types of audit such as financial audit, performance audit, environmental audit and IT audit for audit on Petroleum Sector of Myanmar.
ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးနှင့် နော်ဝေနိုင်ငံ စာရင်းစစ်ချုပ်ရုံး တို့အကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရန်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂ ရက်မှ ၇ ရက်အထိ နော်ဝေနိုင်ငံ အော်စလိုမြို့သို့ သွားရောက်ခဲ့ပြီး ၃-၁၀-၂၀၁၆ ရက်နေ့တွင် နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါ သည်။
ပြည်သူ့ဘဏ္ဍာငွေများ စီမံခန့်ခွဲရာတွင် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးနည်းလမ်းများဖြင့် အရည်အသွေးမြင့်မားသော စာရင်း စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ရေး၊ စစ်ဆေးရေးလုပ်ငန်း စွမ်းဆောင်ရည် အားကောင်း လာစေရေး နှင့် နိုင်ငံတကာ စာရင်းစစ်ဆေးခြင်း အတွေ့အကြုံများ တိုးမြှင့်စေရေး အတွက် အကျိုးတူ ပူးပေါင်းဆောင်ရွက်သွားရန် နှစ်နိုင်ငံအကြား နားလည်မှုစာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ပါသည်။
မြန်မာကိုယ်စားလှယ်အဖွဲ့သည် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ် များအား ဆွေးနွေးခြင်း၊ စာရင်းစစ်ဆေးခြင်းဆိုင်ရာ အတွေ့အကြုံ ဖလှယ်ခြင်း၊ နော်ဝေနိုင်ငံခြားရေးဝန်ကြီးဌာနရှိ NORAD (Norwegian Agency for Development Cooperation) မှ Oil for Development Program အား လေ့လာ ခြင်း၊ နော်ဝေပါလီမန်ရှိ Standing Committee on Scrutiny and Constitutional Affair မှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။
ယင်းနားလည်မှုစာချွန်လွှာအရ အဓိက ဦးစားပေးဆောင်ရွက်သွားမည့် နယ်ပယ် မှာ မြန်မာနိုင်ငံရှိ ရေနံနှင့်သဘာဝဓါတ်ငွေ့ ကဏ္ဍစာရင်းစစ်ဆေးခြင်းများကို ဘဏ္ဍာရေး စာရင်းစစ်ဆေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ စာရင်း စစ်ဆေးခြင်း၊ သတင်းအချက်အလက် နှင့် နည်းပညာဆိုင်ရာစာရင်းစစ်ဆေးခြင်း စသည့်စစ်ဆေးရေးနည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများ ပြုလုပ်ကျင်းပပေးသွားရန် ဖြစ်ပါသည်။
