ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် KPMG in Hong Kong မှ Chief Operating Officer Mr. Geoff Wilson ဦးဆောင်သော KPMG ကိုယ်စားလှယ်အဖွဲ့ အား လက်ခံတွေ့ဆုံ

 

၁။ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းသည် KPMG in Hong Kong မှ Chief Operating Officer ဖြစ်သူ Mr. Geoff Wilson ဦးဆောင်သော KPMG ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ နေ့လယ် ၁း၃၀ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

၂။ ထိုသို့ တွေ့ဆုံရာတွင် IFRS ကို တိုက်ရိုက် လက်ခံကျင့်သုံးရန် မြန်မာနိုင်ငံ စာရင်းကောင်စီမှ ဆောင်ရွက်နေမှု၊ International Accounting Firms များနှင့် Local Private Audit Firms များ ပူးပေါင်းဆောင်ရွက်နိုင်မှု အခြေအနေ၊ စာရင်းအတတ်ပညာရှင်များ အတွက် ဝါဏိဇ္ဇဘွဲ့ရများအသင်း၊ မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များ အသင်း၏ Continuous Professional Education (CPE) / Continuous Professional Development (CPD) ဆောင်ရွက်နေမှု နှင့် ယင်း CPE/ CPD အစီအစဉ်များအတွက် KPMG အနေဖြင့် ပူးပေါင်းပါဝင်၍ နည်းပညာ အကူအညီ ပေးနိုင်မှု အခြေအနေတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ ပါသည်။

၃။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

စာရင်းစစ်(၁)များ လုပ်ငန်းခွင် ကျွမ်းကျင်မှု အမှတ်စဉ်(၃၂) သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

၁။ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ (၁၆) ရက်နေ့ နံနက် (၁၀း၀၀) နာရီတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ စာရင်းစစ်(၁)များ လုပ်ငန်းခွင် ကျွမ်းကျင်မှု အမှတ်စဉ်(၃၂) သင်တန်း သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပရာ ပြည်ထောင်စု စာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပါသည်။

၂။ အဆိုပါ အခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများ၊ သင်တန်းသား/သူ ( ၁၀၈) ဦး တက်ရောက်ခဲ့ပါသည်။

၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်မှ -

-စာရင်းစစ်(၁)များသည် စစ်ဆေးရေးအဖွဲ့များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်ကြရတဲ့ အတွက် စွမ်းဆောင်ရည် ပြည့်ဝစွာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း။

-သင်တန်းမှ ပို့ချလိုက်တဲ့ အတတ်ပညာ ၊ ဗဟုသုတများဖြင့်သာ ရပ်မနေဘဲ Self Education လုပ်ရန် လိုအပ်ကြောင်းနှင့် ပညာရပ်များသည် ဆုံးခန်းတိုင်သည် ဟူူ၍ မရှိကြောင်း။

-ခေါင်းဆောင်များသည် မိမိတို့၏ အသိပညာ အတတ်ပညာများကို လက်ဆင့်ကမ်းပေးရန် Ethic များကို လိုက်နာသည့် နမူနာကောင်းများ ပြပေးရန် လိုအပ်ကြောင်း။

-ခေါင်းဆောင်မှု ပေးရမည့် ရာထူး၌ ခေါင်းဆောင်မှု စွမ်းရည်ရှိရန် လိုအပ်ကြောင်း။

-စာရင်းစစ်ဆေးရေး အဖွဲ့များတွင် ခေါင်းဆောင်ဖြစ်သည့် စာရင်းစစ်(၁)များသည် စာရင်းစစ်(၃) များကို သင့်တင့်မျှတစွာ တာဝန်ခွဲပေးရန် လိုအပ်ကြောင်း။

-Team Work ဖြင့် လုပ်ကိုင်ဆောင်ရွက်တတ်ရန် လိုအပ်ကြောင်း။

-နိုင်ငံပိုင် ကဏ္ဍ စာရင်းစစ်များ၏ လုပ်ငန်း နယ်ပယ်သည် ပုဂ္ဂလိက ကဏ္ဍ စာရင်းစစ်များထက် ပိုမိုကျယ်ပြန့်ပြီး တိုင်းပြည်အတွက် ပိုမိုအကျိုးပြုကြောင်း။

-စာရင်းစစ်ဆေးရေး လုပ်ငန်းများကို ရိုးသားဖြောင့်မတ်စွာဖြင့် ဥပဒေ၊စည်းကမ်း၊ ကျင့်ဝတ်ဘောင်အတွင်း ရိုးရိုးသားသား သိက္ခာရှိရှိဖြင့် စံပြစာရင်းစစ်များ အဖြစ် ပြုမူနေထိုင်ကြပါလို့ တိုက်တွန်းလိုကြောင်း စသည်ဖြင့် လမ်းညွှန်မှာကြားခဲ့ပါသည်။

၄။အခမ်းအနားကို နံနက်(၁၀း၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

လက်မှတ်ရပြည်သူ့စာရင်းကိုင်နှင့် ဒီပလိုမာစာရင်းကိုင် အောင်လက်မှတ်ပေးအပ်ခြင်းအခမ်းအနားကျင်းပခြင်း
အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု အမှတ်စဉ် (၂၂၇) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ

 
 
 
လက်မှတ်ရပြည်သူ့စာရင်းကိုင်များအဖြစ် မှတ်ပုံတင်ရန် အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုခွင့်ရရှိသူများစာရင်း ထုတ်ပြန်ခြင်း

 
 
 
လက်မှတ်ရပြည်သူ့စာရင်းကိုင်များအဖြစ် မှတ်ပုံတင်ရန် အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုခွင့်ရရှိသူများစာရင်း ထုတ်ပြန်ခြင်း

 
 
 
လက်မှတ်ရပြည်သူ့စာရင်းကိုင်များအဖြစ် မှတ်ပုံတင်ရန် အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုခွင့်ရရှိသူများစာရင်း ထုတ်ပြန်ခြင်း

 
 
 
၂၀၁၆-၂၀၁၇ ပညာသင်နှစ် ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

 
 
 
The Auditor General of the Union received the delegation from Gavi The Vaccine Alliance led by Ms. Rosemary Owino, Senior Manager

1. U Maw Than, the Auditor General of the Union received the delegation from Gavi The Vaccine Alliance led by Ms. Rosemary Owino, Senior Manager and the responsible person from Ministry of Health and Sport at the Office of the Auditor General of the Union, Nay Pyi Taw at 2:15 P.M on the 29th November, 2016.

2. In the meeting, they briefly discussed about Auditing Process of the Office of the Auditor General of the Union and providing training to the audit staff in regard with the assessment programme, Country’s Programme Capacity Assessment (PCA) which is conducted by Pricewaterhouse Coopers (PwC), to support Grant from Gavi The Vaccine Alliance directly to the Ministry of Health and Sport.

3. At the meeting, the Director General (Audit Department) and responsible officers from the Office of the Auditor General of the Union were also present.

ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် Gavi The Vaccine Alliance အဖွဲ့မှ Senior Manager ဖြစ်သူ Ms. Rosemary Owino ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

၁။       ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် Gavi The Vaccine Alliance အဖွဲ့ မှ Senior Manager ဖြစ်သူ Ms. Rosemary Owino ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင်‌့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများအား ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်၊ နေ့လယ် ၂း၁၅ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

၂။       ထိုသို့ တွေ့ဆုံရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့ Gavi The Vaccine Alliance အဖွဲ့က ပေးမည့် Grant ကို နိုင်ငံတော် ဘဏ္ဍာသို့ တိုက်ရိုက်ပေးနိုင်ရန် Pricewaterhouse Coopers (PwC) က ဆောင်ရွက်နေသည့် နိုင်ငံ၏ စီမံခန့်ခွဲမှုစွမ်းရည်ဆန်း စစ်ခြင်း ( Country’s Programme Capacity Assesment - PCA) နှင်‌့စပ်လျဉ်း၍ ဤရုံး၏ စာရင်းစစ်ဆေးရေး လုပ်ငန်းစဉ်များ နှင့် စာရင်းစစ် ဝန်ထမ်းများအား သင်တန်းပေးနေမှု ဆိုင်ရာများကို ဆွေးနွေးခဲ့ကြပါသည်။

၃။       အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Pages

Subscribe to Front page feed