1. U Maw Than, the Auditor General of the Union received the delegation led by Dr. Mark Campbell, Head of International Capacity Building, ICAEW at the office of the Auditor General of the Union, Nay Pyi Taw at (10:00) a.m. on the 24th February, 2017.
2. In the meeting, they discussed about Quality Assurance for Audit Roadmap for Myanmar, the requirement of Quality Assurance for Audit, the conducted systems in the international, the recommendations and the collaboration to strengthen accountancy in Myanmar.
3. At the meeting, the Director General (Audit Department) and the responsible officers from the Office of the Auditor General of the Union and the Chairman of MICPA and the respective persons were also present.
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ICAEW မှ Head of International Capacity Building ဖြစ်သူ Dr. Mark Campbell ဦးဆောင်သော အဖွဲ့အား ၂၀၁၇ခုနှစ်၊ ဖေဖော်ဝါရီလ(၂၄)ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။
၂။ ထိုသို့တွေ့ဆုံရာတွင် Quality Assurance for Audit Roadmap for Myanmar နှင့်စပ်လျဉ်း၍ Quality Assurance for Audit လိုအပ်မှု၊ နိင်ငံတကာတွင် ဆောင်ရွက်နေသည့် စနစ်များ၊ အကြံပြုချက်များနှင့် မြန်မာနိုင်ငံ၏စာရင်းပညာရပ်နယ်ပယ်ကို ပိုမိုအားကောင်းလာ စေရန် ပူးပေါင်း ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ပါသည်။
၃။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) နှင့်တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့ စာရင်းကိုင်များ အသင်းမှ ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
၁။ ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ( ၁ ) ရက် နံနက် ၀၉း၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပရာ မြန်မာနိုင်ငံ စာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေးဦးစီးဌာန)၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန) ၊ ညွှန်ကြားရေးမှူးများ ၊ ဒုတိယညွှန်ကြားရေးမှူးများ ၊ ကထိကများနှင့် သင်တန်းသား / သင်တန်းသူ (၃၂၉ ) ဦး တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း မှ အောက်ပါအချက်များကို မှာကြားခဲ့ပါသည်-
- နေပြည်တော်ရှိ သင်တန်းသားများသည် ဝင်ခွင့်စာမေးပွဲဖြေဆိုရန် မလို၍ အထူး အခွင့်အရေးကောင်း ဖြစ်ကြောင်း၊
- ရရှိသော အခွင့်အရေးကို တန်ဖိုးထားပြီး စာမေးပွဲအောင်မြင်ရန် အထူးကြိုးစား ရမည် ဖြစ်ကြောင်း၊
- CPA များသည် စာရင်းပညာရပ်ဆိုင်ရာ Professional Accountant များဖြစ်၍၊ DA များသည် စာရင်းပညာရပ်ဆိုင်ရာTechnician များဖြစ်ကြောင်း၊
- စီးပွားရေးလောကတွင် Technician နှင့် Professional များ ပေါင်းစပ် အလုပ်လုပ်ကြရန် အလွန်အရေးကြီးကြောင်း၊
- DA များသည် Technician များဖြစ်သည့်အတွက် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရန်အတွက် အထောက်အကူပြုနိုင်မည့်သူများ ဖြစ်ကြောင်း၊
- CPA သင်တန်းသည် သာမန်အားဖြင့် ဝင်ခွင့်စာမေးပွဲ ဖြေဆိုပြီး အောင်မြင်မှသာ သင်တန်း တက်ရောက်ခွင့် ရရှိမည် ဖြစ်သော်လည်း၊ ယခု (၂၀၁၇-၂၀၁၈) ပညာသင်နှစ်အတွက် B.Com, B.Act, B.BA နှင့် DA အောင်မြင်ပြီးသား ပုဂ္ဂိုလ်များသည် ဝင်ခွင့်ဖြေဆိုရန်မလိုဘဲ တိုက်ရိုက် တက်ခွင့်ရှိမည်ဖြစ်ကြောင်း၊
- အနာဂတ်ကာလတွင်ကျွမ်းကျင်သော စာရင်းပညာရှင် အများကြီး လိုအပ်မှာဖြစ်သည့်အတွက် CPA ၏ အခြေခံဖောင်ဒေရှင်းဖြစ်သည့် DA သင်တန်းသူ/သားများဖြစ်စေချင်ကြောင်း၊
- နိဂုံးချုပ်အနေဖြင့် နိုင်ငံတော်အတွက် အားကိုးရသော စာရင်းပညာကျွမ်းကျင်သူများဖြစ်ရန် ကြိုးပမ်းကြစေလိုကြောင်း တိုက်တွန်းမှာကြားခဲ့ပါသည်၊
၄။ ဖွင့်ပွဲအခမ်းအနားကို နံနက် ၀၉း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
၁။ ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ (၃၁)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ အခြေခံစာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှုု အမှတ်စဉ် (၂၂၇) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စု စာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန် အမှာစကားပြော ကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေးဦးစီးဌာန)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ဤရုံး ကထိကများနှင့် သင်တန်းသူ/ သင်တန်းသား (၂၀၁)ဦး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသူ/သင်တန်းသား ( ၄၀ ) ဦးတို့ တက်ရောက်ခဲ့ပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်မှ -
- ယခုဖွင့်လှစ်သော သင်တန်းအား (၁-၁၂-၂၀၁၆)ရက်နေ့မှ (၃၁-၁-၂၀၁၇)ရက်နေ့ထိ သင်တန်းကာလ (၂)လဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းသူ/သင်တန်းသား (၂၀၁)ဦးနှင့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၌ သီးခြားသင်တန်းဖွင့်လှစ်ခွင့်ပြုပြီး တက်ရောက်ခဲ့သည့် သင်တန်းသူ/သား(၄၀)ဦး စုစုပေါင်း (၂၄၁)ဦး တက်ရောက်ပြီး စာမေးပွဲကို (၆-၂-၂၀၁၇) ရက်နေ့မှ (၁၀-၂-၂၀၁၇) ရက် နေ့ထိ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း
- အခမ်းအနားသို့တက်ရောက်လာသော သင်တန်းသား/သင်တန်းသူများအနေနဲ့ သင်တန်း ကို ပြီးဆုံးအောင်တက်ရောက်သလို စာကျက်ချင်စိတ်ဖြစ်ကြတဲ့အတွက်လည်း ဝမ်းမြောက် ဝမ်းသာ ဖြစ်မိကြောင်းနှင့် စာမေးပွဲ ကိုလည်း ကောင်းစွာ ဖြေဆိုနိုင်လိမ့်မည်ဟု မျှော်လင့်မိပါကြောင်း
- အခြေခံစာရင်းကိုင်ပညာရပ်ဟာ လိုအပ်တဲ့ပညာရပ်ဖြစ်ပြီး မိမိဌာနမှာ တာဝန်ထမ်းဆောင်တဲ့ အခါ သင်တန်းမှပို့ချပေးသော စာတွေ့ဗဟုသုတပညာများကို သက်ဆိုင်ရာကဏ္ဍအလိုက် လက်တွေ့အသုံးချနိုင်အောင် ကြိုးစားကြစေလိုကြောင်း
- သင်တန်းကို အချိန်ကုန်ငွေကုန်ခံပြီး လာရောက်တက်ကြရတာဖြစ်တဲ့အတွက် သင်ကြားပေး လိုက်တဲ့ ဘာသာရပ်များကို လက်တွေ့လုပ်ငန်းခွင်တွင် ဌာနအတွက်၊ နိုင်ငံ့အတွက် အကျိုးရှိ စွာ အသုံးချစေလိုကြောင်း
- သင်တန်းသားများစာမေးပွဲကို ထူးချွန်စွာအောင်မြင်ပြီးနောက် အဆင့်မြင့်အတန်းများဖြစ်တဲ့ အလယ်အလတ်အဆင့်၊ အဆင့်မြင့်စာရင်းကိုင်သင်တန်းများကို တက်ရောက်နိုင်ကြပြီး နိုင်ငံ့ ဝန်ထမ်းများဖြစ်တာနှင့်အညီ စောင့်ထိန်းရမယ့် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာ စောင့်ထိန်းကြပြီး နိုင်ငံ့အကျိုး၊ပြည့်သူ့အကျိုးကို ဆထက်ထမ်းပိုး တိုးတက်ဆောင်ရွက်နိုင်သော ဝန်ထမ်းကောင်းများ ဖြစ်ကြစေလိုကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။
၄။ အခမ်းအနားကို မွန်းလွဲ(၂း၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
1. To support the auditing of Petroleum Sector, workshop on Production Sharing Contract was held at the Office of the Auditor General of the Union, NayPyiTaw from January 16 to 20, 2017.
2. In the workshop, the Resource Persons from Office of the Auditor General of Norway discussed about the PSC contents, the role of stakeholders, international practices for crude price, recoverable costs, non- recoverable costs, oil and gas revenue allocation, re-investment of the profit to business and splitting for public interest of the contract areas. In the workshop on January 18, 2017, responsible persons from Large Taxpayers Office, Ministry of Planning and Finance and Ministry of Electricity and Energy were present and gave discussions about the key points on tax regime for the Extractive Industries, LTO's organization and roles and responsibilities with regards to Oil and Gas Tax Audit, Constraints in the management of extractive industries, processes for Production Sharing Contract, Financial knowledge in Production Sharing Contract on Oil and Gas Sector in Myanmar. And then, the Oil and Gas Audit team and the responsible persons from Office of the Auditor General of the Union raised questions for further clarifications on the topics discussed and also shared their audit findings and experiences on PSC auditing.
3. By holding the workshop, the participants gained knowledge about the contents of Production Sharing Contract and International Experiences. And knowing the areas needed to be focused for audit and the working relationships among the government agencies can support to the practical work. In the workshop, the total number of 54 persons who are the experts from Office of the Auditor General of Norway, staffs and officers from Office of the Auditor General of the Union of Myanmar, Yangon Region Auditor-General Office, Ministry of Electricity and Energy and Large Taxpayers Office were present.
