၁။ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍစာရင်းစစ်ဆေးရာတွင် အထောက်အကူဖြစ်စေရန်အတွက် ထုတ်လုပ်မှု အပေါ် ခွဲဝေခံစားသည့် သဘောတူစာချုပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Workshop on Production Sharing Contract-PSC) ကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်၌ ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့မှ (၂၀) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ အလုပ်ရုံဆွေးနွေးပွဲတွင် နော်ဝေစာရင်းစစ်ချုပ်ရုံး၏ Resource Persons များက Myanmar Model PSC ကို အခြေခံ၍ PSC တွင်ပါရှိသောအကြောင်းအရာများ၊ Stakeholders များ၏ အခန်းကဏ္ဍ၊ ရေနံံဈေးနှုန်းသတ်မှတ်ခြင်းဆိုင်ရာ နိုင်ငံတကာလက်တွေ့ကျင့်ထုံးများ၊ ပြန်လည် ခုနှိမ်ခွင့်ရရှိသည့် ကုန်ကျစရိတ်များ၊ ခုနှိမ်နိုင်ခြင်းမရှိသည့် ကုန်ကျစရိတ်များ၊ ဝင်ငွေခွဲဝေခံစားပုံ၊ အမြတ်ကို လုပ်ငန်းတွင် ပြန်လည် ရင်းနှီးမြှုပ်နှံခြင်းနှင့် လုပ်ငန်းတည်ရှိရာဒေသရှိ ပြည်သူများ၏ အကျိုးစီးပွားအတွက် ပြန်လည်သုံးစွဲမှုဆိုင်ရာများကို ဆွေးနွေးခဲ့ပါသည်။ ၂၀၁၇ခုနှစ်၊ ဇန်နဝါရီလ (၁၈) ရက်နေ့ဆွေးနွေးပွဲတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ အခွန်ထမ်းကြီးများဆိုင်ရာအခွန်ရုံးမှ တာဝန်ရှိသူများ၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းဆိုင်ရာ အခွန်စနစ်၊ အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး၏ ဖွဲ့စည်းပုံနှင့် ရေနံနှင့်သဘာဝ ဓာတ်ငွေ့အခွန် စာရင်းစစ်ဆေးခြင်းဆိုင်ရာ တာဝန်ဝတ္တရားများ၊ တူးဖော်ထုတ်လုပ်ရေးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုနှင့်စပ်လျဉ်းသည့် အကန့်အသတ်များ၊ PSC စာချုပ်ချုပ်ဆိုခြင်းဆိုင်ရာ လုပ်ငန်းစဉ်အဆင့်များ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍနှင့်စပ်လျဉ်း သည့် မြန်မာနိုင်ငံက ဆောင်ရွက်နေသည့် PSC ပါ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အဓိက သိရှိသင့်သည်များကို ဆွေးနွေးခဲ့ကြပါသည်။ ယင်းဆွေးနွေးချက်များအပေါ် ဤရုံး၊ ရေနံနှင့်သဘာဝဓာတ်ငွေ့စာရင်းစစ်ဆေးရေးအဖွဲ့နှင့် တာဝန်ရှိသူများမှလည်း ထပ်မံသိရှိလိုသည်များကို မေးမြန်းခဲ့ကြပြီး PSC ဆိုင်ရာ စာရင်းစစ်ဆေးတွေ့ရှိချက်များနှင့် အတွေ့အကြုံများကို ပြန်လည်မျှဝေ ဆွေးနွေးခဲ့ကြပါသည်။
၃။ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်းဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍရှိ ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် သဘောတူစာချုပ်ပါ အကြောင်းအရာများ၊ နိုင်ငံတကာအတွေ့အကြုံများကို မျှဝေသိရှိရပါသည်။ စာရင်းစစ်ဆေးရာတွင် အလေးထားဂရုပြုသင့်သည့်နယ်ပယ်များ၊ အစိုးရဌာနအဖွဲ့အစည်းအချင်းချင်း လုပ်ငန်းဆက်နွယ်ဆောင်ရွက်ပုံများကို သိရှှိရခြင်းဖြင့် လက်တွေ့လုပ်ငန်းတွင် အထောက်အကူဖြစ်စေနိုင်ပါသည်။ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံး၊ ရန်ကုန်တိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံး၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးတို့မှ အရာထမ်း၊ အမှုထမ်း စုစုပေါင်း (၅၄) ဦး တက်ရောက် ခဲ့ကြပါသည်။
၁။ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၁၄ရက်နေ့ နံနက် ၉း၃၀ နာရီတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ အစိုးရကဏ္ဍ နိုင်ငံတကာ စာရင်းစံ သင်တန်း (International Public Sector Accounting Standard - IPSAS Training) ဖွင့်ပွဲ အခမ်းအနား ကျင်းပရာ ပြည်ထောင်စု စာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါ အခမ်းအနားသို့ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသား/သူများ တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်မှ -
- လက်ရှိ အစိုးရငွေစာရင်းထားနည်းစနစ်အား Cash Basis (ငွေသားစီးဝင်မှုအခြေခံ)ဖြင့် ကျင့်သုံးနေပြီး Cash Basis သည် အမှန်တကယ်ရရှိခြင်း၊ ပေးချေခြင်းများကို စာရင်းမှတ်သားခြင်း ဖြစ်ကြောင်း
- အမှန်တကယ် ရရှိခြင်း၊ ပေးချေခြင်းများ သာမက ရရန်ရှိ၊ ပေးရန်ရှိများကို ထည့်သွင်း စာရင်း ဖော်သည့် Accrual Basis (စေ့ရောက်မှုအခြေခံ) သို့ ကူးပြောင်းရန် လိုကြောင်း
- နိုင်ငံတကာတွင် အစိုးရကဏ္ဍ စာရင်းထားသိုခြင်းနှင့် စပ်လျဉ်း၍ International Public Sector Accounting Standards – IPSASs နှင့်အညီ ဆောင်ရွက်ရန် ကြိုးပမ်းနေကြောင်း
- IPSASs ဆိုသည်မှာ International Public Sector Accounting Standards Board (IPSASB) မှ ထုတ်ပြန်ထားသည့် နိုင်ငံတကာ အများပြည်သူပိုင် ကဏ္ဍရှိ အဖွဲ့အစည်းများမှ ဘဏ္ဍာရေး ရှင်းတမ်းများ ရေးဆွဲပြုစုရာ တွင် လိုက်နာကျင့်သုံးရမည့် စာရင်းစံ ဖြစ်ကြောင်း၊ IPSASs သည် International Accounting Standards Board–IASBမှ ထုတ်ပြန်ထားသည့် International Financial Reporting Standard- IFRSs ကို အခြေခံထားခြင်းဖြစ် ကြောင်း
- IASB မှ Public Company, Financial Institutions(ဥပမာ Bank) များ အနေဖြင့် လိုက်နာ ကျင့်သုံးရမည့် International Financial Reporting Standards- IFRSs နှင့် အသေးစားနှင့် အလယ်အလတ်စား လုပ်ငန်းများ လိုက်နာရမည့် IFRSs for SMEs တို့ကိုလည်း ထုတ်ပြန်ထားကြောင်း
- စည်းကမ်း၊ စံများနှင့် စနစ်တကျ ဆောင်ရွက်ခြင်းဖြင့် တိုင်းပြည်အတွက် များစွာ အကျိုးပြု နိုင် ကြောင်း
- မိမိတို့ နိုင်ငံအနေဖြင့်လည်း IPSASs နှင့် စာရင်းထားသိုနိုင်ရန် ရည်ရွယ်ဆောင်ရွက်နေသည့် အတွက် အစိုးရကဏ္ဍမှ တာဝန်ရှိသူများမှလည်း IPSASs ကို သိရှိရန် လိုအပ်ကြောင်း
- ယခုသင်တန်းကို ကမ္ဘာဘဏ်ချေးငွေ အထောက်အပံ့ဖြင့် ဆောင်ရွက်နေသည့် PFM Project ၏ Activity တစ်ခုအနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း
- ပြည်သူဘဏ္ဍာရေး စီမံခန့်ခွဲမှု ကောင်းမွန်သည်နှင့်အမျှ အကျိုးကျေးဇူးများကို တိုင်းသူပြည်သားများ ရရှိမည်ဖြစ်သည့်အတွက် လုပ်ဆောင်ရမည့် တာဝန်ရှိသူများမှလည်း အားတက်သရော လုပ်ဆောင်ရမည်ဖြစ်ကြောင်း
- ယခုသင်တန်းမှ သင်ကြားပို့ချမယ့် ကိစ္စရပ်များကတော့ နိုင်ငံတကာ အစိုးရကဏ္ဍများ စာရင်းစံ သဘောတရား၊ စာရင်းသွင်းမည့် နည်းစနစ်တို့ကို ပို့ချသွားမည်ဖြစ်ကြောင်း
- မိမိတို့ နိုင်ငံရှိ နာမည်ကြီး စာရင်းကိုင်ပညာ သင်တန်းကျောင်းများဖြစ်သည့် Excellent Choice Institute of Finance and Management နှင့် Nay Lin Aung Finance & Accountancy Academy တို့မှ လာရောက်ပို့ချပေးမည် ဖြစ်သည့် အတွက် သင်တန်းသား/သူများ အတွက် အခွင့်အရေးတစ်ခုဖြစ်ကြောင်း
- သင်တန်းမှာ အပတ်စဉ် စနေနေ့ ဖြစ်၍ မိမိတို့အားလပ်ရက်ဖြစ်သော်လည်း အဖိုးတန်ပညာ များကို သင်ယူရသည့်အတွက် အကျိုးရှိပါကြောင်း
- အဆိုပါ သင်တန်းသို့ ဤရုံးမှ သင်တန်းသား (၁၀၄) ဦးနှင့် ဝန်ကြီးဌာန အသီးသီးမှ (၃၄) ဦး၊ စုစုပေါင်း (၁၃၈) ဦး တက်ရောက်မည် ဖြစ်ပါကြောင်း စသည်ဖြင့် လမ်းညွှန်အမှာစကား ပြော ကြား ခဲ့ပါသည်။
၄။ အခမ်းအနားကို နံနက် ၁၀း၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
၁။ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းသည် Institute of Singapore Chartered Accountants (ISCA) ဥက္ကဌဖြစ်သူ Mr. Gerard Ee ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ နေ့လယ် ၁:၀၀ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။
၂။ ထိုသို့ တွေ့ဆုံရာတွင် IFRS နှင့် ISSAI ကို လိုက်နာကျင့်သုံးရာတွင် သတိမူသင့်သည့် အချက်များနှင့် အကြံပြုချက်များ၊ ပညာရေး၊ ကျန်းမာရေး စသည့် လူမှုရေး နှင့် အခြား အတတ်ပညာရှင်များ၏ စွမ်းရည်မြှင့်တင်ပိုင်းဆိုင်ရာ တိုးတက်မှုများ အတွက် လေ့ကျင့်သင်ကြားပေးနေသော စင်္ကာပူ အခြေစိုက် အဖွဲ့အစည်းတစ်ခု ဖြစ်သည့် Temaesk Foundation ဆိုင်ရာ လုပ်ငန်းစဉ်များနှင့် Cash Basis မှ Accrual Basis သို့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အတွေ့အကြုံများကို မျှဝေဆွေးနွေးခဲ့ကြပါသည်။
၃။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ လက်မှတ်ရ ပြည်သူ့စာရင်းကိုင်များ အသင်း (MICPA) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြ ပါသည်။
1. U Maw Than, the Auditor General of the Union received the delegation from ISCA led by by Mr. Gerard Ee, Chairman of ISCA at the office of the Auditor General of the Union, Nay Pyi Taw at 1:00pm on 6th January, 2017.
2. In the meeting, they discussed about the matters on compliance of IFRS, implementation of ISSAI, Temasek Foundation is that a Singapore-based non-profit philanthropic organization focusing on education, health and professional development, and transforming from Cash basis to Accrual basis.
3. At the meeting, Deputy Director General and responsible officers from OAGU and the chairman of MICPA were also present.
1. U Maw Than, Auditor General of the Union received Mr. Christopher Robert Fabling, Senior Financial Management Specialist and Mr. Atul Deshpande, PFM Project Task Team Leader from World Bank at the office of the Auditor General of the Union, in Nay Pyi Taw at 11:00 a.m. on the 13th July, 2016.
2. In the meeting, they discussed about the adoption of International Financial Reporting Standards (IFRSs) in the private sector and International Public Sector Accounting Standards (IPSASs) in the public sector , the condition of the Report on the Observance of Standards and Codes (ROSC) , and the matters for the next meeting concerned with the development of capacity building for OAG’s staff through Myanmar-Modernization of Public Finance Management Project(M-MPFMp) based on the recommendation of ROSC Report.
3. At the meeting, the Permanent Secretary, the Director General (Audit Department) and responsible officers from the Office of the Auditor General of the Union were also present.
၁။ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ(၂) ရက်နေ့ နံနက် (၁၀း၀၀) နာရီတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ စာရင်းစစ်(၃)များ လုပ်ငန်းခွင် ကျွမ်းကျင်မှု အမှတ်စဉ်(၄၅) သင်တန်း သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါ အခမ်းအနားသို့ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများ၊ သင်တန်းသား/သူ ( ၁၁၆) ဦး တက်ရောက်ခဲ့ပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်မှ -
-စာရင်းစစ်ဆေးခြင်းဆိုသည်မှာ ဘဏ္ဍာရေးရှင်းတမ်းများနှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေ ကို စာရင်းစစ်ထင်မြင် ယူဆချက်ပေးနိုင်ရန် စစ်ဆေးကြတာ ဖြစ်ကြောင်း။
-စာရင်းစစ်များသည် မိမိတို့၏ မူလတာဝန်အပြင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေက ပြဋ္ဌာန်းသတ်မှတ်ထားသည့် တာဝန်များကိုပါ ထမ်းဆောင်ကြရမှာဖြစ်ကြောင်း။
-Continuing Professional Education ဖြင့် အရည်အချင်းများ အစဉ်အမြဲ တိုးတက်နေအောင် ကြိုးစားလုပ်ဆောင်ကြရမှာ ဖြစ်ကြောင်း။
-မိမိကိုယ် မိမိ အရည်အချင်းများ တိုးတက်အောင် လုပ်ဆောင်ခြင်းသည် မည်သည့်အခါမှ မဆုံးနိုင်သည့် အလုပ်ဖြစ်ကြောင်း။
-နှစ်သစ်မှစ၍ အားနည်းချက်များကို ဖြည့်ဆည်းပြီး အားသာချက်များကို ပိုပြီး ကောင်းလာအောင် လုပ်ဆောင်ကြရမှာဖြစ်ကြောင်း။
-မိမိ အရည်အသွေးများ ပိုမိုတိုးတက်ရန် ပျိုးထောင်သည့် အခါတွင်လည်း စိတ်ဓာတ်ကောင်း၊ စည်းကမ်းကောင်း၊ စေတနာကောင်းများ ထားရှိရန် လိုအပ်ကြောင်း။
-မိမိတို့ တာဝန်များကို အဂတိ မလိုက်စားဘဲ ဆောင်ရွက်ကြပြီး စာရင်းစစ်ဆေးခြင်းဆိုင်ရာ အရည်အချင်းများကို တိုးတက်ရှင်သန်အောင် ကြိုးစားကြစေလိုကြောင်း စသည်ဖြင့် လမ်းညွှန် မှာကြားခဲ့ပါသည်။
၄။ အခမ်းအနားကို နံနက်(၁၀း၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
