ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

The Auditor General of the Union received the Mid Term Review Mission led by Mr. Christopher Robert Fabling, Senior Financial Management Specialist from World Bank

1.   U Maw Than, the  Auditor General of the Union received the Mid Term Review Mission led by Mr. Christopher Robert Fabling, Senior Financial Management Specialist from World Bank , at the Office of the Auditor General of the Union in Nay Pyi Taw, at  10:00 a.m. on 21st March, 2017.

2.   In the meeting, they discussed matters concerning the progress of the component D2 of Public Finance Management Project being implemented by the Office of the Auditor General of the Union, the priorities of additional assistance for the project, the issuing of the Report on Observance of Standards and Codes (ROSC) and the holding of the Workshop on the results of World Bank Project Audits.

3.   At the meeting, the Director General (Audit Department) and responsible officers from the Office of the Auditor General of the Union were also present.

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် World Bank မှ Senior Financial Management Specialist ဖြစ်သူ Mr. Christopher Robert Fabling ဦးဆောင်သော PFM Mid Term Review Mission အား လက်ခံ တွေ့ဆုံ

၁။   ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် World Bank မှ Senior Financial Management Specialist ဖြစ်သူ Mr. Christopher Robert Fabling ဦးဆောင်သော PFM Mid Term Review Mission အား ၂၀၁၇ ခုနှစ် မတ်လ ၂၁ ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

၂။   ထိုသို့တွေ့ဆုံရာတွင် Public Finance Management Project တွင် ဤရုံးက ဆောင်ရွက်နေသည့် Component D2 ၏ တိုးတက်မှုအခြေအနေ၊ Project အတွက် နောက်ထပ်အကူအညီပေးနိုင်ရေး ဦးစားပေးအစီအစဉ်များ၊ Report on the Observance of Standards and Codes (ROSC) အစီရင်ခံစာထုတ်ပြန်နိုင်ရေး၊ World Bank Project စာရင်းစစ်ဆေးခြင်းဆိုင်ရာရလဒ်များ နှင့်စပ်လျဉ်း၍ Workshop ပြုလုပ်နိုင်ရေးတို့ကို ဆွေးနွေး ခဲ့ကြပါသည်။

၃။   အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ဤရုံးမှ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး) နှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ပါသည်။

ဒီပလိုမာစာရင်းကိုင်(ပထမပိုင်း)သင်တန်းအောင်စာရင်းထုတ်ပြန်ခြင်း
The Auditor General of the Union received the delegation led by Mr. Steven Bower, Resident Advisor from Large Taxpayer Office

1. U Maw Than, the Auditor General of the Union received the delegation led by Mr. Steven Bower and Mr. Colin Hatehins, Advisor from Large Taxpayer Office at the Office of the Auditor General of the Union, Nay Pyi Taw at 2:00 p.m. on 27th February, 2017.

2. In the meeting, they discussed the existing tax law, the current situation of compliance by the taxpayers and the matters should be reformed etc.

3. At the meeting, Deputy Permanent Secretary, Deputy Director General from the Office of the Auditor General of the Union, Deputy Director General and responsible officers from Internal Revenue Department were also present.

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးမှ Mr. Steven Bower ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ဦးမော်သန်းသည် အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံးမှ အကြံပေးများဖြစ်ကြသော Mr. Steven Bower နှင့် Mr. Colin Hatehins ဦးဆောင်သော အဖွဲ့အား ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ (၂၇)ရက်နေ့ နေ့လယ် ၂း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

၂။ ထိုသို့ တွေ့ဆုံရာတွင် တည်ဆဲအခွန်ဥပဒေ ဆိုင်ရာကိစ္စရပ်များ၊ လက်ရှိအခွန်ထမ်းများ၏ လိုက်နာ ဆောင်ရွက်မှုအခြေအနေ နှင့် ပြုပြင်ပြောင်းလဲသင့်သည်များကို ဆွေးနွေးခဲ့ကြပါသည်။

၃။အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ ဒုတိယ အမြဲတမ်းအတွင်းဝန် နှင့် ဒုတိယ ညွှန်ကြားရေးမှုးချုပ်များ၊ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှုးချုပ် နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

စာရင်းပညာရှင်များ၊ စာရင်းကျွမ်းကျင်သူများ စွမ်းဆောင်ရည်ပြည့်ဝစွာ ပိုမိုပေါ်ထွက်လာရေး၊ စာရင်းပညာခေတ်မီဖွံ့ဖြိုးရေးနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ တစ်နှစ်တာ
စာရင်းပညာရှင်များ၊ စာရင်းကျွမ်းကျင်သူများ စွမ်းဆောင်ရည်ပြည့်ဝစွာ ပိုမိုပေါ်ထွက်လာရေး၊ စာရင်းပညာခေတ်မီဖွံ့ဖြိုးရေးနှင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ တစ်နှစ်တာ
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ဝန်ထမ်းများ သိရှိရန်

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ တစ်နှစ်တာ ဆောင်ရွက်ချက်များအား MRTV မှ မေးမြန်းထားမှုများကို ယနေ့ည (၉:၁၅)တွင် ထုတ်လွှင့်မည်ဖြစ်ပါ၍ ကြည့်ရှုနိုင်ပါရန် အသိပေးကြေငြာအပ်ပါသည်။

The Auditor General of the Union received the delegation led by Mr. Thomas Thomsen, Senior Development Consultant from European Union (EU)

1. U Maw Than, the Auditor General of the Union received the delegation led by Mr. Thomas Thomsen, Senior Development Consultant from European Union (EU) at the Office of the Auditor General of the Union, Nay Pyi Taw at 2:00 p.m. on the 24th February, 2017.

2. In the meeting, they discussed briefly about the priority areas on the proposed six components of the “Twinning Project" between the Office of the Auditor General of the Union and UK National Audit Office which is based on the previous discussions, collaboration with other development partners and the possible interim support from EU.

3. At the meeting, the Director General (Audit Department) and responsible officers from the Office of the Auditor General of the Union were also present.

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် European Union (EU) မှ Senior Development Consultant ဖြစ်သူ Mr. Thomas Thomsen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

၁။     ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် European Union (EU) မှ Senior Development Consultant ဖြစ်သူ Mr. Thomas Thomsen ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်နေ့ ၊ နေ့လယ် ၂:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

 

၂။     ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဗြိတိန်နိုင်ငံစာရင်းစစ် ချုပ်ရုံးတို့အကြား ပူးပေါင်းဆောင်ရွက်မည့် Twinning Project နှင့်စပ်လျဉ်း၍ ဤရုံးနှင့် တွေ့ဆုံညှှိနှိုင်းဆွေးနွေးထားချက်အပေါ် အခြေခံသည့် အဆိုပြု နယ်ပယ် (၆) ရပ်နှင့် ဦးစားပေးဆောင်ရွက်မည့် နယ်ပယ်များ၊ အခြား Development Partner များနှင့် ဆောင်ရွက်နေမှု အခြေအနေများ၊ EU မှ ပံ့ပိုးကူညီမည့် ကိစ္စရပ်များ နှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။

 

၃။     အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ဤရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Pages

Subscribe to Front page feed