1. U Maw Than, the Auditor General of the Union received the Insolvency Law Reform Group led by Mr. Nick Moller, Senior Counsel, Asia Development Bank, at Office of the Auditor General of the Union, Nay Pyi Taw at 10:00 AM on 25th May, 2017.
2. In the meeting, they discussed the matters concerning the Insolvency Law Reform initiative, preventive measures and awareness for Insolvency, the considerations relevant to the accounting profession in the Insolvency Law and the collaboration with Myanmar Accountancy Council for the Insolvency Law Reform Project in the future.
3. At the meeting, the Director General (Audit Department), the responsible officers from Office of the Auditor General of the Union and the respective persons from Myanmar Accountancy Council were also present.
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ADB မှ Senior Counsel ဖြစ်သူ Mr. Nick Moller ဦးဆောင်သော Insolvency Law Reform Group အား ၂၀၁၇ ခုနှစ် မေလ ၂၅ ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။
၂။ ထို့သို့တွေ့ဆုံရာတွင် Insolvency law ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စရပ်များ၊ Insolvency မဖြစ်စေရန် ကြိုတင်ကာကွယ်ရေး အစီအမံများ၊ Insolvency နှင့်စပ်လျဉ်းသည့် ပညာပေးအစီအစဉ် များ၊ Insolvency law တွင် စာရင်းအတတ်ပညာရှင်ကဏ္ဍနှင့် စပ်လျဉ်း၍ ထည့်သွင်းစဉ်းစားရမည့် အချက်များ၊ Insolvency Law Reform Project အတွက် မြန်မာနိုင်ငံစာရင်းကောင်စီ နှင့် အနာဂတ်တွင် ပူးပေါင်းဆွေးနွေး ဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
၃။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ဤရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံစာရင်းကောင်စီ မှ တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။
U Maw Than, the Auditor General of the Union received the Instructors from International Organization of Supreme Audit Institutions: INTOSAI Development Initiative-IDI and Asian Organization of Supreme Audit Institutions-ASOSAI who attended the Instructor’s Design Meeting for the Blended Learning Specialist Workshop hosted by Myanmar, at the Office of the Auditor General of the Union, NayPyiTaw at 10:00 a.m. on May 23, 2017.
In the meeting, they discussed the matters concerning the activities in the Instructor’s Design Meeting and the participation of the Office of the Auditor General of the Union in the IDI Activities.
At the meeting, the Director General (Audit Department) and responsible officers from the Office of the Auditor General of the Union were also present.
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ သည့် Instructor’s Design Meeting for the Blended Learning Specialist Workshop သို့ တက်ရောက်လာသည့် နိုင်ငံတကာ စာရင်းစစ်ချုပ်ရုံးများ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကနဦးအဖွဲ့ (IDI) နှင့် အာရှတိုက်ဆိုင်ရာ စာရင်းစစ်ချုပ်ရုံးများအဖွဲ့ (ASOSAI) တို့မှ Instructor များအား ၂၀၁၇ ခုနှစ်၊ မေလ ၂၃ ရက်နေ့ နံနက် ၁၀း၀၀ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၂။ ထို့သို့တွေ့ဆုံရာတွင် Instructor’s Design Meeting ၌ ဆောင်ရွက်နေသည့် အကြောင်းအရာများ၊ IDI Activity များတွင် ဤရုံးက ပါဝင်ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။
၃။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ဤရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
၁။ ၂၀၁၇ ခုနှစ်၊ ဇွန်လ ( ၅ ) ရက်နေ့ နေ့လည် ၁၅း၀၀ နာရီ၌ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် အခြေခံ စာရင်းကိုင်နှင့် ရုံးလုပ်ငန်း ကျွမ်းကျင်မှု အမှတ်စဉ် ( ၂၂၈ ) သင်တန်း သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စု စာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့် လမ်းညွှန် အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများနှင့်သင်တန်းသား/သင်တန်း သူ (၂၂၂) ဦး တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်က လမ်းညွှန်အမှာစကား ပြောကြားရာတွင်-
- ယနေ့ဖွင့်လှစ်သော သင်တန်းတွင် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့် ဌာနအသီးသီးမှ စာရင်းတာဝန်ယူသူ၊ ပစ္စည်း တာဝန်ယူသူများ တတ်သင့်တတ်ထိုက်တဲ့ စာရင်းဆိုင်ရာ ပညာရပ် များကို သင်ကြား ပို့ချပေးမည်ဖြစ်ကြောင်း၊
- ပို့ချမည့် ဘာသာရပ်များမှာ ဝန်ထမ်းတိုင်း သိထားသင့်သည့် ဝန်ထမ်းနှင့်သက်ဆိုင် သော စည်းမျဉ်း စည်းကမ်းများ၊ ဘဏ္ဍာငွေ အရအသုံးနှင့်ဆိုင်သော စည်းမျဉ်း စည်ကမ်းများနှင့် စာရင်းဆိုင်ရာ ပညာရပ်များဖြစ်ကြောင်း၊
- သင်တန်း ကာလအတွင်း မိမိတို့ အတွက်၊ မိမိဌာန အတွက် အကျိုးရှိအောင် ပို့ချသော သင်ခန်းစာများကို ဂရုတစိုက် လေ့လာ မှတ်သားကြရန်နှင့် စိတ်ပါဝင်စားစွာ လေ့လာသင်ယူမှသာ ပို့ချသည့် ဘာသာရပ်ကို သဘောပေါက်မှာဖြစ်ကြောင်း၊ ကြိုးစားမှသာ စာမေးပွဲ ဖြေဆိုနိုင်မှာ ဖြစ်၍ မဆုတ်မနစ်သော ဇွဲနှင့် ကြိုးစားကြစေလိုကြောင်း၊
- သင်တန်းကို ဘယ်လို ရည်ရွယ်ချက်နဲ့တက်တက် သင်ကြားပို့ချတဲ့ပညာရပ်ကို ဌာနအတွက် အကျိုးရှိစွာ အသုံးချနိုင်ရန် အမှန်တကယ် တတ်မြောက်ဖို့ လိုအပ်ကြောင်း နှင့် သင်တန်း စာမေးပွဲကို သင်တန်းဆင်း အရည်အချင်း သတ်မှတ်ချက် အဆင့်ဖြင့် ထုတ်ပြန်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ ပေးပို့ သွားမှာဖြစ်ကြောင်း၊
- သင်တန်းစာမေးပွဲကို တစ်ကြိမ်သာ ဖြေဆိုခွင့်ရှိသဖြင့် အခွင့်အရေး ရရှိခိုက်ကြိုးစားကြရန်နှင့် နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ စောင့်ထိန်း လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများကို အလေးထား လိုက်နာစောင့်ထိန်းရန် လိုအပ်ကြောင်း လမ်းညွှန် မှာကြားခဲ့ပါသည်။
၄။ သင်တန်းဖွင့်ပွဲအခမ်းအနားကို နေ့လည် ၁၅း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
၁။ ၂၀၁၇ ခုနှစ်၊ ဇွန်လ ( ၁ ) ရက် နံနက် (၀၉း၀၀) နာရီတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဒီပလိုမာ စာရင်းကိုင် (ဒုတိယပိုင်း) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ရာ မြန်မာနိုင်ငံ စာရင်း ကောင်စီဥက္ကဋ္ဌ ၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ကိုယ်စား မြန်မာနိုင်ငံ စာရင်းကောင်စီ အတွင်းရေးမှူး တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး ဦးစီးဌာန)၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယ ညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသား /သင်တန်းသူ ( ၁၄၆ ) ဦး တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် မြန်မာနိုင်ငံ စာရင်းကောင်စီ အတွင်းရေးမှူးမှ အောက်ပါ အချက်များကို မှာကြားခဲ့ပါသည်-
- DA အား စာရင်းပညာရှင် အဆင့်သတ်မှတ်ရန် လုံခြုံရေးနှင့်ပညာရေးကော်မတီသို့ တင်ပြထားကြောင်း၊ သို့ပါ၍ နိုင်ငံတော်မှ စာရင်းပညာရှင်အဖြစ် အသိအမှတ် ပြုမည်ဖြစ်ကြောင်း
- DA သင်တန်းသည် ၁၉၇၄ ခုနှစ်မှ စတင်ပေါက်ဖွားလာခဲ့ပြီး ၁၉၇၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ DA ဘွဲ့ရ အမြောက်အများ မွေးထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း
- DA(II) သင်တန်း၌ Auditing, Cost & Management, Advanced Accounting, Financial Reporting ကဲ့သို့သော Major ဘာသာရပ်များ များပြားလာပြီ ဖြစ်သည့်အတွက် ပိုမိုကြိုးစားစေလိုကြောင်း
- စာရင်းပညာရှင်များ အတွက် စာရင်းစစ်စံများ အမြဲပြောင်းလဲနေသည့် အတွက် ခေတ်နှင့်အညီ မျက်ခြေပြတ် မကျန်ဘဲ လေ့လာနေရမည်ဖြစ်ကြောင်း
- DA(II) သင်တန်းပြီးမြောက်လျှင် CPA သို့ တက်လှမ်း နိုင်ပြီဖြစ်သည့် အတွက် ကြိုးစားစေလို ကြောင်း
- “ကျောင်းမှန်မှန်တက် စာမခက်” ဆိုသည့်အတိုင်း ကျောင်းမှန်မှန်တက်၍ ကထိကများ၏ ပို့ချမှုများကို တလေးတစား နားထောင် သင်ယူကြရမည် ဖြစ်ကြောင်း
- သင်တန်းသား/သူများ အနေဖြင့် ရိုးရိုးကျင့် မြင့်မြင့်ကြံ၍ အပတ်တကုတ် ကြိုးစားကြစေလို ကြောင်း
- နိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုတွေ အများကြီး လုပ်နေပြီဖြစ်သည့်အတွက် အသုံးတဲ့သည့်သူများ ဖြစ်စေလိုကြောင်း
- မိမိ မိသားစု၊ မိမိရပ်ကွက်၊ မိမိအိမ်၊ မိမိနိုင်ငံအတွက် အသုံးတည့်သူများဖြစ်စေလိုကြောင်း
၃။ အခမ်းအနားကို နံနက်(၀၉း၃၀)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
