ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ (၂/၂၀၁၇) ကျင်းပ
ISSAIs based Financial Audit Manual and Guidelines နှင့်စပ်လျဉ်း၍ Training for Trainers အလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်၌ ကျင်းပ

၁။ ISSAIs based Financial Audit Manual and Guidelines နှင့်စပ်လျဉ်း၍ Training for Trainers အလုပ်ရုံ ဆွေးနွေးပွဲကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်၌ ၂၀၁၇ ခုနှစ်၊ မေလ (၈) ရက်နေ့မှ (၁၂) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။ အလုပ်ရုံ ဆွေးနွေးပွဲတွင် International of Supreme Audit Institutions (ISSAIs) ကို အခြေပြုရေးဆွဲထားသော Financial Audit Manual နှင့် Guidelines တွင် ပါဝင်သည့် အကြောင်းအရာများ၊ စာရင်းစစ်များ လိုက်နာကျင့်သုံးရမည့် ကျင့်ဝတ်များ (Code of Ethics)၊ အဖွဲ့အစည်းများ၏ Internal Control System အပေါ် ဆန်းစစ်မှုများ၊ စာရင်းစစ်ဆေးရာတွင် အလေးထားရမည့် Materiality Level သတ်မှတ်ပုံ၊ နမူနာကောက်ရွေးချယ်ပုံနည်းလမ်း (Sampling Method)၊ စာရင်းစစ် အန္တရာယ်အကဲဖြတ်ခြင်းနှင့် နယ်ပယ် (Risk Assessment and Scope)၊ လက်တွေ့စစ်ဆေးမှုတွင် အသေးစိတ်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် အဆင့်များ (Substantive Procedures)၊ အဖွဲ့အစည်းနှင့် ချိတ်ဆက်ဆောင်ရွက်ရာတွင် အသုံးပြုရမည့် ဆက်သွယ်မှုနည်းလမ်း (eg. Engagement Letter)၊ အစီရင်ခံစာပြုစုခြင်းနှင့် လိုက်နာဆောင်ရွက်မှုအပေါ် ကြီးကြပ်ခြင်း စသည်တို့ကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

၃။ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပရခြင်းဖြင့် International Standards of Supreme Audit Institutions (ISSAIs) အခြေပြု Financial Audit Manual and Guidelines ကို ထိထိရောက်ရောက် အသုံးပြုနိုင်သည့် နည်းလမ်းများအား ရှင်းလင်းစွာ သိရှိရပြီး လက်တွေ့နယ်ပယ်တွင် အကျိုးရှိရှိ အသုံးပြုနိုင်မည် ဖြစ်ပါသည်။ အခြားနိုင်ငံများ၏ လက်တွေ့ကျင့်ထုံးများကို ဆက်စပ် သိရှိရသဖြင့် ဗဟုသုတများစွာ ရရှိကြပါသည်။ အလုပ်ရုံ ဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ် စာရင်းစစ်ချုပ်ရုံးတို့မှ အရာထမ်းများ၊ Asia Development Bank နှင့် နော်ဝေနိုင်ငံ စာရင်းစစ်ချုပ်ရုံးတို့မှ ကျွမ်းကျင်ပညာရှင်များ စုစုပေါင်း (၇၀) ဦးတက်ရောက်ခဲ့ကြပါသည်။

PwC Myanmar Co., Ltd မှ Managing Director ဖြစ်သူ Mr. Ong Chao Choon ဦးဆောင်သောအဖွဲ့အား တွေ့ဆုံ

၁။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် PwC Myanmar Co., Ltd မှ Managing Director ဖြစ်သူ Mr. Ong Chao Choon ဦးဆောင်သောအဖွဲ့အား ၂၀၁၇ ခုနှစ် မေလ ၁၆ ရက်နေ့ နံနက် ၁၀း၀၀ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။

၂။ ထိုသို့တွေ့ဆုံရာတွင် စာရင်းအတတ်ပညာရှင် ကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက်စေရေး ၊ Non- accounting Services နှင့် Professional Services ဆိုင်ရာ လုပ်ငန်းများတွင် နိုင်ငံခြားသားများ၊ နိုင်ငံခြား ကုမ္ပဏီများ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ ဝင်ရောက်လုပ်ကိုင်နိုင်ရေး နှင့် ကုမ္ပဏီမှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စ ရပ်များ ကို ဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေနှင့် စပ်လျဉ်း၍ ၎င်းတို့၏အကြံပြုချက်များ နှင့် အတွေ့အကြုံများကို PwC Myanmar Co., Ltd က ဝေမျှပြောကြားခဲ့ပါသည်။

၃။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး မှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းမှ ဒုတိယဥက္ကဌ နှင့် တာဝန်ရှိသူ များ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် EU/GOPA မှ Result Oriented Monitoring (ROM) Expert ဖြစ်သူ Mr. Ali Dastgeer အား လက်ခံတွေ့ဆုံ

၁။ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းသည် EU/GOPA မှ Result Oriented Monitoring (ROM) Expert ဖြစ်သူ Mr. Ali Dastgeer အား ၂၀၁၇ ခုနှစ်၊ မေလ ၂၃ ရက်နေ့ မွန်းလွဲ ၂း၃၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ ဆုံခဲ့ပါသည်။

၂။ထိုသို့ တွေ့ဆုံရာတွင် Development Partners များ၏ အကူအညီဖြင့် ဤရုံးက ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ယင်းလုပ်ငန်းများ Overlap မဖြစ်စေရေး အတွက် Development Partners များအကြား ပူးပေါင်း ဆောင်ရွက်မှု အခြေအနေ၊ ဤရုံး နှင့် European Union တို့အကြား ပူးပေါင်း ဆောင်ရွက်သွားမည့် လုပ်ငန်းများ အခြေအနေစသည်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြပါသည်။

၃။ အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး မှ ညွှန်ကြားရေးမှုချုပ် (စစ်ဆေး ရေး) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ပြည်သူ့လုပ်ငန်းစစ်ဆေးရေးအဖွ့ဲ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ

နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ စာရင်းစစ်ချုပ်ဥပဒေ

Office of the Auditor General of the Union and Asia Development Bank jointly held workshop on Training for Trainers in order to support the functioning of Financial Audit manual and Guidelines with knowledge and experiences to be applied in practice

 

1.       Workshop on training for trainers for ISSAIs based Financial Audit Manual and Guidelines was held at the Office of the Auditor General of the Union, Nay Pyi Taw from May 8 to 12, 2017.

2.       In the workshop, the Resource Persons from Asia Development Bank discussed about Financial Audit Manual and Guidelines based on International Standards of Supreme Audit Institutions (ISSAIs) which contain Code of Ethics, Internal Control System, Materiality Level, Risk Assessment, Audit Sampling method, Risk Assessment and Scope, Substantive Procedures in practice, Communication channel with Auditees, Audit report and follow-up system.

3.       By holding the workshop, the participants understand the effective methods of Financial Audit Manual based on International Standards of Supreme Audit Institutions (ISSAIs) and to be used in practical work and also gained knowledge about the International practices. In the workshop, a total number of 70 persons who are the experts from Asia Development Bank and Office of the Auditor General of Norway, responsible officers from Office of the Auditor General of the Union and Office of the Auditor General of the Region/State were present. 

အရည်အချင်းစစ်စာမေးပွဲ ကျင်းပရန်ကိစ္စ

 
 
 
အရည်အချင်းစစ်စာမေးပွဲ ကျင်းပရန်ကိစ္စ

 
 
 
စာရင်းစစ်-၃များ လုပ်ငန်းခွင်ကျွမ်းကျင်မှု အမှတ်စဉ်(၄၆) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

၁။ ၂၀၁၇ ခုနှစ်၊ မေလ ( ၁၅ ) ရက်နေ့ နံနက် ( ၉း၃၀ ) နာရီ အချိန်တွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ စာရင်းစစ်-၃ များ လုပ်ငန်းခွင်ကျွမ်းကျင်မှု အမှတ်စဉ် (၄၆) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စု စာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့် လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။

၂။ အဆိုပါ အခမ်းအနားသို့ ညွှန်ကြားရေးမှူးချုပ် ( စစ်ဆေးရေးဦးစီးဌာန ) ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသား / သင်တန်းသူ ( ၁၁၄ ) ဦး တက်ရောက်ခဲ့ပါသည်။

၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်မှ -

- ယခု ဖွင့်လှစ်သော သင်တန်းသည် လုပ်ငန်းခွင် ကျွမ်းကျင်မှှု သင်တန်းဖြစ်၍ စာရင်းစစ်-၃များ အတွက် အရေးကြီးသော သင်တန်းဖြစ်ကြောင်း၊

- စာရင်းစစ်-၃ များသည် အခြေခံ စာရင်းပညာ ကျွမ်းကျင်သူများဖြစ်ကြသော်လည်း လက်တွေ့လုပ်ငန်းခွင်တွင် လုပ်ဆောင်နိုင်ရန် ကျွမ်းကျင်မှုများ လိုအပ်နေသေးသည့်အတွက် သင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊

- နိုင်ငံတကာတွင် အရည်အသွေးနှင့် ပတ်သက်၍ ရှေ့တန်းတင်နေသည့်ခေတ် ဖြစ်သဖြင့် Audit Management တွင် အရည်အသွေး ပြည့်စုံရန်လိုအပ်ကြောင်း၊

- နိုင်ငံတော် ကဏ္ဍစာရင်းစစ်များသည် စာရင်းများစစ်ဆေးရာတွင် ပြည်သူကိုယ်စား ပြု၍ စစ်ဆေးရခြင်းဖြစ်သဖြင့် တိုင်းပြည်ကို ပို၍ အကျိုးပြုနိုင်ကြောင်း၊

- လုပ်ငန်းနှင့် စပ်လျဉ်း၍ Technical Knowledge သည်လည်း အရေးကြီးသကဲ့သို့ ကျင့်ဝတ်ကိုလည်း စောင့်ထိန်းလိုက်နာဖို့ လိုအပ်ကြောင်း စသည်ဖြင့် မှာကြားခဲ့ပါသည်။

၄။ အခမ်းအနားကို နံနက်(၉း၄၅)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

Pages

Subscribe to Front page feed