ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပထမပိုင်း) အမှတ်စဉ် (၄၂) စာမေးပွဲတွင် ဘာသာရပ်အလိုက် ထူးချွန်ရရှိသူများ စာရင်းနှင့် အောင်ချက်ရာခိုင်နှုန်း
လက်မှတ်ရပြည်သူ့စာရင်းကိုင်များအဖြစ် မှတ်ပုံတင်ရန် အရည်အချင်းစစ်စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ကြေငြာခြင်း

လက်မှတ်ရပြည်သူ့စာရင်းကိုင်(ပထမပိုင်း) အမှတ်စဉ်-၄၂ အောင်စာရင်း

The Auditor General of the Union received the delegation from EU/GOPA led by Mr. Patrick McClay

1.       U Maw Than, the Auditor General of the Union received the delegation led by Mr. Patrick McClay, Program Manager of EU/GOPA at the office of the Auditor General of the Union, Nay Pyi Taw at 2:00 p.m. on 17th July, 2017.

2.       In the meeting, they discussed the matters concerning the plans of the EU support as Technical Assistance, the discussions about EU Budget Support among the Member States, to respond on the Study Report for Human Resources Capacities and Capacity Development needs that have done from EU Expert, Mr. Ray Watkins during June 2017, performing Study of Mandate, Independence, Legal Framework and Organizational Structure from EU Expert, Mr. Ander Hjertetrand in September, 2017 and holding the Validation Workshop on this Study Report.

3.       At the meeting, the Director General (Audit Department) and the responsible officers from the office of the Auditor General of the Union were also present.

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် EU/GOPA မှ Program Manager ဖြစ်သူ Mr. Patrick McClay ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

၁။   ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် EU/GOPA မှ Program Manager ဖြစ်သူ Mr. Patrick McClay ဦးဆောင်သောအဖွဲ့အား ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ မွန်းလွဲ ၂း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

၂။   ထိုသို့တွေ့ဆုံရာတွင် EU မှ Technical Assistance ပုံစံဖြင့် အထောက်အပံ့ ပေးမည့်အစီအစဉ်များ၊ EU Budget Support ကိစ္စနှင့်စပ်လျဉ်း၍ အဖွဲ့ဝင်နိုင်ငံများအကြား ဆွေးနွေးမှုအခြေအနေ၊ ၂၀၁၇ ခုနှစ် ဇွန်လအတွင်း Human Resources Capacities and Capacity Development needs အတွက် EU Expert, Mr.Ray Watkins မှ လေ့လာခဲ့သော အစီရင်ခံစာအပေါ် Feedback များပေးရေး၊ ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် EU Expert, Mr. Ander Hjertetrand က Mandate ၊ Independence၊ Legal Framework၊ Organizational Structure တို့အား လေ့လာမှု ပြုလုပ်မည့်ကိစ္စနှင့် ၎င်းလေ့လာချက် အစီရင်ခံစာအပေါ် Validation Workshop ကျင်းပရေး စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

၃။   အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

စာရင်းစစ်-၃များ လုပ်ငန်းခွင်ကျွမ်းကျင်မှုု အမှတ်စဉ်(၄၆) သင်တန်းဆင်းပွဲ အခမ်းအနား

၁။   ၂၀၁၇ခုနှစ်၊ ဇူလိုင်လ ( ၂၀ ) ရက်နေ့ ညနေ (၁၆း၀၀)နာရီအချိန်တွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ စာရင်းစစ်-၃များ လုပ်ငန်းခွင်ကျွမ်းကျင်မှုု အမှတ်စဉ်(၄၆) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်း ဆင်းလမ်းညွှန် အမှာစကားပြောကြားခဲ့ပါသည်။

၂။   အဆိုပါအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ သင်တန်း ကထိကများနှင့် သင်တန်းသား / သင်တန်းသူ ( ၁၁၄ ) ဦး တက်ရောက်ခဲ့ပါသည်။

၃။   အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအတိုင်း လမ်းညွှန်မှာကြား ခဲ့ပါသည်-

  • လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းများ အဆက်မပြတ် ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်မှာ စာရင်းစစ်များ၏ Capacity Building ကို မြှင့်တင်ပေးလိုခြင်း၊ လုပ်ငန်းဆိုင်ရာ ဗဟုသုတများ၊ စာရင်းစစ်ဆေးခြင်းဆိုင်ရာ အတတ်ပညာများ ပို၍ကျွမ်းကျင်လာစေလိုခြင်း၊ စာရင်းစစ် ကျင့်ဝတ်သိက္ခာများကို နားလည်စောင့်ထိန်းနိုင်သော ဝန်ထမ်းကောင်းများပေါ်ထွန်းလာစေ လိုခြင်း တို့ကြောင့် ဖြစ်ကြောင်း၊
  • စာရင်းစစ်ဆေးခြင်းအပြင် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေက ပေးအပ်ထားသော တာဝန် များကိုလည်း ထမ်းဆောင်ကြရမှာဖြစ်ကြောင်း၊
  • ပုဂ္ဂလိကပိုင်ကဏ္ဍ၊ နိုင်ငံတော်ပိုင်ကဏ္ဍအနေဖြင့် နေ့စဉ်နှင့်အမျှ ပြောင်းလဲနေသည်နှင့်အမျှ စာရင်းနှင့် စာရင်းစစ်ဆေးခြင်းသည်လည်း အမြဲတမ်းတိုးတက်နေသည့်အတွက် Up Date ဖြစ်အောင် သင်တန်းပေးရခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် သင်တန်းသားများအနေနှင့် ကြိုးစားနေဖို့ လိုပါကြောင်း၊
  • သင်တန်းသားများသည် မိမိ၏ အားသာချက်၊ အားနည်းချက်များကို သုံးသပ်ရမှာ ဖြစ်ပြီး မိမိ၏အားနည်းချက်၊အားသာချက်များကို သိရှိလာပါက အားနည်းသည့် နေရာမှာကုစား၊ ပြင်ဆင်၊ ဖြည့်ဆည်းပြီး အားသာတဲ့ အရည်အသွေးတွေကို ပိုပြီးကောင်းလာအောင် လုပ်ရမှာဖြစ်ကြောင်း၊
  • ယနေ့ခေတ်သည် ပညာခေတ် Age of Knowledge မဟုတ်တော့ဘဲ အိုင်ဒီယာခေတ် Age of Idea တွေးခေါ်မြော်မြင်မှုတွေနဲ့ ပကတိ စိတ်ကူးစိတ်သန်းတွေနဲ့ တီထွင်နိုင်အောင်၊ တိုးတက်အောင် စဉ်ဆက်မပြတ် လုပ်ဆောင်ကြရမည့် မဆုံးနိုင်တဲ့ကိစ္စဖြစ်ပြီး အမြဲတမ်း လိုအပ်နေတာဖြစ်ကြောင်း၊
  • သင်တန်းသားများသည် ခေတ်သစ်စနစ်သစ်နှင့်အညီ လိုက်လျောညီထွေ ဖြစ်စေရန် မိမိအပါအဝင် နိုင်ငံ့ဝန်ထမ်းအားလုံး တစ်ဦးချင်းပြုပြင်ပြောင်းလဲမှုမှသည် အားလုံး ပြုပြင်ပြောင်းလဲခြင်းဆီသို့ မဖြစ်မနေပြောင်းလဲရန် ကြိုးပမ်းကြရာ၌ အမူအကျင့်ကောင်းများ အတွေးအခေါ် အယူအဆအသစ်များဖြင့် ပြည်သူများ၏ အကျိုးစီးပွားကို ဖော်ဆောင်ကြပါလို့ မှာကြားလိုကြောင်း။

၄။   အခမ်းအနားကို ညနေ(၁၆း၁၅)နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း (MICPA) ၏ CPD ဟောပြောပွဲ
The Auditor General of the Union received the delegation from International Federation of Accountants (IFAC) led by Mr. Joseph Bryson

1.       U Maw Than, the Auditor General of the Union received the delegation led by Mr. Joseph Bryson, Deputy Director of International Federation of Accountants (IFAC) at the office of the Auditor General of the Union, Nay Pyi Taw at 10 : 00 AM on 17th July, 2017.

2.       In the meeting, they discussed the matters concerning the updates on PAO Capacity Building Program which cooperated by the IFAC and UK Department for International Development (DFID), the timeliness for implementation of the project to strengthen the accountancy profession in Myanmar through the institutional capacity building of the Myanmar Institute of Certified Public Accountants (MICPA), National  Professional Accountancy Organization (PAO) and the activities included in the first phase of the project.

3.       At the meeting, the Director General (Audit Department) and the responsible officers from the office of the Auditor General of the Union and the Vice Chairmen of MICPA were also present.

ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် IFAC မှ Deputy Director ဖြစ်သူ Mr. Joseph Bryson ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

၁။ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းသည် International Federation of Accountants (IFAC) မှ Deputy Director ဖြစ်သူ Mr. Joseph Bryson ဦးဆောင်သော အဖွဲ့အား ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

၂။ ထိုသို့ တွေ့ဆုံရာတွင် IFAC နှင့် UK DFID တို့ ပူးပေါင်းဆောင်ရွက်နေသော စာရင်းပညာရှင်များ စွမ်းရည်မြှင့်တင်ခြင်းအစီအစဉ်၏ လက်ရှိအခြေအနေများ၊ အမျိုးသားစာရင်းပညာရှင်အဖွဲ့ဖြစ်သော မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်အသင်း၏ အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ခြင်းမှတစ်ဆင့် မြန်မာနိုင်ငံ၏စာရင်းပညာရှင်ကဏ္ဍ ပိုမိုခိုင်မာလာစေရန် မြန်မာနိုင်ငံ စာရင်းပညာရှင် စွမ်းဆောင်ရည် မြှင့်တင်ခြင်း စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် အချိန်ကာလ သတ်မှတ်မှုနှင့် စီမံကိန်း၏ ပထမ အဆင့်တွင် ပါဝင်သော လုပ်ငန်းများနှင့့််စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

၃။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး မှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့ စာရင်းကိုင်များအသင်းမှ ဒုတိယဥက္ကဌ (၂) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။

Award of Contract for Desktops and Laptops

Notice of Award of Contract

Package No: MPFMp-D2-GS 241, Procurement of Desktop Computers and Laptop Computers

 

Procurement through Advertised Shopping Method

 

Details of Award

Name of the Supplier:

Access Spectrum Co.,Ltd.

Total Contract Price:

MMK 381,105,000  inclusive of  all customs duties and sales and other taxes

Signing Date:

27th April 2017

Summary Scope of the contract:

The Desktop Computers and Laptop Computers are to be used for the enhancement of the capacity building of the staff in the Office of the Auditor General of the Union.

 

 

Pages

Subscribe to Front page feed