ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

News and Activities

  ၁။ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းသည် KPMG in Hong Kong မှ Chief Operating Officer ဖြစ်သူ Mr. Geoff Wilson ဦးဆောင်သော KPMG ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်နေ့ နေ့လယ် ၁း၃၀ နာရီ တွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၁။       ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် Gavi The Vaccine Alliance အဖွဲ့ မှ Senior Manager ဖြစ်သူ Ms. Rosemary Owino ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင်‌့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများအား ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်၊ နေ့လယ် ၂း၁၅ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အစည်းအဝေး ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
   ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည်   နိုဝင်ဘာ နောက်ဆုံးပတ်က ဧရာဝတီတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးတွင် တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်စာရင်းစစ်ရုံးများမှ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး အမှာစကား ပြောကြားရာတွင် စာရင်းစစ်ဝန်ထမ်းများသည် အတတ်ပညာရှင်များဖြစ်၍ ပညာရှင်များ၏ ကျင့်ဝတ် သိက္ခာဖြစ်သည့် ရိုးသားဖြောင့်မတ်၍ သမာဓိရှိခြင်း၊ အရည်အချင်းပြည့်မီစွာ ဆောင်ရွက်ခြင်း၊ လုံ့လစိုက်ထုတ်၍ သတိသမ္ပစဉ်ဖြင့် ဆောင်ရွက်ခြင်း၊ လျှို့ဝှက်ထားရမည့်ကိစ္စအား လိုက်နာဆောင်ရွက်ခြင်း၊ ပြည်သူ့အကျိုးစီးပွားကို ဦးထိပ်တင်၍ ဆောင်ရွက်ခြင်းစသည့် ကျင့်ဝတ်များနှင့်အညီ လိုက်န
   အာဆီယံစာရင်းစစ်ချုပ်ရုံးများအဖွဲ့ Training Committee ၏ အလုပ်ရုံဆွေးနွေးပွဲများကို အဖွဲ့ဝင်နိုင်ငံများက အလှည့်ကျ တာဝန်ယူကျင်းပလေ့ရှိရာ အစိုးရကဏ္ဍဝယ်ယူမှုများအတွက် စာရင်းစစ်ဆေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Workshop on Audit of Public Procurement) ကို နေပြည်တော်၊ Park Royal Hotel ၌ ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၃၁) ရက်နေ့ မှ နိုဝင်ဘာလ (၆) ရက်နေ့အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါသည်။
၁။   ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် International Federation of Accountants (IFAC) မှ Technical Manager for Global Accountancy Program ဖြစ်သူ Mrs. Marta Russel နှင့် မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းမှ ကိုယ်စား လှယ်အဖွဲ့အား ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၉ ရက် နေ့လယ် ၁၂း၀၀ နာရီတွင် နေပြည်တော် ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။

Pages