ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

News and Activities

၁။ ၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁၃)ရက်နေ့ နံနက်(၁၀း၀၀)နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် အလယ်အလတ်အဆင့်/အဆင့်မြင့်စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု အမှတ်စဉ်(၉၆)သင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။ ၂။ အဆိုပါအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန) ဒုတိယညွန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊  ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိက များနှင့် သင်တန်းသား/သင်တန်းသူ ( ၂၄၂ )ဦး တက်ရောက်ခဲ့ကြပါသည်။
၁။၂၀၁၆ ခုနှစ်၊ ဇူလိုင်လ (၁၂) ရက်နေ့ နေ့လည် ၁၃း၃၀ နာရီ ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် အခြေခံစာရင်းကိုင်နှင့်ရုံးလုပ်ငန်း ကျွမ်းကျင်မှု အမှတ်စဉ်(၂၂၆)သင်တန်း  သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့် လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။ ၂။အဆိုပါအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေး မှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသား/သင်တန်းသူ (၁၄၄) ဦး တက်ရောက်ခဲ့ကြပါသည်။
၁။   ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဒသမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ၁၅-၇-၂၀၁၆ ရက်နေ့ နံနက် ၉:၃၀ နာရီတွင် ဤရုံး စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ ၂။   အဆိုပါ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ ပျဉ်းမနားမြို့၊ ဘုရားကြီးကျောင်းတိုက်နှင့် ရတနာဘုမ္မိသာရကျောင်းတိုက်များရှိ    သံဃာတော်အရှင်သူမြတ်များ    ကြွရောက်တော် မူကြပြီး    ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း နှင့်    ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းများက ဝါဆိုသင်္ကန်းနှင့်တကွ လှူဖွယ်ပစ္စည်းအစုစုတို့ကို ဆက်ကပ်လှူဒါန်း ကြပါသည်။
၁။       ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် World Bank မှ Senior Financial Management Specialist ဖြစ်သူ Mr. Christopher Robert Fabling နှင်‌့ PFM Project Task Team Leader ဖြစ်သူ Mr. Atul Deshpande တို့ဦးဆောင်သော အဖွဲ့အား ၂၀၁၆ခုနှစ် ဇူလိုင်လ (၁၃)ရက်နေ့ နံနက် ၁၁း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး    ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

Pages