ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

News and Activities

   အာဆီယံစာရင်းစစ်ချုပ်ရုံးများအဖွဲ့ Training Committee ၏ အလုပ်ရုံဆွေးနွေးပွဲများကို အဖွဲ့ဝင်နိုင်ငံများက အလှည့်ကျ တာဝန်ယူကျင်းပလေ့ရှိရာ အစိုးရကဏ္ဍဝယ်ယူမှုများအတွက် စာရင်းစစ်ဆေးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (Workshop on Audit of Public Procurement) ကို နေပြည်တော်၊ Park Royal Hotel ၌ ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၃၁) ရက်နေ့ မှ နိုဝင်ဘာလ (၆) ရက်နေ့အထိ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါသည်။
၁။   ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် International Federation of Accountants (IFAC) မှ Technical Manager for Global Accountancy Program ဖြစ်သူ Mrs. Marta Russel နှင့် မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များအသင်းမှ ကိုယ်စား လှယ်အဖွဲ့အား ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၉ ရက် နေ့လယ် ၁၂း၀၀ နာရီတွင် နေပြည်တော် ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံခဲ့ပါသည်။
၁။   ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် GIZ မှ Advisor ဖြစ်သူ Mr. Daniel BLESSING နှင့် GIZ ASEANSAI Project Assistant ဖြစ်သူ Ms. Dayana Lady တို့အား ၂၀၁၆ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့ နေ့လယ် ၂း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
ပြည်ထောင်စု   စာရင်းစစ်ချုပ်ရုံးနှင့်  နော်ဝေနိုင်ငံ   စာရင်းစစ်ချုပ်ရုံး   တို့အကြား နားလည်မှုစာချွန်လွှာ   လက်မှတ်ရေးထိုးရန်အတွက်   ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂ ရက်မှ ၇ ရက်အထိ နော်ဝေနိုင်ငံ အော်စလိုမြို့သို့ သွားရောက်ခဲ့ပြီး ၃-၁၀-၂၀၁၆ ရက်နေ့တွင် နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပါ သည်။
၁။   ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့  (International Monetary Fund - IMF) မှ Mission Chief ဖြစ်သူ Ms.Eliko Pedastsaar ဦးဆောင် သောကိုယ်စားလှယ်အဖွဲ့အား ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၂၀) ရက်၊ နေ့လယ် ၁း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။ ၂။   ထိုသို့တွေ့ဆုံရာတွင် ဘတ်ဂျက်အကောင်အထည်ဖော်ခြင်း၊ ဘဏ္ဍာရေးအစီရင်ခံခြင်း၊ ဌာနတွင်း စာရင်းစစ်ဆေးခြင်း၊ ပြင်ပစာရင်းစစ်ဆေးခြင်းဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေး ခဲ့ပါသည်။

Pages