ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ (၁၄) ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် အခမ်းအနားကို ဘုရားကြီးကျောင်းတိုက်နှင့် ရတနာဘုမ္မိသာရကျောင်းတိုက်တို့၌ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်၊ နံနက် ၀၉:၀၀ နာရီတွင် ကျင်းပရာ ကထိန်လျာဉတ်သင်္ကန်းကြီး နှင့် လှူဖွယ်ဝတ္ထုအစုစု ငွေကျပ် ၄,၈၁၁,၂၀၀ နှင့်ပစ္စည်းတန်ဖိုး ကျပ် ၃,၇၅၆,၈၀၀ စုစုပေါင်း ကျပ် ၈,၅၆၈,၀၀၀ တို့အား သံဃာတော်အရှင်သူမြတ်များထံ ဆက်ကပ်လှူဒါန်းပြီး ဆရာတော်များမှ ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ခြင်း၊ အနုမောဒနာတရား ဟောကြားချီးမြှင့်ခြင်းနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေခြင်းတို့ကို ပြုလုပ်ကြပါသည်။
ဝိသာခါပုဏ္ဏမီဂုဏ်ဝေ သီလရှင်ပရဟိတစာသင်တိုက်အတွင်းရှိ သီလရှင်များအတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် ဝန်ထမ်းများကလူဒါန်းသည့် အလှူငွေ ကျပ် ၁,၁၂၃,၀၀၀ ဆက်ကပ်လှူဒါန်းပွဲကို ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့ နံနက် ၀၉:၀၀ နာရီတွင် နေပြည်တော်၊ လယ်ဝေးမြို့ရှိ ဝိသာခါပုဏ္ဏမီဂုဏ်ဝေ သီလရှင်ပရဟိတစာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူများက သီလရှင်များထံ အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ပါသည်။



























