Source: http://www.moi.gov.mm/npe/mal/
Source: http://www.moi.gov.mm/npe/km/
1. U Maw Than, the Auditor General of the Union received the delegation from European Union (EU), lead by Dr. Johan Hesse, Head of Cooperation, at the Office of the Auditor General of the Union, Nay Pyi Taw at 10:00 a.m on 16th November, 2017.
2. In this meeting, they discussed regarding the study report of Human Resource prepared by Mr. Ray Watkin and study report of Legal Framework of OAG prepared by Mr. Anders, and the EU assistance to OAG in the future.
3. At the meeting, the Director General (Audit Department) and responsible persons from the Office of the Auditor General of the Union were also present.
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် European Union (EU) မှ Head of Cooperation ဖြစ်သူ Dr. Johan Hesse ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၇ခုနှစ် နိုဝင်ဘာလ (၁၆) ရက် နေ့၊ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ ပါသည်။
၂။ ထိုသို့တွေ့ဆုံရာတွင် Mr. Ray Watkin ပြုစုသည့် ဤရုံး၏ Human Resource နှင့် Mr. Anders ပြုစုသည့် Legal Framework အစီရင်ခံစာ (၂) စောင်နှင့်စပ်လျဉ်းသည့်ကိစ္စရပ်နှင့် EU မှ ရှေ့ဆက်လက် အကူအညီပေးနိုင်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
၃။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး) နှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ပါသည်။
၁။ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ(၂၀) ရက်နေ့ နေ့လည်(၁း၀၀) နာရီတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ စာရင်းစစ်(၁)များ လုပ်ငန်းခွင် ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၃၃) သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပရာ ပြည်ထောင်စု စာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဆင်း အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသား/သင်တန်းသူ ( ၉၈) ဦး တက်ရောက်ခဲ့ပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်က အောက်ပါတို့ကို လမ်းညွှန်မိန့်ကြားခဲ့ ပါသည်-
- စာရင်းစစ်(၁)များသည် စစ်ဆေးရေးအဖွဲ့များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်ကြသည့်အတွက် စွမ်းဆောင်ရည်ပြည့်ဝစွာ ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊
- သင်တန်းမှ ပို့ချလိုက်သည့် အတတ်ပညာ၊ ဗဟုသုတများဖြင့်သာ ရပ်မနေဘဲ Self Education လုပ်ရန် လိုအပ်ကြောင်းနှင့် ပညာရပ်များသည် ဆုံးခန်းတိုင်သည်ဟူူ၍ မရှိ ကြောင်း၊
- ခေါင်းဆောင်များသည် မိမိတို့၏ အသိပညာ အတတ်ပညာများကို လက်ဆင့်ကမ်းပေးရန် Ethic များကို လိုက်နာသည့် နမူနာကောင်းများ ပြပေးရန်လိုအပ်ကြောင်း၊
- ခေါင်းဆောင်မှုပေးရမည့် ရာထူး၌ ခေါင်းဆောင်မှု စွမ်းရည်ရှိရန် လိုအပ်ကြောင်း၊
- စာရင်းစစ်ဆေးရေးအဖွဲ့များတွင် ခေါင်းဆောင်ဖြစ်သည့် စာရင်းစစ်(၁)များသည် စာရင်းစစ်(၃) များကို သင့်တင့်မျှတစွာ တာဝန်ခွဲပေးရန် လိုအပ်ကြောင်း၊
- Team Work ဖြင့် လုပ်ကိုင်ဆောင်ရွက်တတ်ရန် လိုအပ်ကြောင်း၊
- နိုင်ငံပိုင်ကဏ္ဍ စာရင်းစစ်များ၏ လုပ်ငန်းနယ်ပယ်သည် ပုဂ္ဂလိက ကဏ္ဍစာရင်းစစ်များထက် ပိုမိုကျယ်ပြန့်ပြီး တိုင်းပြည်အတွက် ပိုမိုအကျိုးပြုကြောင်း၊
- စာရင်းစစ်ဆေးရေး လုပ်ငန်းများကို ရိုးသားဖြောင့်မတ်စွာဖြင့် ဥပဒေ၊ စည်းကမ်း၊ ကျင့်ဝတ် ဘောင်အတွင်း ရိုးရိုးသားသား သိက္ခာရှိရှိဖြင့် စံပြစာရင်းစစ်များအဖြစ် ပြုမူနေထိုင်ကြရန် တိုက်တွန်းလိုကြောင်း။
၄။ အခမ်းအနားကို နေ့လည် (၁း၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
၁။ ၂၀၁၇ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက် နေ့လည်(၁၅း၀၀)နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် အဆင့်မြင့်/အလယ်အလတ်အဆင့်စာရင်းကိုင်နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်(၉၇)သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊သင်တန်းကထိက များနှင့်သင်တန်းသူ/သင်တန်းသားများတက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအချက်များကို လမ်းညွှန် မှာကြား ခဲ့ပါသည်-
- နိုင်ငံတော်အဖွဲ့အစည်းများမှဝန်ထမ်းများကို အခြေခံအဆင့်၊ အလယ်အလတ်အဆင့် နှင့် အဆင့်မြင့်ဟူ၍ အဆင့် ၃ ဆင့်ခွဲခြားကာ စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်း ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း၊
- ယခုသင်တန်းသို့ ဝန်ကြီးဌာနအသီးသီးအောက်ရှိ ဦးစီးဌာနများ၊ စီးပွားရေးအဖွဲ့ အစည်းများမှ သင်တန်းသူ/သား(၁၀၅)ဦးသည် အဆင့်မြင့်သင်တန်း၊ သင်တန်းသူ/ သား(၂၆၉)ဦးသည် အလယ်အလတ်အဆင့်သင်တန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သင်တန်းသူ/ သား (၃၉)ဦးသည် အလယ်အလတ်အဆင့်သင်တန်းနှင့် ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သင်တန်းသူ / သား (၅၂)ဦးသည် အလယ်အလတ် အဆင့်သင်တန်းနှင့် သင်တန်းသူ/ သား (၁၉) ဦးသည် အဆင့်မြင့် သင်တန်းသို့ တက်ရောက်ကြသည့်အတွက် စုစုပေါင်း(၄၈၄)ဦး တက်ရောက်ခဲ့ကြောင်း၊
- နိုင်ငံတော်ကြီးအား စနစ်သစ်ဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်အဖြစ် တည်ဆောက်သည့် နေရာတွင် ဝန်ထမ်းအသီးသီးသည် ပြည်သူလူထုအကျိုးစီးပွား ကို ယခင်ကထက် ပိုမိုကာကွယ်စောင့်ရှောက်ပေးရမှာဖြစ်ကြောင်း၊
- ကထိကများကလည်း တကယ်နားလည်တတ်ကျွမ်းပြီး အရည်အချင်းပြည့်ဝသည့် သူများပေါ်ထွက်လာရန်အတွက် ရည်ရွယ်ချက်များထားရှိပြီး သင်ကြားပေးခြင်းဖြစ် ကြောင်း၊
- သင်တန်းတွင်သင်ကြားပေးလိုက်သည့် ဘာသာရပ်အားလုံးသည် သင်တန်းသူ/သား များ သိသင့်သိထိုက်၊ ကျွမ်းကျင်သင့်ကျွမ်းကျင်ထိုက်သည့် အခြေအနေအရပ်ရပ်ကို ခြုံငုံမိအောင် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း၊
- မိမိအလုပ်ကို ကျွမ်းကျင်အောင်မြင်စွာ လုပ်ကိုင်နိုင်ခြင်းအားဖြင့် မိမိတွင်အကျိုးရှိ သကဲ့သို့ မိမိတို့၏အဖွဲ့အစည်း၊ မိမိတို့၏နိုင်ငံတွင်လည်း အကျိုးရှိပြီး သင်ကြားပို့ချ ပေးလိုက်သည့် ကထိကများ၏စေတနာကိုလည်း အလေးထားရာရောက်ကြောင်း၊
- လုပ်ငန်းဆောင်ရွက်ရာမှာ စာရင်းများကိုစည်းမျဉ်းစည်းကမ်းနှင့်အညီ အမှားအယွင်း မရှိ ရေးဆွဲနိုင်ပြီး မမှန်ကန်မှု၊ လေလွင့်ဆုံးရှုံးမှုများမဖြစ်အောင် လုပ်ဆောင်ကြရန် မှာကြားလိုကြောင်း၊
- ယခုသင်တန်းတွင် သင်တန်းသူ /သား အများအပြား တက်ရောက်ကြသည့်အတွက် ဝမ်းမြောက်ဝမ်းသာဖြစ်ရကြောင်း၊
- နိဂုံးချုပ်အနေနှင့် သင်တန်းသူ/သားသည်နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် ဝန်ထမ်း များစောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်သိက္ခာ၊ စည်းမျဉ်းစည်းကမ်းများလိုက်နာရန် နှင့် စာမေးပွဲကို အဆင့်ကောင်းကောင်းဖြင့် အောင်မြင်၍ မိမိတို့သင်ကြားခဲ့သည့် ပညာရပ်များကို နိုင်ငံတော်နှင့်ပြည်သူများအကျိုးကို ဆထက်ထမ်းပိုးတိုးပြီး ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်သည့် ဝန်ထမ်းကောင်းများဖြစ်ကြရန် မှာကြားလိုကြောင်း။
၄။ သင်တန်းဆင်းပွဲအခမ်းအနားကို နေ့လည် (၁၅း၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
၁။ ၂၀၁၇ ခုနှစ်၊နိုဝင်ဘာလ( ၂၀ )ရက်နံနက်(၁၀း၀၀)နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ ၂၀၁၇-၂၀၁၈ ပညာသင်နှစ် ဒီပလိုမာစာရင်းကိုင် (ပထမပိုင်း) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ရာ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက် ၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေးဦးစီးဌာန)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ကထိကများနှင့် သင်တန်းသား/သင်တန်းသူ ( ၂၅၄ ) ဦးတက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်မှ အောက်ပါ အချက်များကို မှာကြားခဲ့ပါသည်-
- စီးပွားရေးစနစ်သည် ဈေးကွက်စီးပွားရေးကို အခြေခံသည့် စနစ်ဖြစ်သောကြောင့် ကုမ္ပဏီများ၊ ဖက်စပ်လုပ်ငန်းများ၊ အစုစပ်လုပ်ငန်းများ ပေါ်ပေါက်လာပြီး လုပ်ငန်းများ ၏ မှန်ကန်တိကျသည့်စာရင်းဇယားများသည် လုပ်ငန်း၏အောင်မြင်မှု၊ ဆုံးရှုံးမှုကို ဖော်ညွှန်းနေကြောင်း၊
- နိုင်ငံတော်၏ လူသားစွမ်းရည်အရင်းအမြစ်ဖွံဖြိုးတိုးတက်ရေးအတွက် စာရင်းပညာ တတ်ကျွမ်းသူများ အများအပြား မွေးထုတ်ပေးလျှက်ရှိကြောင်း၊
- ပြည်ပမှ Grants,Aids,Loans များ အများအပြား ရရှိလျက်ရှိပြီး ယင်းငွေများဖြင့် ဆောင်ရွက်သော လုပ်ဆောင်ချက်များကို မှန်ကန်စွာ စစ်ဆေးရန်အတွက် စာရင်း ပညာရှင် အများအပြား လိုအပ်နေကြောင်း၊
- စာရင်းပညာရှင်များအနေဖြင့် စာရင်းပညာဆိုင်ရာအရည်အချင်း၊ အတွေ့အကြုံများ ပြည့်ဝနေရန် လိုအပ်သည့်အပြင် စောင့်ထိန်းနေရမည့် ကျင့်ဝတ်သိက္ခာများ စည်းကမ်း များနှင့်အညီ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊
- စာမေးပွဲမှာ အောင်မှတ်အနေဖြင့် အမှတ်(၄၀)သတ်မှတ်ထားပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် ကျင်းပမည့်စာမေးပွဲမှစတင်၍ ဖြေဆိုမည့်ဘာသာရပ်များကို Module 1, Module 2 ခွဲခြားသတ်မှတ်ခဲ့ပါကြောင်း၊ စာရင်းရေးစာရင်းကိုင်၊ ဘောဂဗေဒ၊ စီးပွားရေး သင်္ချာနှင့်စာရင်းအင်းပညာဘာသာရပ်တို့ကို Module 1, ကူးသန်းရောင်းဝယ်မှု အထွေထွေဗဟုသုတနှင့် စီးပွားရေးဥပဒေဘာသာရပ်တို့ကို Module 2 အနေနဲ့ သတ်မှတ်ခဲ့ပြီး ကနဦးဖြေဆိုချိန်မှာ သင်တန်းအလိုက်သက်ဆိုင်ရာဘာသာရပ်အားလုံး ဖြေဆိုရမှာဖြစ်ပြီး Module တစ်ခုထဲမှ ဘာသာရပ်တစ်ခုခုကျရှုံးခဲ့လျှင် ယင်း Module ထဲက ဘာသာရပ်အားလုံးကို တစ်ဆက်တည်း ၃ ကြိမ်အထိ ပြန်လည်ဖြေဆိုခွင့်ရှိပါ ကြောင်း၊ တစ်ဆက်တည်း ၃ ကြိမ်အတွင်း အောင်မြင်မှုမရှိခဲ့လျှင်ဖြစ်စေ၊ စာမေးပွဲ ဝင်ရောက်ဖြေဆိုခြင်းမရှိလျှင်ဖြစ်စေ ကနဦးစာမေးပွဲဖြေဆိုသည့်အတိုင်း ပြန်လည် ဖြေဆိုခွင့်ရှိပါကြောင်း၊
- စာမေးပွဲ၏အဆင့်အတန်း အောင်မြင်သူများ၏အရည်အသွေးကို ထိန်းသိမ်းမြှင့်တင် ကြရန်လိုကြောင်း၊
- မိမိတို့၏နားလည်တတ်ကျွမ်းမှုကို အဆင့်မြင့်မြင့် ပြသကြရန် လိုကြောင်း၊
၄။ အခမ်းအနားကို နံနက်(၁၀း၃၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
Source: http://www.moi.gov.mm/npe/mal/
