ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

ပြည်ထောင်စုစာရင်းစစ်ချုပ်ဉီးမော်သန်းသည် Legal Framework of the Office of the Auditor General of the Union in line with INTOSAI Standards and Practices ဆွေးနွေးပွဲနှင့် နေ့လယ်စာစားပွဲသို့ တက်ရောက်

ပြည်ထောင်စုစာရင်းစစ်ချုပ်ဉီးမော်သန်းနှင့် တာဝန်ရှိသူများသည် ၂၀၁၉ ခုနှစ်၊ မေလ ၂၅ ရက်နေ့၊ နံနက် ၈:၃၀ နာရီတွင် နေပြည်တော်၊ Park Royal Hotel ၌ EU GOPA ၏ My Governance Projectမှ ကြီးမှူးကျင်းပသည့် Legal Framework of the Office of Auditor General of the Union in line with INTOSAI Standards and Practices ဆွေးနွေးပွဲနှင့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲမှာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့်သက်ဆိုင်သည့် ဥပဒေမူဘောင်ကို နိုင်ငံတကာစာရင်း စစ်ချုပ်ရုံးများအဖွဲ့ (INTOSAI) ၏ စံများနှင့်အညီဖြစ်အောင်ပြင်ဆင်၍ လက်တွေ့ဆောင်ရွက်နေမှုများကို ဥပဒေမူဘောင်နှင့်အညီ ဆောင်ရွက်နိုင်ရန် ကျင်းပခြင်းဖြစ်ပါသည်။

ပထမဉီးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ်က အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးမှ Director General ဖြစ်သူ Ms. Tora Jarlsby က SAI Mandate and Independence: International Best Practices နှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် ဒေါ်နိုင်သက်ဉီးက Practices of Union Auditor General Office and Challenges နှင့်စပ်လျဉ်း၍လည်းကောင်း၊ My Governance Project မှ Senior Legal Consultant ဖြစ်သူ ဒေါက်တာဒေါ်ခင်မာရီက Comparison between Myanmar Legal Framework and International Standards of Supreme Audit Institutions (ISSAI) နှင့်စပ်လျဉ်း၍လည်း ကောင်းဆွေးနွေးကြရာ တက်ရောက်လာသူများက အကြံပြုဆွေးနွေးခြင်း၊ သိရှိလိုသည်များ မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ၊ ဥပဒေကြမ်းပူးပေါင်းကော်မတီ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံဆိုင်ရာဉရောပသမဂ္ဂ၏ My Governance Project ကိုယ်စားလှယ် အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ဉီးမော်သန်းသည် နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးမှ Director General အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုစာရင်းစစ်ချုပ်ဉီးမော်သန်းသည် နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးမှ Director General ဖြစ်သူ Ms. Tora Jarlsby အား ၂၀၁၉ ခုနှစ်၊ မေလ ၂၄ ရက်နေ့၊ နံနက် ၉:၄၅ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ဤရုံး၏ ဥပဒေမူဘောင်ကို EU Expert များက နိုင်ငံတကာစံများနှင့် နှိုင်းယှဉ်၍ ဆောင်ရွက်ပေးထားသော GAP Analysis ဆိုင်ရာကိစ္စ၊ ဝန်ထမ်းခန့်အပ်မှုနှင့် ဘတ်ဂျက်ဆိုင်ရာကိစ္စ၊ စာရင်းစစ်အစီရင်ခံစာကို လွှတ်တော်သို့တင်ပြမှု၊ ပွင့်လင်းမြင်သာမှုဆိုင်ရာကိစ္စနှင့် Data Analysis အတွက် နော်ဝေစာရင်းစစ်ချုပ်ရုံးက အကူအညီပေးမည့် ကိစ္စရပ်များအား ဆွေးနွေးကြခဲ့ပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှုးချုပ် (စစ်ဆေးရေး) နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

အမြဲတမ်းအတွင်းဝန်ဉီးဆောင်သော စီမံခန့်ခွဲရေးပိုင်းမှ တာဝန်ရှိသူများနှင့်  Ms. Tora Jarlsby တို့သည် နံနက် ၁၀:၃၀ နာရီမှ ၁၂:၀၀ နာရီအထိ တစ်ကြိမ်၊ နေ့လယ် ၁:၃၀ နာရီမှ ၃:၀၀ နာရီအထိ တစ်ကြိမ် ဤရုံး အစည်းအဝေးခန်း၌ တွေ့ဆုံခဲ့ကြရာတွင် Ms. Tora Jarlsby ကနော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံး၏ ဖွဲ့စည်းပုံဆိုင်ရာ ပြောင်းလဲမှုများ၊ စစ်ဆေးရေးနည်းလမ်းသစ်များ၊ ဆောင်ရွက်နေသည့်အစီအစဉ်များနှင့် ခေတ်မီပြောင်းလဲတိုးတက်နေမှုများနှင့်စပ်လျဉ်းသော အတွေ့အကြုံများကိုမျှဝေပြီး ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၏ ဥပဒေဆိုင်ရာမူဘောင်၊ ဖွဲ့စည်းပုံနှင့် စစ်ဆေးရေးစွမ်းဆောင်ရည် တိုးတက်မြင့်မားစေရေးတို့အတွက် ပြောင်းလဲရေးလုပ်ငန်းစဉ်များနှင့် တွေ့ကြုံရမည့်စိန်ခေါ်မှုများကို ဆွေးနွေးခဲ့ကြပါသည်။

ဦးစီးအရာရှိများမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၉) သင်တန်းဆင်းပွဲအခမ်းအနား

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

သတင်းထုတ်ပြန်ချက်

၂၀၁၉ ခုနှစ်၊ မေ (  ၂၇   ) ရက်

၁။      ၂၀၁၉ ခုနှစ်၊ မေလ ( ၂၄ ) ရက်နေ့ မွန်းလွဲ  ၃:၃၀နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် ဦးစီးအရာရှိများမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းတက်ရောက်၍ သင်တန်းဆင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။

၂။       အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်း ကထိကများနှင့် သင်တန်းသား/သင်တန်းသူ (၈၃)ဦး တက်ရောက်ခဲ့ကြပါသည်။

၃။      အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည် -

  • ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေနှင့်အညီ “ စာရင်းပညာတိုးတက်ပြန့်ပွားရေး ” နှင့် “လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်ရေး” ရည်ရွယ်ချက်ဖြင့် မိမိတို့ လက်တွေ့ဆောင်ရွက်ခဲ့သည့် စစ်ဆေးရေးလုပ်ငန်းများ၏ အတွေ့အကြုံများ ကို အခြေပြုကာ နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသည့် အလေ့အထများနှင့် နှိုင်း ယှဉ်သုံးသပ်ကာ အကြောင်းအရာစုံလင်စွာဖြင့် ပို့ချဆွေးနွေးပေးထားကြောင်း၊
  • သင်တန်းသား/ သူများ၏ လက်တွေ့ တွေ့ကြုံရသည့်အခက်အခဲများကို သိမ်မွေ့စွာ ဖြေရှင်းဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊ နိုင်ငံတကာစာရင်းစစ်ချုပ်ရုံးများ၏ မူဘောင်ဖြစ်သည့် Lima Declaration နှင့် Mexico Declaration တို့တွင် ပြဋ္ဌာန်း ထားသည်များကိုလည်း ပို့ချဆွေးနွေးပေးထားကြောင်း၊
  • သင်တန်းသား/ သူများသည် မိမိတို့ရရှိသည့် အသိပညာများကို လုပ်ဖော် ကိုင်ဘက်များအား လက်ဆင့်ကမ်းမျှဝေရန်၊ ခေတ်စနစ်နှင့်ပညာရပ်များ၏ ပြောင်း လဲနေမှုအပေါ်လိုက်လျောညီထွေလိုက်ပါနိုင်သော အရည်အချင်းကို ပြုစုပျိုးထောင် ကြစေလိုကြောင်း၊
  • မိမိတို့အဖွဲ့အစည်းက ချမှတ်ထားသည့်လုပ်ငန်းစဉ်များ၊ ရှေ့ဆက်ဆောင်ရွက်မည့် အခင်းအကျင်း၊ အစီအမံများကို မျက်ခြည်မပြတ် သိရှိနားလည်ထားရန်လိုကြောင်း၊
  • ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ မိမိတို့၏ လုပ်ငန်း တာဝန်များ ပိုမိုကျယ်ပြန့်လာသည်ကို တွေ့ရှိနိုင်ကြောင်း၊ လုပ်ငန်းအတွက် လိုအပ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်း၏ သဘောတူညီချက်ဖြင့် တတ်သိ ပညာရှင်များ၏ ကျွမ်းကျင်မှုအကူအညီ ရယူဆောင်ရွက်ခြင်းကိုလည်း ဥပဒေအရ ခွင့်ပြုထားပြီးဖြစ်ကြောင်း၊
  • မြို့နယ်အဆင့်တွင် ဦးဆောင်ရသူများဖြစ်၍ ခက်ခဲသည့်စိန်ခေါ်မှုများ ကြုံတွေ့နိုင်ပြီး စိန်ခေါ်မှုများကို အခွင့်အလမ်းအဖြစ်မှတ်ယူ၍ မိမိတို့၏ ကိုင်တွယ်ဖြေရှင်းနိုင် စွမ်းကိုပြရန် လိုပါကြောင်း၊
  • စစ်ဆေးရေးလုပ်ငန်းများတွင် ရလဒ်ကောင်းများထွက်ပေါ်ရေး ကိုယ်စွမ်း၊ဥာဏ်စွမ်း ရှိသရွေ့ ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းကျင့်ဝတ်သိက္ခာကို စောင့်ထိန်းကြရန်၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့်အနေဖြင့် ပါဝင်ကြိုးပမ်းကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း။

၄။      သင်တန်းဆင်းပွဲအခမ်းအနားကို  မွန်းလွဲ   ၄:၀၀  နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

ဦးစီးအရာရှိများမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၉) သင်တန်းဖွင့်ပွဲအခမ်းအနား

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

သတင်းထုတ်ပြန်ချက်

၂၀၁၉ ခုနှစ်၊ မေလ (၂၁) ရက်

၁။        ၂၀၁၉ ခုနှစ်၊ မေလ (၂၁ ) ရက်နေ့နံနက် ၉ : ၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ တွင် ဦးစီးအရာရှိများမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းတက်ရောက်၍ သင်တန်းဖွင့်လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။

၂။         အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသား/ သင်တန်းသူ (၈၃) ဦး တက်ရောက်ခဲ့ကြပါသည်။

၃။        အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည်-

  • စာရင်းစစ်ဆေးခြင်း၏ ရည်ရွယ်ချက်မှာ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များသည် နိုင်ငံတော်နှင့်ပြည်သူအတွက် မည်သည့်အတိုင်းအတာပမာဏအထိ အကျိုးသက်ရောက်မှု ရှိ မရှိ စိစစ်သုံးသပ်နိုင်အောင် စစ်ဆေးခြင်းဖြစ်သည်ကို သိရှိနားလည်ထားရမည်ဖြစ်ကြောင်း၊
  • ဌာနအဖွဲ့အစည်းများသည် ပြည်သူ့ဘဏ္ဍာငွေကိုသုံးစွဲ၍ လုပ်ငန်းများဆောင်ရွက်ရာ၌ အကျိုးရှိမှု၊ ထိရောက်မှု၊  စီမံခန့်ခွဲမှုဆိုင်ရာများနှင့်ချမှတ်ထားသည့်လုပ်ငန်းစနစ်များတွင် အားနည်းချက်များ ရှိ မရှိ မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ဖို့လိုအပ်ကြောင်း၊
  • ခေတ်စနစ်အရ တိုးတက်ပြောင်းလဲလျက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများကို လက်လှမ်းမီသိရှိနိုင်ရေး မပြတ်ဖြည့်ဆည်းကြမှသာ ပို၍ ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊
  • မိမိတို့အဖွဲ့အစည်း၏ လုပ်ငန်းတစ်ခုတည်းကိုသာ ကျွမ်းကျင်မှုရှိရုံမျှသာမက ဆက်စပ်အဖွဲ့ အစည်းများ၏ ပြောင်းလဲလာမှုများကိုလည်း သိရှိနားလည်ရန်လိုအပ်ကြောင်း၊
  • ဤရုံး၏ “ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရေး ထိန်းကျောင်းပေး” ဟူသော ဆောင်ပုဒ်နှင့်အညီ ဌာနအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် စည်းမျဉ်းမကျနမှု၊ ဌာနတွင်းကြီးကြပ်ကွပ်ကဲမှု အားနည်းချက်များ တွေ့ရှိပါက  အပြုအသဘောဝေဖန်ထောက်ပြ ခြင်း၊ မျှတသောရှုထောင့်အမြင်ဖြင့်အကြံပြုခြင်း ဆောင်ရွက်ပေးရန်လိုကြောင်း၊
  • ဤသင်တန်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေဆိုင်ရာပြဋ္ဌာန်းချက်များ၊ ပြည်ထောင်စု အခွန်ကောက်ဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ အမျိုးသားစီမံကိန်း၊ Budget စစ်ဆေးခြင်း၊ Project စစ်ဆေးခြင်းအပါအဝင် နိုင်ငံတကာတွင်ကျင့်သုံးနေသော နိုင်ငံတကာ နိုင်ငံပိုင်ကဏ္ဍ စာရင်းစစ် စံများ (IPSAS)၊ ISSAI ဘာသာရပ်များကို ပို၍ ပြည့်ပြည့်စုံစုံ ပို့ချသွားရန် စီမံထားကြောင်း၊
  • ဦးစီးအရာရှိများအနေဖြင့် ပြည်သူ့ဝန်ထမ်းများဖြစ်သည့်အားလျော်စွာ နိုင်ငံတော်နှင့်ပြည်သူ့ အကျိုးအတွက် အလုပ်ကိုရိုးသားကြိုးစားလုပ်ကိုင်ကြရန်၊ ပြည်သူ့အကျိုးစီးပွား တိုးတက်စေရေး အတွက် ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် အလုပ်အကျွေးပြုကြရန် လိုအပ်ကြောင်း၊

၄။        သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက်   ၉း ၃၀  နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

ဦးစီးအရာရှိများမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၉) သင်တန်းဖွင့်ပွဲအခမ်းအနား

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

သတင်းထုတ်ပြန်ချက်

၂၀၁၉ ခုနှစ်၊ မေလ (၂၁) ရက်

၁။        ၂၀၁၉ ခုနှစ်၊ မေလ (၂၁ ) ရက်နေ့နံနက် ၉ : ၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ တွင် ဦးစီးအရာရှိများမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းတက်ရောက်၍ သင်တန်းဖွင့် လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။

၂။         အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသား/ သင်တန်းသူ (၈၃) ဦး တက်ရောက်ခဲ့ကြပါသည်။

၃။        အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည်-

  • စာရင်းစစ်ဆေးခြင်း၏ ရည်ရွယ်ချက်မှာ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များသည် နိုင်ငံတော်နှင့်ပြည်သူအတွက် မည်သည့်အတိုင်းအတာပမာဏအထိ အကျိုးသက်ရောက်မှု ရှိ မရှိ စိစစ်သုံးသပ်နိုင်အောင် စစ်ဆေးခြင်း ဖြစ်သည်ကို သိရှိနားလည်ထားရမည်ဖြစ်ကြောင်း၊
  • ဌာနအဖွဲ့အစည်းများသည် ပြည်သူ့ဘဏ္ဍာငွေကိုသုံးစွဲ၍ လုပ်ငန်းများဆောင်ရွက်ရာ၌ အကျိုးရှိမှု၊ ထိရောက်မှု၊  စီမံခန့်ခွဲမှုဆိုင်ရာများနှင့်ချမှတ်ထားသည့်လုပ်ငန်းစနစ်များတွင် အားနည်းချက်များ ရှိ မရှိ မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ဖို့ လိုအပ်ကြောင်း၊
  • ခေတ်စနစ်အရ တိုးတက်ပြောင်းလဲလျက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများကို လက်လှမ်းမီသိရှိနိုင်ရေး မပြတ်ဖြည့်ဆည်းကြမှသာ ပို၍ ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊
  • မိမိတို့အဖွဲ့အစည်း၏ လုပ်ငန်းတစ်ခုတည်းကိုသာ ကျွမ်းကျင်မှုရှိရုံမျှသာမက ဆက်စပ်အဖွဲ့ အစည်းများ၏ ပြောင်းလဲလာမှုများကိုလည်း သိရှိနားလည်ရန်လိုအပ်ကြောင်း၊
  • ဤရုံး၏ “ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရေး ထိန်းကျောင်းပေး” ဟူသော ဆောင်ပုဒ်နှင့်အညီ ဌာနအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် စည်းမျဉ်းမကျနမှု၊ ဌာနတွင်းကြီးကြပ်ကွပ်ကဲမှု အားနည်းချက်များ တွေ့ရှိပါက  အပြုအသဘောဝေဖန်ထောက်ပြခြင်း၊ မျှတသောရှုထောင့်အမြင်ဖြင့် အကြံပြုခြင်း ဆောင်ရွက်ပေးရန်လိုကြောင်း၊
  • ဤသင်တန်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေဆိုင်ရာပြဋ္ဌာန်းချက်များ၊ ပြည်ထောင်စုအခွန်ကောက်ဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ အမျိုးသားစီမံကိန်း၊ Budget စစ်ဆေးခြင်း၊ Project စစ်ဆေးခြင်းအပါအဝင် နိုင်ငံတကာတွင် ကျင့်သုံးနေ သော နိုင်ငံတကာ နိုင်ငံပိုင်ကဏ္ဍ စာရင်းစစ် စံများ (IPSAS)၊ ISSAI ဘာသာရပ်များကို ပို၍ ပြည့်ပြည့်စုံစုံ ပို့ချသွားရန် စီမံထားကြောင်း၊
  • ဦးစီးအရာရှိများအနေဖြင့် ပြည်သူ့ဝန်ထမ်းများဖြစ်သည့်အားလျော်စွာ နိုင်ငံတော်နှင့်ပြည်သူ့အကျိုးအတွက် အလုပ်ကို ရိုးသားကြိုးစားလုပ်ကိုင်ကြရန်၊ ပြည်သူ့အကျိုးစီးပွား တိုးတက်စေရေးအတွက် ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင် ခြင်းဖြင့် အလုပ်အကျွေးပြုကြရန် လိုအပ်ကြောင်း၊

၄။        သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက်    ၉ : ၃၀  နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Notification 3/2017
Notification 2/2017

Pages

Subscribe to Front page feed