ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
ရက်စွဲ ၂၀၁၉ ခုနှစ် ဧပြီလ ၂၄ ရက်
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ(၁/၂၀၁၉) ကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးစုပေါင်းခန်းမ၌ ယနေ့နံနက်ပိုင်းကကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ်ဉီးမော်သန်း တက်ရောက်အမှာစကားပြောကြားသည်။
၂။ ပြည်ထောင်စုစာရင်းစစ်ချုပ်က အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍအသီးသီးမှာ ပြည်သူ၏ယုံကြည်မှု (Trust ) ရရှိရန်အလွန်အရေးကြီးပါကြောင်း၊ ယုံကြည်မှုရရှိစေရန် အဓိကလိုအပ်ချက်မှာ ဂုဏ်သတင်း(Reputation) ကောင်းရန် ဖြစ်ပါ ကြောင်း၊ ဂုဏ်သတင်းကောင်းရန်မှာ မိမိတို့တစ်ဉီးချင်း၏ လုပ်ကိုင်နိုင်စွမ်းပကား၊ သိက္ခာသမာဓိနှင့် အများအကျိုးစီးပွားကို ဉီးထိပ်ပန်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းတစ်ဉီးစီတစ်ယောက်စီမှစ၍ အားလုံးပါဝင်ကြိုးစားကြရမှာဖြစ်ပါကြောင်း၊ မိမိတို့၏ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ၊ တိုင်းဒေသကြီး၊ ပြည်နယ်စာရင်းစစ်ချုပ်ရုံးအသီးသီး၏ ဂုဏ်သတင်းကောင်းရန် ဝန်ထမ်းအားလုံးက ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာတွင် ချမှတ်ထားသည့်စံများအရလည်း ဘဏ္ဍာရေးလောကနှင့်စာရင်းစစ်၊ စာရင်းကိုင် လောကတွင် လည်း ယုံကြည်မှုရရှိရန် နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှု ၊ သိက္ခာသမာဓိရှိမှု ၊ လုံ့လဥဿဟာယစိုက်ထုတ်မှု၊ ပညာရှင်များ၏ ကျင့်ဝတ်နှင့်အညီ လျို့ဝှက်ထားရှိမှုနှင့် ပြည်သူ့အကျိုးစီးပွားကိုဉီးတည်၍ ကျယ်ပြန့်စွာထားရှိဆောင်ရွက်ရန် လိုအပ်မှုတို့ကို သိရှိပြီးဖြစ်ကြပါကြောင်း ထို့အတွက် တစ်ဉီးချင်းမှအစ ရုံး၏ ဂုဏ်သတင်းကောင်းရန်အတွက် နိုင်ငံတကာစံများနှင့်အညီ စစ်ဆေးရေးလုပ်ငန်း စွမ်းဆောင်ရည်မြင့်မားစေရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားပါသည်။
၃။ စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် အဓိကပါဝင်သည့်အချက်များမှာ ထိန်းချုပ်ကွပ်ကဲမှုဘောင်၊ စီမံခန့်ခွဲသူများ၏ ထိန်းချုပ်မှု၊ လုပ်ငန်းစီမံခန့်ခွဲမှု ၊ လူ့စွမ်းအားအရင်းအမြစ်ခန့်ခွဲမှု၊ ပစ္စည်းထုတ်လုပ်မှု၊ ထုတ်ကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချမှုတို့ကို ဆိုင်ရာဌာနအတွင်း ပြန်လည်သုံးသပ်ခြင်းအပြင်၊ ဌာနတွင်းစစ်ဆေးမှု ( Internal Audit ) များ၊ ပြင်ပစာရင်းစစ်ဆေးမှုနှင့် ပြင်ပပုဂ္ဂိုလ်များ၏ စစ်ဆေးအာမခံမှုတို့ ဖြစ်ပါသည်။ စစ်ဆေးမှုအရည်အသွေး အာမခံချက်ရှိစေရေးအတွက် မိမိတို့ရုံးများအတွင်း ဆင့်ကဲဆင့်ကဲ စိစစ်ကြီးကြပ်တင်ပြမှုများရှိသော်လည်း ရုံးအချင်းချင်း ပြန်လည်စိစစ်သုံးသပ်မှု (Peer Review) သည်လည်း အရေးပါလှပါကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် ဘဏ္ဍာရေးစာရင်းစစ်ဆေးခြင်း၊ လိုက်နာဆောင်ရွက်မှုစစ်ဆေးခြင်း၊ လုပ်ငန်းဆောင်ရွက်မှု စစ်ဆေးခြင်းတို့အတွက် နိုင်ငံတကာစာရင်းစစ်ချုပ်ရုံးများ လိုက်နာရမည့်စံများနှင့်အညီဖြစ်စေရေးအတွက် ဆောင်ရွက်လျက်ရှိပြီး လက်ရှိထုတ်ပြန်ထားသည့် ညွှန်ကြားချက်များလည်းရှိနေပါကြောင်း စာရင်းစစ်ဆေးမှု အရည်အသွေးပြည့်မီရန်အတွက် ရုံးအချင်းချင်းပြန်လည်စိစစ်သုံးသပ်မှုဆိုင်ရာ လုပ်ငန်းလမ်းညွှန်နှင့်စပ်လျဉ်း၍လည်း ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်များထံမှ အသေးစိတ်ဖော်ပြ အကြံဉာဏ်တောင်းယူဆောင်ရွက်ထားပြီးဖြစ်၍ ဆောင်ရွက်ရာ၌ ခက်ခဲမှုရှိမည်မဟုတ်ဟု ယုံကြည်ပါကြောင်း ၊ ဤကိစ္စရပ်မှာ လုပ်ငန်းစွမ်းဆောင်မှု စွမ်းရည်တိုးတက်ရန်ဖြစ်ပြီး သိက္ခာသမာဓိတည်ဆောက်ရန်နှင့် စာရိတ္တကောင်းရန်အတွက်ဖြစ်သဖြင့် ဆင့်ကဲဆင့်ကဲ ထိန်းသိမ်းသွားရန်ဖြစ်ပါကြောင်း ပြောကြားပါသည်။
၄။ ထို့အတွက်ကြောင့် ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုကောင်းတစ်ခု ဖြစ်စေရန်အတွက် ကြိုးပမ်းကြရမည်ဖြစ်ပါကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိရာတွင် ၂၀၁၉ ခုနှစ်တွင် စစ်ဆေးရေးလုပ်ငန်းအချို့အား ပုဂ္ဂလိကကဏ္ဍသို့ တာဝန်ပေးအပ်စစ်ဆေး စေခြင်း (Outsourcing) အတွက် စီစဉ်လျက်ရှိပါကြောင်း ပုဂ္ဂလိကစာရင်းစစ်များအပေါ် အကဲဖြတ်မှုဆိုင်ရာအချက်များလည်း ပြင်ဆင်ထားပြီးဖြစ်ပါကြောင်းနှင့် နိုင်ငံတကာပြည်သူ့ကဏ္ဍစာရင်းစံများ(IPSAS) ကျင့်သုံးနိုင်ရေးအတွက်လည်း ဉီးတည်ချက်နှင့် လမ်းကြောင်းပြမြေပုံ ချမှတ်ပြီးဖြစ်ပါသဖြင့် အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြရန် နှိုးဆော်ပါကြောင်း ပြောကြားသွားပါသည်။
၅။ ယခုလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်စာရင်းစစ်ချုပ်များအနေဖြင့် လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အားသာချက်၊ အားနည်းချက်များ၊ အခက်အခဲများ စိန်ခေါ်မှုများအပေါ် ကျော်လွှားဖြေရှင်းနိုင်စေရေးအတွက် စစ်ဆေးဖော်ထုတ်မှုများကို အချင်းချင်း အတွေ့အကြုံဗဟုသုတများ မျှဝေသွားရန် မှာကြားလိုကြောင်း လမ်းညွှန်မှာကြားပါသည်။
၆။ ထို့နောက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသည့် တိုင်းဒေသကြီးနှင့်ပြည်နယ်စာရင်းစစ်ချုပ်များက ဆွေးနွေးတင်ပြကြပါသည်။
၇။ အဆိုပါ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲသို့ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်များ ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။
၈။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဧပြီလ ၂၅ ရက်နေ့တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံစာရင်းကောင်စီ (၁/၂၀၁၉) အစည်းအဝေးကို ၂၇-၄-၂၀၁၉ နေ့ နံနက် ၁၀:၀၀ နာရီတွင် ရန်ကုန်မြို့ မြန်မာနိုင်ငံစာရင်းကောင်စီရုံး၌ကျင်းပရာ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဌ ပြည်ထောင် စုစာရင်းစစ်ချုပ် ဦးမော်သန်းနှင့် မြန်မာနိုင်ငံစာရင်းကောင်စီအဖွဲ့ဝင်များ တက်ရောက်ကြပါသည်။
အဆိုပါအစည်းအဝေးတွင် မြန်မာနိုင်ငံစာရင်းကောင်စီ ၂/၂၀၁၈ အစည်းအဝေး ဆုံးဖြတ်ချက်များ အပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ အတည်ပြုပြီးသည့်မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေကိစ္စ၊ မြန်မာနိုင်ငံစာရင်းကောင်စီနည်းဥပဒေမူကြမ်းကိစ္စ၊ မြန်မာနိုင်ငံစာရင်း ကောင်စီမှ ၃၀-၁၁-၂၀၁၈ မှ ၂၆-၄-၂၀၁၉ နေ့ထိထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာများ၊ ရုံးအမိန့် များ၊ မြန်မာနိုင်ငံစာရင်းကောင်စီကော်မတီများ၏ အစည်းအဝေးကျင်းပမှုများနှင့် လုပ်ငန်းဆောင် ရွက်မှုအခြေအနေ၊ စာရင်းစစ်လုပ်ငန်းဆိုင်ရာစောင့်ကြည့်စစ်ဆေးရေးကော်မတီ၏ လုပ်ငန်း ဆောင်ရွက်ချက်များ၊ International Code of Ethics for Professional Accountants အား လိုက်နာဆောင်ရွက်ရေးကိစ္စ၊ Self Evaluation Checklist on Audit Quality Maturity Model၊ Self Assessment against CAPA Maturity Model Attributes for CPD၊ အပြည်ပြည်ဆိုင်ရာစာရင်း ပညာအဖွဲ့အစည်းနှင့် ဆက်သွယ်ဆောင်ရွက်မှု၊ မြန်မာနိုင်ငံလက်မှတ်ရပြည်သူ့စာရင်းကိုင်များ အသင်း၏ လုပ်ငန်းဆောင်ရွက်မှုများ၊ မြန်မာနိုင်ငံစာရင်းကောင်စီရုံး၏ရုံးလုပ်ငန်းဆောင်ရွက်မှုအခြေ အနေ စသည်တို့ကို အစီအစဉ်အတိုင်း ဆွေးနွေးကြပြီး တက်ရောက်လာသည့် မြန်မာနိုင်ငံစာရင်း ကောင်စီဝင်များက အထွေထွေကိစ္စရပ်များကို ဆွေးနွေးကြကြောင်း သိရှိရသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
ရက်စွဲ၊ ၂၀၁၉ခုနှစ် ၊ဧပြီလ (၁၂) ရက်
၁။ ၂၀၁၉ ခုနှစ်၊ ဧပြီလ (၁၂)ရက်နေ့ နံနက် ၉ နာရီ၌ မြန်မာနိုင်ငံစာရင်းကောင်စီရုံး၊ သင်တန်းကျောင်းခန်းမ၊ ရန်ကုန်မြို့တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် လက်မှတ်ရပြည်သူ့စာရင်း (ပထမပိုင်း) သင်တန်းအမှတ်စဉ် ၄၄ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ရာ မြန်မာနိုင်ငံစာရင်း ကောင်စီဥက္ကဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်တက်ရောက်၍ သင်တန်းဆင်း လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးစာရင်းစစ်ချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံးမှ အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံစာရင်းကောင်စီ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊မြန်မာနိုင်ငံ လက်မှတ်ရပြည်သူ့စာရင်းကိုင်များ အသင်းအမှုဆောင်များ၊ သင်တန်းကထိကများ၊ သင်တန်းသား၊ သင်တန်းသူများ နှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
၃။ အခမ်းအနားတွင် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည်-
- မြန်မာနိုင်ငံစာရင်းကောင်စီသည် နိုင်ငံတော်ရဲ့စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုမည့် အရည်အချင်းပြည့်မီသော စာရင်းပညာ ရှင်များ တိုးပွားလာစေရန်အတွက် နည်းလမ်းများရှာဖွေဖြည့်ဆည်း ဆောင်ရွက်လျက် ရှိကြောင်း၊
- CPA ဝင်ပေါက်ကိုချဲ့ထွင်ပေးခဲ့ရာမှာ ယခင်က B.com ဘွဲ့ရများသာ တက်ရောက်ခွင့်ရရှိ ခဲ့သော်လည်း ယခုအချိန်တွင် B.Act, B.B.A နှင့် DA များပါ တက်ရောက်ခွင့်ပေးခဲ့ ပါကြောင်း၊
- အရေအတွက်များများ မွေးထုတ်ပေးလိုတဲ့ ရည်ရွယ်ချက်နဲ့ CPA ဝင်ခွင့်ကို ချဲ့ထွင်ပေးခဲ့ ပေမယ့်လည်း အရည်အချင်းအပိုင်းမှာတော့ လျှော့ပေးသွားမှာ မဟုတ်ကြောင်း။ အရည် အချင်းပြည့်ဝသော CPAများ ဖြစ်ပေါ်လာစေရေးအတွက်အလေးထား ဆောင်ရွက်သွား မှာဖြစ်ကြောင်း။လက်မှတ်ရပြည်သူ့စာရင်းကိုင်သင်တန်းသည် မြန်မာနိုင်ငံစာရင်းပညာ နယ်ပယ်မှာ အမြင့်ဆုံးအသက်မွေးဝမ်းကျောင်းပညာသင်တန်းတစ်ခု ဖြစ်ကြောင်း။
- CPA, DA သင်တန်းများကို ပုဂ္ဂလိကကိုယ်ပိုင်စာရင်းကိုင်သင်တန်း ကျောင်းများတွင် ဖွင့်လှစ်ခွင့်ပြုရေးကို မြန်မာနိုင်ငံစာရင်းကောင်စီဥပဒေနှင့်အညီ စိစစ်ခွင့်ပြုခြင်းတို့ကို ဆောင်ရွက်လျှက်ရှိရာ ယခုအခါ ကိုယ်ပိုင်စာရင်းကိုင်သင်တန်းကျောင်း (၁၅) ကျောင်း ကိုဖွင့်လှစ်ခွင့်ပြုခဲ့ပြီး ဖြစ်ကြောင်း။
- CPA (ဒုတိယပိုင်း) စာမေးပွဲအောင်မြင်ပြီး သတ်မှတ်ထားတဲ့ အလုပ်သင်ကာလပြီး မြောက်လျှင် CPA (Full – Fledged)အဖြစ် သတ်မှတ်မှာဖြစ်ပြီး (Full–Fledged) ၁နှစ် ပြည့်လျှင် အများပြည်သူသို့ စာရင်းဝန်ဆောင်မှုပေးသည့် လုပ်ငန်းလုပ်ကိုင်သူ (Professional Accountant in Public Practice) အဖြစ် လျှောက်ထားခွင့်ရှိမှာ ဖြစ်ကြောင်း။ အာဆီယံ စီးပွားရေးအသိုက်အဝန်း ASEAN Economic Community – AEC မူဘောင်အရ စာရင်းပညာဝန်ဆောင်မှုလုပ်ငန်းများတွင် နိုင်ငံခြားသားများကို မြန်မာနိုင်ငံမှာ လုပ်ငန်းဆောင်ရွက်ခွင့်တွေ ပေးရတော့မှာဖြစ်သလို မြန်မာCPA များ ကလည်း မိမိအရည်အချင်းပြည့်ဝလျှင် ပြည့်ဝသလို အခြားနိုင်ငံများမှာသွားရောက် လုပ်ကိုင်ခွင့်ရမှာ ဖြစ်ကြောင်း၊
- စာမေးပွဲတွင် အောင်မှတ်အနေဖြင့် အမှတ်(၅၀) သတ်မှတ်ထားပါကြောင်း၊ ယခု လက်မှတ်ရပြည်သူ့စာရင်းကိုင် (ပထမပိုင်း) ဘာသာရပ် များကို Module 1, Module 2 ခွဲခြားသတ်မှတ်ထားကြောင်း၊
- ကနဦးဖြေဆိုချိန်တွင် ဘာသာရပ်အားလုံးဖြေဆိုကြရမှာဖြစ်ကြောင်း၊ Module တစ်ခုတည်းက ဘာသာရပ်အားလုံးအောင်မြင်ပြီး အခြား Module တစ်ခုထဲက ဘာသာရပ်တစ်ခုခု ကျရှုံးခဲ့လျှင် ယင်း Module ထဲမှ ဘာသာရပ်အားလုံးကို တစ်ဆက်တည်း ၃ ကြိမ် အထိပြန်လည် ဖြေဆိုခွင့်ပြုထားကြောင်း။ တစ်ဆက်တည်း ၃ ကြိမ်အတွင်း အောင်မြင်မှုမရှိခဲ့လျှင် ဖြစ်စေ၊ စာမေးပွဲဝင်ရောက်ဖြေဆိုခြင်း မရှိခဲ့လျှင် ဖြစ်စေ၊ ကနဦးစာမေးပွဲဖြေဆိုသည့်အတိုင်း ဘာသာရပ်အားလုံးကို ပြန်လည်ဖြေဆို ကြရမှာ ဖြစ်ကြောင်း ၊ ကျရှုံးသည့် Module တွင်ပါဝင်သည့် ဘာသာရပ်တိုင်း ၂၀ မှတ် အနည်းဆုံးရရှိပြီး ၃ ဘာသာပေါင်းရမှတ် ၇၅ မှတ်ရရှိမှသာ ကျန် Pass ဖြစ်ထားသော Module ကိုအောင်မြင်သည်ဟုသတ်မှတ်ကြောင်း၊
၄။ သင်တန်းဆင်းပွဲအခမ်းအနားကို နံနက် ၉:၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း
ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန် လိုက်ပါလျှက်၂၆-၃-၂၀၁၉ရက်နေ့တွင်ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင်အတွင်းရှိ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ သုံးခွမြို့နယ်နှင့်ခရမ်းမြို့နယ်များရှိ စာရင်းစစ်ရုံး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များ လမ်းညွှန်မှာကြားခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ်ကဝန်ထမ်းများ၏ အခြေအနေ၊ စစ်ဆေးရသည့် အဖွဲ့ အစည်းများ၏ အခြေအနေကို သိရှိရန်လာရောက်ခြင်းဖြစ်ကြောင်း၊ စာရင်းကိုင်စာရင်းစစ်လုပ်ငန်း သည်အပြစ်ကင်းစင်သောလုပ်ငန်းဖြစ်ပြီး မွန်မြတ်သော အသက်မွေးဝမ်းကြောင်းဖြစ်ကြောင်း၊ စာရင်းစစ်ကဏ္ဍ (၄) ခုဖြစ်သည့် စီးပွားရေး/စက်မှုလုပ်ငန်းရှိ စာရင်းစစ်ကဏ္ဍ၊ ပုဂ္ဂလိကစာရင်းစစ်ကဏ္ဍ၊ နိုင်ငံပိုင်စာရင်းစစ်ကဏ္ဍ၊ ပညာရပ်ဆိုင်ရာစာရင်းစစ်ကဏ္ဍစသည့် စာရင်းစစ်ကဏ္ဍ (၄) ခု တို့တွင် နိုင်ငံပိုင်ကဏ္ဍတွင်ရှိသော စာရင်းစစ်များ၏ ဂုဏ်သိက္ခာသတင်းကောင်းကျော်ဇောရန် လိုအပ်ကြောင်း၊ စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်ရာ၌ ပြည်သူလူထုနှင့်စစ်ဆေးရသည့် အဖွဲ့ အစည်းများ၏ ယုံကြည်စိတ်ချမှုရရှိရန်လိုကြောင်း၊ ယင်းသို့ ယုံကြည်မှုရရှိစေရေးအတွက် ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများကို ကျွမ်းကျင်စွာဆောင်ရွက်နိုင်ခြင်းဖြင့် နာမည် ဂုဏ်သတင်း ကျော်ကြားရမည့်အပြင် အဂတိလိုက်စားမှု ကင်းစင်စေရေး သတိပြုဆောင်ရွက်ရန်၊ ယခုအချိန်တွင် Financial Audit ၊ Compliance Audit သာမက PerformanceAudit ကို ဆောင်ရွက်နေပြီ ဖြစ်ပြီး နောက်ပိုင်းတွင် Environmental Audit ၊ IT Audit တို့ကို တိုးချဲ့ ဆောင်ရွက်ကြမည်ဖြစ်ရာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အခါအားလျော်စွာ ထုတ်ပြန်ထားသည့် လက်စွဲများ၊ ညွှန်ကြားချက် များ၊သင်တန်းဖွင့်လှစ်ပို့ချမှုများကို စဉ်ဆက်မပြတ်လေ့လာသင်ယူမှတ်သားလိုက်နာ၍ ပြည်ထောင်စု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှု ဆိုင်ရာစည်းမျဉ်း (၃၅/၂၀၁၇)၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ထုတ်ပြန်ထားသည့် နိုင်ငံဝန်ထမ်း နည်းဥပဒေများနှင့် အညီစစ်ဆေးရန်၊ သွားရောက်စစ်ဆေးသည့် ဌာနများတွင် ဌာနတွင်းစာရင်းစစ် အဖွဲ့များ ဖွဲ့စည်းထားရှိမှုနှင့် ယင်းဌာနတွင်းစာရင်းစစ်အဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်မှုများ ဖွဲ့စည်း ပုံနှင့်ခန့်ထားသော ဝန်ထမ်းများ၏ လုပ်ကိုင်ဆောင်ရွက်မှုများသည် လျော်ကန်သင့်မြတ်မှု ရှိ/မရှိ စသည့် စစ်ဆေးရမည့်ကိစ္စရပ်များကို ကျွမ်းကျင်ပိုင်နိုင်စွာ စစ်ဆေးနိုင်ရေးအတွက် လုံ့လဝီရိယစိုက်ထုတ်ကာ ပြည်သူ့အကျိုးစီးပွားကို အလေးထားကြိုးစားဆောင်ရွက်ကြရန်၊ စာရင်းစစ်များ လိုက်နာရမည့် Confidentiality ကိုလည်း အထူးဂရုပြုရန်နှင့် မိမိလုပ်ငန်းပေါ် သစ္စာစောင့်သိရန် လိုအပ်ကြောင်း လမ်းညွှန်ပြောကြားပါသည်။
ဝန်ထမ်းများ ကျန်းမာစွာလုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရေးအတွက် ကျန်းမာရေးနှင့် ညီညွတ်သော Healthly Life Style (၇) ချက်ဖြစ်သည့် -
(၁) ဆန်၊ ပြောင်း စသည်တို့ကို သင့်တင့်မျှတစွာစားသုံးခြင်း၊
(၂) အရက်နှင့်ဆေးလိပ်မသောက်ခြင်း၊
(၃) ကွမ်းမစားခြင်း၊
(၄) ကိုယ်အလေးချိန်ထိန်းသိမ်းခြင်း၊
(၅) ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်း၊
(၆) ဟင်းသီးဟင်းရွက်အသီးအနှံများပိုမိုစားသုံးခြင်းနှင့်
(၇) အနီရောင်အသားများ လျော့စားခြင်း စသည့်အချက်များကိုလိုက်နာပြီး ကျန်းမာစွာနေထိုင်ကြရန် အထူးမှာကြားလိုကြောင်း နိဂုံးချုပ်အမှာစကားပြောကြားပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန်မှ လမ်းညွှန်မှာကြားချက်
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန်မှ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေနှင့်အညီဆောင်ရွက်နေကြောင်း “ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုတိုးတက်ကောင်းမွန်စေရေးထိန်းကျောင်းပေး” ဟူသည့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ ဆောင်ပုဒ်နှင့်အညီ စစ်ဆေးရေးလုပ်ငန်းများကို ကောင်းမွန်စွာဆောင်ရွက်နိုင်ရေးအတွက် လေ့လာသိရှိသင့်သည့်ဥပဒေ၊ နည်းဥပဒေလုပ်ထုံးလုပ် နည်းညွှန်ကြားချက်များကို စဉ်ဆက်မပြတ်လေ့လာရန်နှင့်ရုံး၏ ဂုဏ်သတင်းကောင်းမွန်အောင် ကြိုးစားသွားကြရန် လမ်းညွှန်ပြောကြားခဲ့ပါသည်။
ခရိုင်စာရင်းစစ်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး၊ မြို့နယ်စာရင်းစစ်ရုံးများမှ ဦးစီးအရာရှိများမှလည်း ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို တင်ပြခဲ့ကြပါသည်။