- U Maw Than, the Auditor General of the Union, received Mr. Kon Yin Tong, President of Institute of Singapore Chartered Accountants (ISCA), Mr. Gerald Yeo, Senior Director of Teamasek Foundation International (TF Intl) and U Wan Tin, Chairman of Myanmar Institute of Certified Public Accountants (MICPA), at the Call Room of the Office of the Auditor General of the Union, Nay Pyi Taw at 12:30 pm on 26th June, 2019.
- During the meeting, the delegates from ISCA shared Singapore’s experiences on accounting-related topics; and discussed that ISCA and TF Intl will explore the possibility of organizing a programme that aims to promote dialogue and exchange best practices in key areas that are important for the accountancy profession of both Myanmar and Singapore.
- The Permanent Secretary, the Director General (Audit Department), the Deputy Director Generals and responsible persons from the office of the Auditor General of the Union attended the meeting.
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် Institute of Singapore Chatered Accountants (ISCA) မှ President ဖြစ်သူ Mr.Kon Yin Tong ၊ Teamasek Foundation International (TF Intl)မှ Senior Director ဖြစ်သူ Mr.Gerald Yeo နှင့် Myanmar Institute of Certified Public Accountants (MICPA)မှ ဉက္ကဋ္ဌ ဦးဝမ်းတင်တို့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ခုနှစ်၊ ဇွန်လ(၂၆)ရက် နေ့၊ နေလယ် ၁၂:၃၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌လက်ခံ တွေ့ဆုံခဲ့ပါသည်။
၂။ ထိုသို့တွေ့ဆုံရာတွင် ISCA မှ ကိုယ်စားလှယ်များကစာရင်းကဏ္ဍနှင့်စပ်လျဉ်း၍ စင်္ကာပူနိုင်ငံ၏ အတွေ့အကြုံများကို မျှဝေပြီး ISCA နှင့် TF Intl တို့သည် မြန်မာနှင့်စင်္ကာပူတွင် စာရင်းကိုင်လုပ်ငန်းအတွက် အရေးပါသောနယ်ပယ်များတွင် အကောင်းဆုံးအလေ့အထများဖလှယ်ရန်နှင့် တွေ့ဆုံဆွေးနွေးရန် ရည်ရွယ်၍ အစီအစဉ်တစ်ခုကိုဖော်ဆောင်သွားမည် ဖြစ်ကြောင်းတို့ကို ဆွေးနွေးခဲ့ပါသည်။
၃။ အဆိုပါ တေွ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေးဦးစီးဌာန)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
- The experts from Office of the Auditor General of Norway (OAGN), Mr. Anders Pilskog and Ms. Ann-Kristrin Nymo, made the Extractive Industry (EI) Sector and Compliance Audit (CA) Workshop with the Compliance Audit Team who will conduct the Extractive Industry Sector from the Office Of the Auditor General of the Union of Myanmar (OAGM) at the Meeting Room of the Office of the Auditor General of the Union, Nay Pyi Taw from 13th to 21st June, 2019.
- In the Workshop, the experts from OAGN reviewed and recommended on the Audit Plan, the subject Matter, the Audit Objectives, Audit Criteria and Risk determined by the Compliance Audit Team in the Planning Phase and the Compliance Audit Teams completed and finalized the Planning Phase by working as Group – Work Session. The experts also explained the case studies of SAI Peru and SAI Kenya regarding the loss of substantial revenue due to overstating their project costs of Oil and Gas Companies, the Guide to Australian Practice about mineral royalties and other mining specific taxes. And the experts also presented the audit procedures in the Execution Phase and the facts to be included in the Execution Phase of the Compliance Audit Handbook.
- By holding the workshop, the participants gained the knowledge about the facts needed to fulfill in the Planning Phase, the audit experience about EI Sector of other SAIs and the audit procedures to be conducted effectively in the field work.
- The Deputy Director Generals from the Audit Department and the responsible persons from the Compliance Audit Team, a total number of 25, attended the workshop.
- At the last day of Workshop, the experts from OAGN met with Permanent Secretary and Director General (Audit Department). They discussed the way forwards for conducting Compliance Audit on two areas of EI Sector such as preparing the audit program, doing Skype meeting with the experts, holding workshops for field work and reporting.
၁။ နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံး (OAGN) မှ Experts များဖြစ်ကြသည့် Mr. Anders Pilskog နှင့် Ms. Ann-Kristrin Nymo တို့မှဦးဆောင်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ Extractive Industry (EI) Sectorကို Compliance Audit ဆောင်ရွက်မည့်အဖွဲ့နှင့် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့မှ ၂၁ ရက်နေ့ထိ နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ အလုပ်ရုံဆွေးနွေးပွဲ၌ Mining နှင့် Oil & Gas တို့ကိုဆောင်ရွက်မည့် Compliance Audit ၏ Planning Phase တွင်စာရင်းစစ်အဖွဲ့များက ရေးဆွဲထားသော Audit Plan ၊ သတ်မှတ်ထားသော Subject Matter ၊ Audit Objective ၊ Audit Criteria နှင့် Risk တို့ကို Expertများကသုံးသပ်အကြံပြုခြင်း၊ Planning Phase အပြီးသတ်ရန်အတွက် Group-Work ဆောင်ရွက်ခြင်း၊ Oil & Gas ကုမ္ပဏီများတွင် စီမံကိန်းကုန်ကျစရိတ်ကို ပိုမိုဖော်ပြသည့်အတွက် ဆက်စပ်ရရှိမည့်ဝင်ငွေလျော့နည်းမှု များကိုစစ်ဆေးတွေ့ရှိခဲ့သည့် ပီရူးစာရင်းစစ်ချုပ်ရုံးနှင့် ကင်ညာစာရင်းစစ်ချုပ်ရုံးတို့၏ Case Study များကို ရှင်းလင်းတင်ပြခြင်း၊ သတ္တုကဏ္ဍဆိုင်ရာခိုင်ကြေးများ၊ အခြားသတ္တုကဏ္ဍဆိုင်ရာ အထူးအခွန်များနှင့်စပ်လျဉ်း၍ ဩစတြေးလျနိုင်ငံ၏ လိုက်နာဆောင်ရွက်ရသည့် လမ်းညွှန်ချက်များ၊ Execution Phase တွင် စာရင်းစစ်အဖွဲ့က ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ CA Handbook တွင် ထည့်သွင်းရေးသား မည့် Execution phase နှင့်စပ်လျဉ်းသည့် အချက်အလက်များအတွက် Presentations များပြုလုပ်ပေးခြင်းစသည့်တို့ကို ဆောင်ရွက်ခဲ့ပါသည်။
၃။ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်းအားဖြင့် တက်ရောက်သူများအား Compliance Audit ၏ Planning Phase တွင်ပြည့်စုံအောင်ဆောင်ရွက်ရမည့်အချက်များ၊ အခြားစာရင်းစစ်ချုပ်ရုံးများ၏ EI Sector စစ်ဆေးမှုအတွေ့အကြုံများနှင့် Fieldwork တွင်ထိရောက်စွာစစ်ဆေးနိုင်ရန်ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းများစသည်တို့နှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများရရှိစေပါသည်။
၄။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် (၂) ဦး (စစ်ဆေးရေး) နှင့် Compliance Audit Team တွင်ပါဝင်ဆောင်ရွက်မည့်တာဝန်ရှိသူများ စုစုပေါင်း (၂၅)ဦး တက်ရောက်ခဲ့ပါသည်။
၅။ အလုပ်ရုံဆွေးနွေးပွဲနောက်ဆုံးရက်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)တို့ထံ နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးမှ Experts များကလာရောက် တွေ့ဆုံခဲ့ပြီး Compliance Audit ဆောင်ရွက်မည့် EI Sector ၏ ဧရိယာ(၂)ခုအတွက် Audit Program ရေးဆွဲခြင်း၊ Experts များနှင့် Skype Meeting ဆောင်ရွက်ခြင်း၊ Field Work နှင့် Reporting အတွက် Workshop များကျင်းပခြင်း၊ ရှေ့ကာလဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ လားရှိုးခရိုင်နှင့် မူဆယ်ခရိုင်အတွင်းရှိ ခရိုင်/ မြို့နယ် စာရင်းစစ်ဝန်ထမ်းများနှင့်တွေ့ဆုံ
ပြည်ထောင်စုစာရင်းစစ်ချုပ်သည် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အမြဲတမ်းအတွင်းဝန် လိုက်ပါလျက် ၁၁-၆-၂၀၁၉ မှ ၁၄-၆-၂၀၁၉ ထိ ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ လားရှိုး ခရိုင်နှင့် မူဆယ်ခရိုင်အတွင်းရှိ ခရိုင်/ မြို့နယ်စာရင်းစစ်ရုံးဝန်ထမ်းများနှင့်တွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။
ရှေးဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ်က ရုံးများ၏ စီမံရေးရာနှင့် စစ်ဆေးရေးလုပ်ငန်းအခြေ အနေကို သိရှိရန်လာရောက်ခြင်းဖြစ်ကြောင်း၊ စာရင်းကိုင်စာရင်းစစ်လုပ်ငန်းသည် အပြစ်ကင်းစင် သော လုပ်ငန်းဖြစ်ပြီး၊ မွန်မြတ်ကောင်းမွန်သော အသက်မွေးဝမ်းကြောင်းဖြစ်ကြောင်း၊ ဤအလုပ်ကို အထောက်အကူရရှိစေရန် အောက်ပါအချက်များကို မှာကြားလိုကြောင်း ပြောကြားပါသည်။
မှာကြားလိုသည့် ပထမအချက်မှာ အဆင့်ဆင့်အကြီးအကဲများမှ ဝန်ထမ်းများအပေါ် ထားရှိ သည့် မျှော်လင့်ချက်များကို အသိပေးလိုကြောင်း၊ ၎င်းတို့မှာ တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းအလိုက် ဖြစ်စေ၊ အားကိုးလောက်သည့် ယုံကြည်မှုရရှိလိုခြင်း၊ နာမည်ကောင်းရရှိစေရန် ရိုးသားကြိုးစားစေ ခြင်း၊ အကောင်းမြင်ဝါဒကို စွဲကိုင်ထားစေလိုခြင်း၊ ကြီးပွားတိုးတက်လိုသည့် စိတ်ရှိပြီး၊ ရာထူးတိုး ချင်စိတ်ရှိရန်လိုခြင်း၊ ကိုယ့်အလုပ်ကို ကျွမ်းကျင်မှုရှိစေလိုခြင်း၊ အလုပ်အပေါ် တာဝန် ယူမှု၊ တာဝန် ခံမှုရှိရမည်ဖြစ်ခြင်း၊ ကတိသစ္စာတည်မြဲစေလိုခြင်း တို့ကို ပြောကြားခဲ့ပါသည်။
ဒုတိယအချက်အနေဖြင့် စာရင်းပညာလောကမှာ ပညာရှင်များ၊ ပညာသည်များ ကျင့်ဝတ်(၅) ခုဖြစ်သည့် ဖြောင့်မတ်၊ တည်ကြည်၊ သိက္ခာ၊ သမာဓိ ရှိခြင်း၊ နည်းပညာရပ်ဆိုင်ရာနှင့်ပတ်သက်၍ ကျွမ်းကျင်မှုရှိခြင်း၊ လုပ်ငန်းဆောင်ရွက်ရာတွင် အစစအရာရာ လုံ့လဝိရိယထားရှိခြင်း၊ ပွင့်လင်း မြင်သာမှု ရှိရမည်ဆိုသော်လည်း ဥပဒေဘောင်အတွင်း ထုတ်ဖော်မပြောရမည့် ကိစ္စရပ်များကို လျှို့ဝှက်ထိန်းသိမ်းရမည်ဖြစ်ခြင်း၊ ကိုယ့်အဖွဲ့ အကျိုးစီးပွား၊ စစ်ဆေးခံအဖွဲ့အစည်း အကျိုးစီးပွား၊ ပြည်သူလူထုအကျိုးစီပွားတို့ကို လုပ်ကိုင်ဆောင်ရွက်ရန်လိုကြောင်း ပြောကြားခဲ့ပါသည်။ ထို့အပြင် မြန်မာ့ယဉ်ကျေးမှုဘောင်အတွင်း ငါးပါးသီလ လုံခြုံစေပြီး အချင်းချင်း မေတ္တာ၊ ဂရုဏာ ထားရန် လိုအပ်ကြောင်း ပြောကြားပါသည်။
တတိယအချက်အနေဖြင့် ဗလငါးတန်ဖြစ်သည့် ကာယဗလ၊ မိတ္တဗလ၊ ဉာဏဗလ၊ စိတ္တဗလ၊ ဘောဂဗလတို့ဖြင့် ပြည့်စုံအောင်နေလျှင် ကြီးပွားတိုးတက်မည်ဖြစ်ကြောင်းနှင့် စတုတ္ထအချက် အနေ ဖြင့် မိမိတို့ရုံး ဝန်ထမ်းအချင်းချင်း တစ်ဦးနှင့်တစ်ဦးကိုယ့်အထက်၊ ကိုယ့်အောက် အပြန်အလှန် လေးစားရန်လိုအပ်ကြောင်း လမ်းညွှန်မှာကြားပါသည်။
အလုပ်ကို ပျော်ပျော်ရွှင်ရွှင်၊ စည်းစည်းလုံးလုံးနှင့် ဆောင်ရွက်ရန်လိုခြင်း၊ မွေ့လျော်အောင် နေရန်လိုအပ်ခြင်း၊ ကိုယ်ရောက်တဲ့အရပ်မှာ ကိုယ့်အရပ်လို သဘောထားပြီး အဝေးမှရောက်ရှိလာ သောဝန်ထမ်းများကိုလည်း ဒေသခံများမှ နွေးထွေးပျူငှာစွာ ဆက်ဆံရန်လိုခြင်း၊ ကိုယ်ရောက်နေ သည့်ကာလအတွင်း ဒေသန္တရ ဗဟုသုတများ၊ ဓလေ့စရိုက် ယဉ်ကျေးမှုများကို လေ့လာစေလို ကြောင်း ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဆောင်ပုဒ်ဖြစ်သည့် “ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုတိုးတက် ကောင်းမွန်စေရေး ထိန်းကျောင်းပေး” ဆိုသည်နှင့်အညီ ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေအရ စစ်ဆေးခြင်းတွင် တီထွင်ဆန်းသစ်မှုများ မြှင့်တင်ခြင်း၊ ပြုပြင်ပြောင်းလဲမှုများလိုက်လျောညီထွေမှု ရှိရန်လိုခြင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ နောက်ဆုံးထုတ်ပြန်ထားသော ညွှန်ကြားချက် များ၊ အရအသုံးဥပဒေများ၊ ကြွေးမြီဥပဒေများ၊ အခွန်အကောက်ဥပဒေများ၊ မြေပြင်အခြေအနေနှင့် လိုက်လျောမှုရှိမရှိစစ်ဆေးရန်လိုကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများသည် ရငွေများကို ပြည့်ဝ အောင်ရရှိစေရေး၊ အသုံးစရိတ်များကို ခြိုးခြိုးခြံခြံသုံးစွဲစေရေးနှင့် လုပ်ငန်းဆောင်ရွက်ချက်များသည် စွမ်းရည်ပြည့်ဝပြီး ထိရောက်အောင်မြင်မှု ရှိမရှိ စစ်ဆေးရမည်ဖြစ်ကြောင်းကို လမ်းညွှန်ပြောကြားခဲ့ ပါသည်။
နိဂုံးချုပ်အနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အားလုံး စည်းလုံးညီညွတ်စွာနှင့် ပေးထားသည့် တာဝန်များကို လိုလိုလားလားဆောင်ရွက်ရန် ၊ မိမိကိုယ်တိုင် မွေ့လျော်ပျော်အောင် နေရန်လိုကြောင်း၊ စိတ်ချမ်းသာပျော်ရွှင်မှုရှိတဲ့ သူနှင့် ပျော်ရွှင်မှုမရှိတဲ့သူတွေကြား လုပ်ငန်းဆောင် ရွက်မှု 25% ကွာခြားနိုင်ကြောင်းတွေ့ရသည့်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်း ရှိ မည်သည့်အရပ်ဒေသတွင်မဆို ကိုယ့်အရပ်ဒေသလို့ မှတ်ယူနေထိုင်ကြစေလိုကြောင်း လမ်းညွှန် ပြောကြားခဲ့ပါသည်။
ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ၊ အမြဲတမ်းအတွင်းဝန်မှ မှာကြားရာတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒ ၂၀၁၈ ပြင်ဆင်ချက်အရ လုပ်ငန်းတာဝန်များ ပိုမိုကြီးမားလာ ကြောင်း၊ စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ရိုးသားဖြောင့်မတ်သည့် စိတ်ဓာတ်နှင့်စစ်သင့် စစ်ထိုက်သည့် ဧရိယာမှန်ကန်စွာ ရွေးချယ်စစ်ဆေးရမည်ဖြစ်ကြောင်း၊ စစ်ဆေးတွေ့ရှိချက်အစီရင်ခံ စာရေးသားရာတွင် ကျစ်လစ်သိပ်သည်းစွာဖြင့် မချွင်းမချန် ရေးသားရန်လိုကြောင်း၊ ရုံးချုပ်တွင် Performance Audit ကို ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ဝန်ထမ်းများ ပညာရပ်ဆိုင်ရာများ တိုးတက် ရန်လိုအပ်သဖြင့် စာများများဖတ်ရန်၊ ဗဟုသုတကြွယ်ဝရန်လိုကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံး၏ ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်ရန်နှင့် ဝန်ထမ်းတစ်ဦးချင်းမှစ၍ ကျင့်ဝတ်သိက္ခာရှိပြီး အားလုံး ၏ စံပြဖြစ်ရန်လိုကြောင်း ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ ဇွန်လ ( ၂၄ ) ရက်
၁။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ( ၂၁ ) ရက်နေ့ မွန်းလွဲ ၃ : ၃၀ နာရီ၌ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် ဦးစီးအရာရှိများမွမ်းမံသင်တန်း အမှတ်စဉ် (၂/၂၀၁၉) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းတက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသူ/သင်တန်းသား (၈၃) ဦး တက်ရောက်ခဲ့ကြပါ သည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက အောက်ပါ အတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည် -
- ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေနှင့်အညီ “စာရင်းပညာတိုးတက်ပြန့် ပွားရေး” နှင့် “လက်တွေ့လုပ်ငန်းခွင်တွင် ပြန်လည်အသုံးချနိုင်ရေး” ရည်ရွယ်ချက်ဖြင့် မိမိတို့ လက်တွေ့ဆောင်ရွက်ခဲ့သည့် စစ်ဆေးရေး လုပ်ငန်းများ၏ အတွေ့အကြုံများကို အခြေပြုကာ နိုင်ငံတကာတွင် ကျင့်သုံးလျက်ရှိသည့် အလေ့အထများနှင့် နှိုင်းယှဉ်သုံးသပ်ကာ အကြောင်း အရာစုံလင်စွာဖြင့် ပို့ချဆွေးနွေးပေးထားကြောင်း၊
- မိမိတို့ရုံး၏ တာဝန်ရှိမှုအပိုင်း ပို၍ကျယ်ပြန့်လာသည့်နည်းတူ မိမိတို့ ကျရာအခန်းကဏ္ဍမှ ထိထိရောက်ရောက် ဆောင်ရွက်သင့်သည့်အချက်များ၊ ဥပေဒ၊ စည်းမျဉ်းများနှင့် လိုက်လျောညီထွေမရှိမှုများကို အပြုသဘော ဆောင်သည့်ရှုထောင့်မှ တည့်မတ်ထိန်းကျောင်းပေးကြစေလိုကြောင်း၊
- သင်တန်းသူ/သားများသည် မိမိတို့ရရှိသည့် အသိပညာများကို လုပ်ဖော် ကိုင်ဘက်များအား လက်ဆင့်ကမ်းမျှဝေရန်၊ ခေတ်စနစ်နှင့် ပညာရပ်များ၏ ပြောင်းလဲနေမှုအပေါ် လိုက်လျောညီထွေ လိုက်ပါနိုင်သော အရည်အချင်း ကို ပြုစုပျိုးထောင်ကြစေလိုကြောင်း၊
- မိမိတို့အဖွဲ့အစည်းက ချမှတ်ထားသည့်လုပ်ငန်းစဉ်များ၊ ရှေ့ဆက်ဆောင် ရွက်မည့် အခင်းအကျင်း၊ အစီအမံများကို မျက်ခြည်မပြတ် သိရှိနားလည် ထားရန်လိုကြောင်း၊
- ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေပါ ပြဋ္ဌာန်းချက်များအရ မိမိတို့၏ လုပ်ငန်းတာဝန်များ ပိုမိုကျယ်ပြန့်လာသည်ကို တွေ့ရှိနိုင်ကြောင်း၊ လုပ်ငန်း အတွက် လိုအပ်ပါက သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်း၏ သဘော တူညီချက်ဖြင့် တတ်သိပညာရှင်များ၏ ကျွမ်းကျင်မှုအကူအညီ ရယူ ဆောင်ရွက်ခြင်းကိုလည်း ဥပဒေအရ ခွင့်ပြုထားပြီးဖြစ်ကြောင်း၊
- လုပ်ငန်းဆောင်ရွက်ရာတွင် ခက်ခဲသည့်စိန်ခေါ်မှုများ ကြုံတွေ့နိုင်ပြီး စိန်ခေါ်မှုများကို အခွင့်အလမ်းအဖြစ်မှတ်ယူ၍ မိမိတို့၏ ကိုင်တွယ်ဖြေရှင်း နိုင်စွမ်းကိုပြသရန် လိုပါကြောင်း၊
- စစ်ဆေးရေးလုပ်ငန်းများတွင် ရလဒ်ကောင်းများထွက်ပေါ်ရေး ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသရွေ့ ဆောင်ရွက်ကြရန်နှင့် ဝန်ထမ်းကျင့်ဝတ်သိက္ခာကို စောင့်ထိန်းကြရန်၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် အုတ်တစ်ချပ်၊ သဲတစ်ပွင့် အနေဖြင့် ပါဝင်ကြိုးပမ်းကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း။
၄။ သင်တန်းဆင်းပွဲအခမ်းအနားကို မွန်းလွဲ ၄ : ၀၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

U Maw Than, the Auditor General of the Union, received the delegation from the World Bank led by Mr. Christopher Fabling, Public Financial Management Specialist, at the Call Room of the Office of the Auditor General of the Union, Nay Pyi Taw at 10:00 a.m on 18th June, 2019.
During the meeting, they discussed the proposed timing and draft agenda of Public Sector Accounting Conference regarding the transition of Public Sector Accounting Standards and Financial Reporting in accordance with International Public Sector Accounting Standards-IPSAS and International Financial Reporting Standards – IFRS, jointly organized by the Office of the Auditor General of the Union and the Ministry of Planning and Finance with the participation of MAC, MICPA and other Stakeholders.
The Permanent Secretary, Director General (Audit Department), the Deputy Permanent Secretary, the Deputy Director General and responsible persons from the Office of the Auditor General of the Union attended the meeting.