၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်းသည် European Chamber of Commerce in Myanmar (Euro Cham Myanmar) မှ Acting Executive Director Mr. Marc de la Fouchardiere ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ခုနှစ်၊ ဇွန်လ ၆ရက်နေ့၊ နံနက် ၁၀:၀၀နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။
၂။ ထိုသို့တွေ့ဆုံရာတွင် ကိုယ်စားလှယ်များက Euro Cham Myanmar ၏ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအားပေးမှုအဖွဲ့ (Anti-illict Trade Advocacy Group) ၏ ရည်ရွယ်ချက်များနှင့် ဆောင်ရွက်ချက်များ၊ တရားမဝင်ကုန်သွယ်မှုကို တိုက်ဖျက်ရေးအားပေးရန်ကြိုးပမ်းမှုများ၊ ၎င်းတို့ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ရှင်းလင်းတင်ပြခဲ့ကြပါသည်။
၃။ အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေးဦးစီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ ဇွန်လ ( ၄ ) ရက်
၁။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ( ၄ ) ရက်နေ့နံနက် ၉ : ၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် လက်ထောက်ညွှန်ကြားရေးမှူးများမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းတက်ရောက်၍ သင်တန်းဖွင့်လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသူ/ သင်တန်းသား (၇၇) ဦး တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည်-
- စာရင်းစစ်ဆေးခြင်း၏ ရည်ရွယ်ချက်မှာ အဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်ချက်များသည် နိုင်ငံတော်နှင့်ပြည်သူအတွက် မည်သည့်အတိုင်းအတာပမာဏအထိ အကျိုးသက်ရောက်မှု ရှိ မရှိ စိစစ်သုံးသပ်နိုင်အောင် စစ်ဆေးခြင်းဖြစ်သည်ကို သိရှိနားလည်ထားရမည်ဖြစ်ကြောင်း၊
- စစ်ဆေးရေးလုပ်ငန်းများဆောင်ရွက်ကြရာတွင် သမရိုးကျတွေးခေါ်လုပ်ကိုင်ခြင်းအပြင် လိုအပ်သည့်အခြေအနေများတွင် ဖောက်ထွက်တွေးခြင်း (Think out of the box) ဆိုတဲ့ အတွေးအမြင်သစ်များထားရှိလုပ်ကိုင်ရန်နှင့် နိုင်ငံတကာကျင့်ထုံးများကိုလည်းမပြတ်လေ့လာရန် လိုအပ်ကြောင်း၊
- ခေတ်စနစ်အရ တိုးတက်ပြောင်းလဲလျက်ရှိသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်းများကို လက်လှမ်းမီသိရှိနိုင်ရေး မပြတ်ဖြည့်ဆည်းကြမှသာ စာရင်းစစ်ထင်မြင်ယူဆချက်၊ အကြံပြုချက်များကို မှန်ကန်မျှတသောအမြင်ဖြင့် သုံးသပ်နိုင်မည်ဖြစ်ကြောင်း၊
- မိမိတို့အဖွဲ့အစည်း၏ လုပ်ငန်းတစ်ခုတည်းကိုသာ ကျွမ်းကျင်မှုရှိရုံမျှသာမက ဆက်စပ်အဖွဲ့ အစည်းများ၏ ပြောင်းလဲလာမှုများကိုလည်း သိရှိနားလည်ရန်လိုအပ်ကြောင်း၊
- ဤရုံး၏ “ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေရေး ထိန်းကျောင်းပေး” ဟူသော ဆောင်ပုဒ်နှင့်အညီ ဌာနအဖွဲ့အစည်းများ၏ လုပ်ငန်းဆောင်ရွက်မှုများတွင် စည်းမျဉ်းမကျနမှု၊ ဌာနတွင်းကြီးကြပ်ကွပ်ကဲမှု အားနည်းချက်များ တွေ့ရှိပါက အပြုအသဘောဝေဖန်ထောက်ပြ ခြင်း၊ ဓမ္မဓိဋ္ဌာန်ကျသော ရှုထောင့်အမြင်ဖြင့်အကြံပြုခြင်း ဆောင်ရွက်ပေးရန်လိုကြောင်း၊
- ဤသင်တန်းတွင် ကထိကများ၏အသိပညာဆင့်ပွားပေးခြင်း (Knowledge Transfer) အပိုင်းနဲ့ သင်တန်းသူ/သင်တန်းသား အချင်းချင်းအတွေ့အကြုံဖလှယ်ခြင်း (Experience Sharing) အပိုင်းများကို မျှမျှတတထည့်သွင်းပို့ချသွားမည် ဖြစ်ပါကြောင်း၊
- လက်ထောက်ညွှန်ကြားရေးမှူးများအနေဖြင့် ပြည်သူ့ဝန်ထမ်းများဖြစ်သည့်အားလျော်စွာ နိုင်ငံတော်နှင့်ပြည်သူ့အကျိုးအတွက် အလုပ်ကိုရိုးသားကြိုးစားလုပ်ကိုင်ကြရန်၊ ပြည်သူ့အကျိုးစီးပွား တိုးတက်စေရေးအတွက် ကျရာတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခြင်းဖြင့် အလုပ်အကျွေးပြုကြရန်လိုအပ်ကြောင်း၊
၄။ သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် ၉ : ၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

ရက်စွဲ ၊ ၂၀၁၉ ခုနှစ် ဇွန်လ (၃)ရက်
၁။ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၃)ရက်နေ့ နံနက် ၉ း ၀၀ နာရီ၌ မြန်မာနိုင်ငံစာရင်းကောင်စီရုံး သင်တန်း ကျောင်းခန်းမ ၊ ရန်ကုန်မြို့တွင် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် ဒီပလိုမာစာရင်းကိုင် (ဒုတိယပိုင်း) သင်တန်း အမှတ်စဉ်-၃၉ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ မြန်မာနိုင်ငံစာရင်းကောင်စီဉက္က ပြည်ထောင်စု စာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့်လမ်းညွှန်အမှာစကားပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ မြန်မာနိုင်ငံစာရင်းကောင်စီအဖွဲ့ဝင်များ ၊ သင်တန်းကထိကများ ၊ သင်တန်း သား ၊ သင်တန်းသူများနှင့် မြန်မာနိုင်ငံစာရင်းကောင်စီရုံးမှ တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
၃။ အခမ်းအနားတွင် မြန်မာနိုင်ငံစာရင်းကောင်စီဉက္ကဌ ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါ အတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည်-
- မြန်မာနိုင်ငံစာရင်းကောင်စီဟာ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူ ပြုမည့် အရည်အချင်းပြည့်မီသော စာရင်းပညာရှင်များ ၊ စာရင်းပညာတတ်ကျွမ်းသူများ တိုးပွား လာစေရန်ရည်ရွယ်၍ လက်မှတ်ရပြည်သူ့စာရင်းကိုင်နှင့် ဒီပလိုမာစာရင်းကိုင်သင်တန်းများကို နှစ်စဉ် စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း
- DA သင်တန်း အောင်မြင်သူများကို စာရင်းပညာတတ်ကျွမ်းသူများအဖြစ် အသိအမှတ်ပြုမှာဖြစ် ကြောင်း ၊ ၎င်းပြင် CPA သင်တန်းရဲ့ ဝင်ပေါက်တစ်ခုအဖြစ် ဖွင့်ပေးထားပါကြောင်း ၊ DA သင်တန်း အောင်မြင်သူများအနေဖြင့် CPA ကို တိုက်ရိုက်တက်ခွင့်ရကြမှာဖြစ်ကြောင်း
- ဒီအစီအစဉ်ဟာ စာရင်းပညာတတ်ကျွမ်းသူများကို စာရင်းပညာရှင်များဖြစ်ခွင့်ရအောင် ဆောင်ရွက် ပေးနေတဲ့ မြန်မာနိုင်ငံစာရင်းကောင်စီရဲ့ ဆောင်ရွက်ချက်တစ်ခုဖြစ်ပြီး နိုင်ငံ၏လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းချက်တစ်ရပ်လည်းဖြစ်ကြောင်း
- ၂၀၁၇ - ၂၀၁၈ ခုနှစ်မှ စတင်ပြီး ဒီပလိုမာစာရင်းကိုင်(ဒုတိယပိုင်း)ဘာသာရပ်များကို Module 1 ၊ Module 2 ခွဲခြားသတ်မှတ်ထားပါကြောင်း ၊ ကနဦးဖြေဆိုချိန်တွင် ဘာသာရပ်အားလုံးဖြေဆို ကြရမှာဖြစ်ပါကြောင်း ၊ အောင်စာရင်းကိုလည်း အမျိုးအစားခွဲခြားထုတ်ပြန်ပေးလျက်ရှိပါကြောင်း
- သတ်မှတ်ထားတဲ့သင်တန်းချိန်ကိုလည်း အချိန်မီတက်ရောက်ကြဖို့လိုပါကြောင်း ၊ သင်တန်း ကျောင်းမှာတက်ရောက်သူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ရရှိရန် သင်တန်းချိန် ၆၀ % ပြည့်မီဖို့ လိုပါကြောင်း ၊ ဘာသာရပ်တစ်ခုတွင် ၆၀ % မပြည့်မီပါက ထိုနှစ်အတွက် ကျင်းပမည့်စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်ပြုမှာ မဟုတ်တဲ့အတွက် သင်တန်းချိန်များကို ပြည့်မီအောင် တက်ရောက် ကြပါလို့ အထူးမှာကြားလိုပါကြောင်း
- သင်တန်းသားများအနေဖြင့် မိမိတို့ရဲ့ စာရင်းပညာဗဟုသုတများ တိုးတက်စေရေးအတွက် စာရင်း ပညာနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အကျုံးဝင်သက်ဆိုင်တဲ့ စာအုပ်စာတမ်းများကို ရှာဖွေရယူဖတ်ရှုပြီး သက်ဆိုင်ရာအချက်အလက်များကို ကောက်နှုတ်စုဆောင်းကြပါ ၊ အချိန်နှင့် အမျှ ပြောင်းလဲတိုးတက်နေတဲ့ အခြေအနေများကို မျက်ခြေမပြတ်လေ့လာ မှတ်သားကြပါ၊ ဗဟုသုတကြွယ်ဝသူများထံချဉ်းကပ်၍ နည်းကောင်းလမ်းကောင်းများကို မေးမြန်းစုံစမ်းနာယူပြီး အတုယူမှတ်သားကြပါ ၊ မိမိတို့၏အရည်အချင်းများ တိုးတက်ဖြစ်ထွန်းလာစေရန် အစဉ်တစိုက် ကြိုးပမ်းကြပါလို့ အလေးအနက်ထား မှာကြားလိုပါကြောင်း
- သင်တန်းကာလအတွင်း သင်တန်းစည်းကမ်းများနှင့်အညီ လေ့လာသင်ယူပြီး ထူးချွန်အောင်မြင် သော ၊အရည်အချင်းပြည့်ဝသည့် ကျင့်ဝတ်သိက္ခာနှင့်ပြည့်စုံသော၊ နိုင်ငံနှင့်ပြည်သူ့အကျိုးအတွက် အားကိုးအားထားရသော စာရင်းပညာတတ်ကျွမ်းသူများဖြစ်အောင် ကြိုးပမ်းကြပါလို့ တိုက်တွန်း မှာကြားလိုပါကြောင်း
၄။ သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် ၉ း ၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ ဇွန်လ ၃ ရက်
၁။ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့ နံနက် ၀၉း၀၀ နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်၊ ဒီပလိုမာစာရင်းကိုင်(ဒုတိယပိုင်း)သင်တန်းအမှတ်စဉ်-၃၉ ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့်လမ်းညွှန် အမှာစကားပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်း ကထိကများနှင့် သင်တန်းသူ/သား ၇၂ ဦး တက်ရောက်ခဲ့ကြပါသည်။
၃။ အခမ်းအနားတွင် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါတို့ကို လမ်းညွှန်မှာကြားခဲ့ပါသည်-
- ဒီပလိုမာစာရင်းကိုင်(ဒုတိယပိုင်း)သင်တန်းတွင် Accounting, Financial Reporting, Cost Accounting, Auditing, Information & Communication Technology and System Development ဘာသာရပ် ၊ ဝန်ထမ်းစည်းမျဉ်း၊ ဘဏ္ဍာရေးစည်းမျဉ်းဘာသာရပ် ၆ ခုကို သင်ကြားပို့ချမည်ဖြစ်ကြောင်း၊
- ဖြေဆိုရမည့် ဘာသာရပ် ၆ ခုကို Module 1, Module 2 ခွဲခြားသတ်မှတ်ထားပြီး Accounting, Auditing နှင့် Cost Accounting ဘာသာရပ်တို့ကို Module 1၊ Financial Reporting, Financial and Service Regulations နှင့် Information & Communication Technology and System Development ဘသာရပ်တို့ကို Module 2 အနေနှင့် သတ်မှတ်ထားပြီး ကနဦးဖြေဆိုချိန်တွင် ဘာသာရပ်အားလုံးဖြေဆိုကြရမည်ဖြစ်ကြောင်း၊
- Module တစ်ခုထဲမှ ဘာသာရပ်အားလုံးအောင်မြင်ပြီး အခြားModule တစ်ခုထဲမှ ဘာသာရပ် တစ်ခုခုကျရှုံးခဲ့လျှင် Module တစ်ခုအောင်မြင်သည်ဟု သတ်မှတ်ကြောင်း၊ ကျရှုံးသည့် Module ထဲမှ ဘာသာရပ်အားလုံးအား တစ်ဆက်တည်း ၃ ကြိမ်အထိ ပြန်လည်ဖြေဆိုခွင့် ပြုထားပြီး အောင်မြင်မှုမရှိခဲ့လျှင်ဖြစ်စေ စာမေးပွဲဝင်ရောက်ဖြေဆိုခြင်း မရှိခဲ့လျှင်ဖြစ်စေ၊ ကနဦးစာမေးပွဲဖြေဆိုသည့်အတိုင်း ဘာသာရပ်အားလုံးကို ပြန်လည် ဖြေဆိုရမည် ဖြစ်ကြောင်း၊
- ကျရှုံးသည့် Module တွင်ပါဝင်သည့် ဘာသာရပ်တိုင်း ၂၀ မှတ် အနည်းဆုံးရရှိပြီး တစ်ဘာသာချင်း ပျမ်းမျှရမှတ် ၂၅ မှတ်ရရှိရန်လိုကြောင်း၊ သို့မှသာ ကျန်Moduleကို အောင်မြင်သည်ဟု သတ်မှတ်ကြောင်း၊
- ဘာသာရပ်တိုင်းတွင် ကျောင်းတက်ချိန် ၆၀ % ပြည့်မီမှသာ စာမေးပွဲဖြေဆိုခွင့်ရှိမည်ဖြစ်၍ သင်တန်းကို မှန်မှန်တက်စေလိုကြောင်း၊
- ကထိကများ၏ စေတနာကို လေးစားတန်ဖိုးထားစေလိုကြောင်း၊ ကထိကများ သင်ကြားပေးသည်ကို ကြိုးကြိုးစားစားဖြင့် လေ့လာသင်ယူကြပြီး သင်တန်းကျောင်းမှ ချမှတ်ထားသော စည်းကမ်းများကို လိုက်နာ၍ နိုင်ငံအတွက် အားကိုးရသည့် စာရင်းပညာကျွမ်းကျင် သူများဖြစ်ရန် ကြိုးပမ်းကြစေလိုကြောင်း၊
၄။ သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် ၀၉း၃၀ နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

၂၀၁၉ ခုနှစ် ၊ မေ လ ၃၁ ရက်
၁။ ၂၀၁၉ခုနှစ်၊ မေ လ ၃၁ ရက်နေ့ မွန်းလွဲ (၁ : ၃၀) နာရီတွင် ပြည်ထောင်စုစာရင်းစစ် ချုပ်ရုံး၊ စုပေါင်းခန်းမ၌ မုံရွာစီးပွားရေးတက္ကသိုလ်နှင့် မိတ္ထီလာစီးပွားရေးတက္ကသိုလ်တို့မှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် မဟာတန်းနှင့်နောက်ဆုံးနှစ် ကျောင်းသူ/ ကျောင်းသားများ အလုပ်သင်လေ့လာမှု အရည်အချင်းပြည့်မီစွာ ပြီးမြောက်ခြင်း နှုတ်ဆက်ပွဲအခမ်းအနား ကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိသူပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် အလုပ်သင်မောင်မယ် ( ၁၄ ) ဉီး တက်ရောက်ခဲ့ပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က -
- ဤရုံးအပါအဝင် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ရန်ကုန်စသည့် တိုင်းဒေသကြီး ၄ ခု နှင့် မွန်၊ ရှမ်း၊ ကချင်နှင့် ချင်းစသည့် ပြည်နယ် ၄ ခုတို့မှ စုစုပေါင်း အနာဂတ်မျိူးဆက်သစ် ၁၀၅ ဉီးတို့သည် အလုပ်သင်လေ့လာခြင်း အရည်အချင်းပြည့်မီစွာ ပြီးမြောက်အောင်မြင်သည့်အတွက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေနဲ့ လှိုက်လှိုက်လှဲလှဲ ဝမ်းသာပါကြောင်း၊
- အလုပ်သင်မောင်မယ်များအား ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အဓိကတာဝန်တစ်ရပ်ဖြစ်သော နိုင်ငံတော်အရအသုံးစာရင်းများ စစ်ဆေးခြင်းအပါအဝင် ဤရုံး၏ ဖွဲ့စည်းပုံအဆင့်ဆင့်၊ စာရင်းစစ်ဆေးခြင်းနည်းလမ်းများ၊ စာရင်းစစ်လုပ်ငန်း မှတ်တမ်းပြုစုထိန်းသိမ်းရေးနည်းစနစ်များ၊ လုပ်ငန်းအထောက်အထားများ မှတ်တမ်းတင်ရေးသွင်းပုံများကို သင်ကြားပို့ချပေးခဲ့ကြောင်း၊
- အလုပ်သင်မောင်မယ်များသည် စာရင်းစစ်ဆေးခြင်းလုပ်ငန်းကို စာတွေ့သာမက မြေပြင်တွင်စစ်ဆေး ဆောင်ရွက်လျက်ရှိသည့် စာရင်းစစ်အဖွဲ့များနဲ့ လိုက်ပါလေ့လာခွင့်များရရှိခဲ့ကြသဖြင့် များစွာအကျိုးရှိမည်ဟု ယုံကြည်ပါကြောင်း၊
- အစိုးရဝန်ကြီးဌာန၊ အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်၏ငွေကြေးကိစ္စရပ်များကို စီမံခန့်ခွဲရာတွင် ကျင့်သုံးရမည့် ဘဏ္ဍာရေးစည်းမျဉ်းများကို ပို့ချပေးခဲ့သည့်အတွက် ဗဟုသုတများတိုးပွားစေမည် ဖြစ်ပါကြောင်း၊
- နိုင်ငံ့ဘဏ္ဍာငွေကိုအသုံးပြုသည့် ဌာန၊ အဖွဲ့အစည်းတိုင်းသည် မည်သည့်အတိုင်းအတာအထိ ပွင့်လင်းမြင်သာမှုရှိသည်၊ တာဝန်ခံမှုရှိသည်၊ စွမ်းဆောင်ရည်ပြည့်ဝသည်ဆိုသည့်အချက်များကို ဥပဒေနှင့်အညီ စာရင်းစစ်ဆေးမှုခံယူခြင်းဖြင့်လည်း ပြသနိုင်ပါကြောင်း၊
- နိုင်ငံဝန်ထမ်းတစ်ဦးအနေဖြင့် ထမ်းဆောင်ရမည့်တာဝန်၊ ခံစားနိုင်သည့်အခွင့်အရေးနှင့် လိုက်နာရမည့်ကျင့်ဝတ်များကိုလည်း ကထိကများက မျှဝေပို့ချခဲ့ပါကြောင်း၊
- မိမိတို့ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသို့ စိတ်ပါဝင်စားစွာ လာရောက်လေ့လာပြီး အသိပညာဆည်းပူးခဲ့ကြသည့်အတွက် ဝမ်းမြောက်ပါကြောင်း၊
- အလုပ်သင်မောင်မယ်များသည် တက္ကသိုလ်များက သင်ကြားပေးလိုက်သော အသိပညာ၊ အတတ်ပညာများကို နိုင်ငံတော်တာဝန်ထမ်းဆောင်ရာတွင် အသုံးချနိုင်သည့် အခွင့်အလမ်းများရှိနေကြတာဖြစ်၍ နိုင်ငံ၏ပြုပြင်ပြောင်းလဲရေး ခရီးလမ်းတွင် အုတ်တစ်ချပ်သဲတစ်ပွင့်အနေဖြင့် ပါဝင်ဆောင်ရွက်နိုင်ကြစေရန် တိုက်တွန်းပါကြောင်း။
၄။ ပြည်ထောင်စုစာရင်းစစ်ချုပ်မှ အလုပ်သင်မောင်မယ်များအား အလုပ်သင်ပြီးမြောက်ကြောင်း အသိမှတ်ပြုလက်မှတ် ချီးမြှင့်ပေးအပ်ခဲ့ပြီး အခမ်းအနားကို မွန်းလွဲ ( ၂ : ၀၀ ) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ်ဉီးမော်သန်းနှင့် တာဝန်ရှိသူများသည် ၂၀၁၉ ခုနှစ်၊ မေလ ၂၅ ရက်နေ့၊ နံနက် ၈:၃၀ နာရီတွင် နေပြည်တော်၊ Park Royal Hotel ၌ EU GOPA ၏ My Governance Project မှ ကြီးမှူးကျင်းပသည့် Legal Framework of the Office of Auditor General of the Union in line with INTOSAI Standards and Practices ဆွေးနွေးပွဲနှင့် နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲမှာ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့်သက်ဆိုင်သည့် ဥပဒေမူဘောင်ကို နိုင်ငံတကာစာရင်း စစ်ချုပ်ရုံးများအဖွဲ့ (INTOSAI) ၏ စံများနှင့်အညီဖြစ်အောင်ပြင်ဆင်၍ လက်တွေ့ဆောင်ရွက်နေမှုများကို ဥပဒေမူဘောင်နှင့်အညီ ဆောင်ရွက်နိုင်ရန် ကျင်းပခြင်းဖြစ်ပါသည်။
ပထမဉီးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ်က အဖွင့်အမှာစကား ပြောကြားပါသည်။ ထို့နောက် နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးမှ Director General ဖြစ်သူ Ms. Tora Jarlsby က SAI Mandate and Independence: International Best Practices နှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် ဒေါ်နိုင်သက်ဉီးက Practices of Union Auditor General Office and Challenges နှင့်စပ်လျဉ်း၍လည်းကောင်း၊ My Governance Project မှ Senior Legal Consultant ဖြစ်သူ ဒေါက်တာဒေါ်ခင်မာရီက Comparison between Myanmar Legal Framework and International Standards of Supreme Audit Institutions (ISSAI) နှင့်စပ်လျဉ်း၍လည်း ကောင်းဆွေးနွေးကြရာ တက်ရောက်လာသူများက အကြံပြုဆွေးနွေးခြင်း၊ သိရှိလိုသည်များ မေးမြန်းမှုကို ပြန်လည်ဖြေကြားခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးပူးပေါင်းကော်မတီ၊ ဥပဒေကြမ်းပူးပေါင်းကော်မတီ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံး၊ မြန်မာနိုင်ငံဆိုင်ရာဉရောပသမဂ္ဂ၏ My Governance Project ကိုယ်စားလှယ်အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။
U Maw Than, the Auditor General of the Union and the responsible persons attended the Working Lunch on Legal Framework of OAGM in line with INTOSAI Standards and Practices hosted by My Governance Project of EU, GOPA at Park Royal Hotel, Nay Pyi Taw at 8:30 a.m on 25th May 2019. This meeting was held for amending the legal framework of OAGM in line with the INTOSAI standards and for having practices in line with the legal framework.
Firstly, the Auditor General of the Union delivered his opening speech. And then, Ms. Tora Jarlsby, Director General from the Office of the Auditor General of Norway discussed SAI Mandate and Independence: International Best Practices; Daw Naing Thet Oo, Permanent Secretary from OAGM presented the Practices of Union Auditor General Office and Challenges; Dr. Daw Khin Mar Yee, Senior Legal Consultant from My Governance Project presented Comparison between Myanmar Legal Framework and International Standards of Supreme Audit Institutions (ISSAI); there were recommendations of the participants, questions and answers after the presentations.
The responsible persons from the Joint Public Accounts Committee, Joint Committee to Amend the 2008 Constitution, Joint Bill Committee, Union Attorney General Office, Office of the Auditor General of the Union, Union Civil Service Board, Ministry of Planning and Finance, Office of the Auditor General of Norway and the Delegation from My Governance Project, EU GOPA attended the meeting.