ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့်နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးတို့ပူးပေါင်း၍ ပတ်ဝန်းကျင်ဆိုင်ရာစာရင်းစစ်ဆေးခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်း

၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးတို့ပူးပေါင်း၍ ပတ်ဝန်းကျင်ဆိုင်ရာစာရင်းစစ်ဆေးခြင်း (Environmental Audit) အလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်၌ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက်နေ့မှ (၂၀) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

၂။ အလုပ်ရုံဆွေးနွေးပွဲတွင် နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးမှ ကျွမ်းကျင်ပညာရှင်များက နိုင်ငံတကာစာရင်းစစ်ချုပ်ရုံးများ၏စံများ (International Standards of Supreme Audit Institutions - ISSAI) နှင့်အညီ ပတ်ဝန်းကျင်ဆိုင်ရာစာရင်းစစ်ဆေးခြင်းကို အဓိပ္ပါယ်ဖွင်‌့ဆိုပုံ၊ အခြေခံသဘောတရားများ၊ သီအိုရီနှင့်ချမှတ်ထားသည့်မူဘောင်များ၊ သက်ဆိုင်ရာစာရင်းစစ်စံများနှင့် လမ်းညွှန်ချက်များစသည့် အချက်များအပေါ် ရှင်းလင်းပြောကြားခဲ့ပြီးလုပ်ငန်းဆောင်ရွက်မှုစာရင်းစစ်ဆေးခြင်းတွင်ပတ်ဝန်းကျင်ဆိုင်ရာရှုထောင့်အမြင်နှင့်ဆက်စပ်စစ်ဆေးမှု၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များ (SDGs) နှင့်Environmental Audit တို့ဆက်နွယ်ပုံ၊ Environmental Audit ဆောင်ရွက်ရာ၌ ကြိုတင်ပြင်ဆင်ခြင်း (Planning) အဆင့်တွင် စာရင်းစစ်အန္တရာယ်အကဲဖြတ်ခြင်းနှင့် စိစစ်သုံးသပ်ခြင်း (Risk Assessment and Analysis)၊Design ရေးဆွဲခြင်း၊ Audit Criteria သတ်မှတ်ခြင်း၊ သတင်းအချက်အလက်များနှင့် ၎င်းတို့ကိုရရှိနိုင်သည့်အရင်းအမြစ်များ၊နော်ဝေနိုင်ငံနှင့် ယူဂန်ဒါနိုင်ငံတွင် စစ်ဆေးခဲ့သည့်အတွေ့အကြုံများ၊ မြန်မာနိုင်ငံတွင် အဓိကဖြစ်ပွားနေသည့် ပတ်ဝန်းကျင်ဆိုင်ရာခြိမ်းခြောက်မှုများ၊Environmental Audit ဆောင်ရွက်ရာတွင် ဆက်စပ်စစ်ဆေးရမည့်တာဝန်ရှိသောဌာနအဖွဲ့အစည်းများနှင့် လိုက်နာကျင့်သုံးရမည့်ဥပဒေ၊စည်းမျဉ်းစည်းကမ်းများသတ်မှတ်ခြင်းစသည်တို့ကို ဆွေးနွေးခဲ့ပါသည်။ထို့ပြင် တက်ရောက်သူများ၏ အတွေ့အကြုံများနှင့် မေးမြန်းချက်များအပေါ် ၎င်းတို့၏အမြင်များကိုလည်း ပြန်လည်မျှဝေခဲ့ကြပါသည်။

၃။ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်းဖြင့် တက်ရောက်သူများသည် ISSAI နှင့်အညီ Environmental Audit ဆောင်ရွက်ပုံများ၊ Environmental Audit ၏ အရေးပါအရာရောက်ပုံ၊စစ်ဆေးမည့်အကြောင်းအရာရွေးချယ်ပုံ၊ သက်ဆိုင်ရာ ကဏ္ဍများကို မည်ကဲ့သို့စစ်ဆေး၍ စာရင်းစစ်အစီရင်ခံစာတွင် မည်သို့ထည့်သွင်းဖော်ပြပေးရမည်စသည်များကို သိရှိရခြင်းဖြင့်အသိအမြင်၊ ဗဟုသုတတိုးပွားကာEnvironmental Audit ဆောင်ရွက်ရာတွင် အထောက်အကူပြုမည်ဖြစ်ပါသည်။

၄။အလုပ်ရုံဆွေးနွေးပွဲသို့ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှအမြဲတမ်းအတွင်းဝန်၊ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေးဦးစီးဌာန)နှင့်ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးမှ ကျွမ်းကျင်ပညာရှင်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံးများနှင့်ဒေသစာရင်းစစ်ရုံးအဆင့်ဆင့်မှ အရာထမ်း၊ အမှုထမ်းများ စုစုပေါင်း (၇၈) ဦး တက်ရောက်ခဲ့ကြပါသည်။

စာရင်းစစ်-၁ များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်-၃၄ သင်တန်းဆင်းပွဲအခမ်းအနား

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

သတင်းထုတ်ပြန်ချက်

၂၀၁၉ ခုနှစ်၊ မတ်လ (   ၁  ) ရက်

၁။        ၂၀၁၉ ခုနှစ်၊ မတ်လ (၁) ရက်နေ့ နံနက် (၉ : ၀၀) နာရီအချိန်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ရုံး၊ စုပေါင်းခန်းမ၌ စာရင်းစစ်-၁ များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်-၃၄ သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ်တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်-

၂။         အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်း ကထိကများနှင့် သင်တန်းသား/သူ ( ၁၁၂ ) ဦး တက်ရောက်ခဲ့ပါသည်။

၃။        အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါတို့ကို လမ်းညွှန်မိန့်ကြားခဲ့ပါသည်-

  • စာရင်းစစ် - ၁ များသည် စစ်ဆေးရေးအဖွဲ့များတွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက် ကြသည့်အတွက် လုပ်ငန်းကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်ပြည့်ဝစွာ ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊
  • သင်တန်းမှ ပို့ချလိုက်သည့် အတတ်ပညာ၊ ဗဟုသုတများဖြင့်သာရပ်မနေဘဲ ကိုယ်တိုင် လေ့လာဆည်းပူးခြင်း( Self Education ) လုပ်ရန်လိုအပ်ကြောင်း၊
  • ကိုယ်ကျင့်တရားကောင်းမွန်သော ဝန်ထမ်းကောင်းများအဖြစ် နိုင်ငံ၏အကျိုးစီးပွားများကို ကာကွယ်စောင့်ရှောက်နိုင်သောသူများ ဖြစ်စေလိုကြောင်း၊
  • ခေါင်းဆောင်မှုပေးရမည့်ရာထူး၌ ခေါင်းဆောင်မှုစွမ်းရည်ရှိရန် လိုအပ်ကြောင်း၊ Creative Thinking ကောင်းအောင် ပျိုးထောင်စေလိုကြောင်း၊
  • စစ်ဆေးရေးအဖွဲ့များတွင် ခေါင်းဆောင်ဖြစ်သည့် စာရင်းစစ် - ၁ များသည် စာရင်းစစ် - ၃ များကို သင့်တင့်မျှတစွာ တာဝန်ခွဲဝေပေးရန် လိုအပ်ကြောင်း၊
  • Team Work ဖြင့် လုပ်ကိုင်ဆောင်ရွက်တတ်ရန် လိုအပ်ကြောင်း၊
  • စာရင်းစစ်ဆေးရေးလုပ်ငန်းများကို ရိုးသားဖြောင့်မတ်စွာဖြင့် ဥပဒေ၊ စည်းကမ်း၊ ကျင့်ဝတ် ဘောင်အတွင်း ရိုးရိုးသားသား သိက္ခာရှိရှိဖြင့် စာရင်းစစ်ဝန်ထမ်းကောင်းများအဖြစ် ပြုမူ နေထိုင်ကြရန် တိုက်တွန်းလိုကြောင်း၊

၄။အခမ်းအနားကို နံနက် ( ၉ : ၃၀ ) နာရီ အချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။

စာရင်းစစ်-၁ များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်-၃၄ သင်တန်းဆင်းပွဲအခမ်းအနား

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

သတင်းထုတ်ပြန်ချက်

၂၀၁၉ ခုနှစ်၊ မတ်လ (   ၁  ) ရက်

၁။        ၂၀၁၉ ခုနှစ်၊ မတ်လ (၁) ရက်နေ့ နံနက် (၉ : ၀၀) နာရီအချိန်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ စာရင်းစစ်-၁ များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်-၃၄ သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပရာ ပြည်ထောင်စုစာရင်းစစ်ချုပ်တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပါသည်-

C I 44 Exam Time Table
DA II Exam Time Table 2018-2019
Firm Name Noti 14-2018
The Auditor General of the Union received the World Bank delegation

U Maw Than, the Auditor General of the Union, received the delegation from the World Bank led by Mr. Serdar Yilmaz, Lead Public Sector Specialist, at the Call Room of the Office of the Auditor General of the Union, Nay Pyi Taw at 9:30 a.m on 1st February, 2019.
During this meeting, they discussed the matters concerning the transition of Public Sector Accounting Standards and Financial Reporting in accordance with International Public Sector Accounting Standards-IPSAS and International Financial Reporting Standards – IFRS.
The Director General (Audit Department), the Deputy Permanent Secretary, the Deputy Director General and responsible persons from the Office of the Auditor General of the Union attended the meeting. 

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ကမ္ဘာ့ဘဏ်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် ကမ္ဘာ့ဘဏ်မှ Lead Public Sector Specialist ဖြစ်သူ Mr. Serdar Yilmaz ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့၊ နံနက် ၉း၃၀ နာရီတွင် နေပြည်တော်ရှိ  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။         
ထိုသို့ တွေ့ဆုံရာတွင် နိုင်ငံပိုင်ကဏ္ဍဆိုင်ရာနိုင်ငံတကာစာရင်းစံများ (International Public Sector Accounting Standards-IPSAS) နှင့် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ (International Financial Reporting Standards - IFRS) နှင့်အညီ  နိုင်ငံပိုင်ကဏ္ဍစာရင်းစံများနှင့် ဘဏ္ဍာရေးအစီရင်ခံခြင်း (Public Sector Accounting Standards and Financial Reporting) သို့ အသွင်ကူးပြောင်းရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီး ဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် IFAC ၊ ACCA နှင့် MICPA တို့မှ ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

၁။      ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် International Federation of  Accountants (IFAC) မှ Technical Manager ဖြစ်သူ Ms. Marta Russell ၊ Association of Chartered Certified Accountants (ACCA) မှ Head of Capacity Building ဖြစ်သူ Ms. Mahalah Groves နှင့် Myanmar Institute of Certified Public Accountants (MICPA) မှ ဥက္ကဋ္ဌ ဦးဝမ်းတင်တို့ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့အား ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့၊ နံနက် ၁၀:၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။

၂။      ထိုသို့တွေ့ဆုံရာတွင် MICPA အား IFAC အဖွဲ့ဝင်အဖြစ် လက်ခံနိုင်ရေး ဆောင်ရွက်နေမှုများ၊ MICPA က အကောင်အထည်ဖော်ဆောင်ရွက်မည့် မဟာဗျူဟာ (၂၀၁၉-၂၀၂၃) နှင့် အဆိုပါမဟာဗျူဟာ ရေးဆွဲရာတွင် ACCA က အကူအညီပေးမှုများ၊ MICPA ၏ လက်ရှိဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

၃။      အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေးဦးစီးဌာန)၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

Pages

Subscribe to Front page feed