- Office of the Auditor General of the Union held the thirteenth Waso robe-offering ceremony at the Assembly Hall of this Office, Nay Pyi Taw at 10:00 AM on July 15, 2019.
- At the ceremony, venerable Buddhist monks from Phayarkyi Monastery and Yadanar Bummithara Monastery in Pyinmana were present and the staff of the Office of the Auditor General of Union led by U Maw Than, Union Auditor General offered Waso robes and provisions to the monks.
- Then Union Auditor General and the Staff adopted five precepts from the venerable monks and shared the merits gained. After the ceremony, monks were offered meals and the staff were treated to Monghinga.
၁။ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (၁၃)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်နေ့ ၊ နံနက် ၁၀:၀၀ နာရီတွင် ဤရုံး၊ စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ အဆိုပါဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲသို့ ပျဉ်းမနားမြို့၊ ဘုရားကြီးကျောင်းတိုက်နှင့် ရတနာဘုမ္မိသာရကျောင်းတိုက်များရှိှ သံဃာတော်အရှင်သူမြတ်များ ကြွရောက်တော်မူကြပြီး ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းနှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးဝန်ထမ်းများက ဝါဆိုသင်္ကန်းနှင့်တကွ လှူဖွယ်ပစ္စည်းအစုစုတို့ကို ဆက်ကပ်လှူဒါန်းကြပါသည်။
၃။ ယင်းနောက် ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့်တကွ ရုံးဝန်ထမ်းများသည် သံဃာတော်အရှင်သူမြတ်များထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှဝေကြပြီးနောက် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကာ ရုံးဝန်ထမ်းများအား မုန့်ဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ၁၈-၇-၂၀၁၉ရက်နေ့ နံနက် ၁၀:၀၀နာရီက ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း တက်ရောက်၍ မဟော်ဂနီပင်၊အုန်းပင် စိုက်ပျိုးပေးခဲ့ပါသည်။အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများကလည်း နှစ်ရှည်ပင်များဖြစ်သည့် ကျွန်းပင်၊ ပျဉ်းကတိုးပင်နှင့် မဟော်ဂနီပင်(၁၀၀)ပင်နှင့် အုန်းပင်၊ ကီလိုမာလကာပင်၊ သံပုရာပင်၊ စိန်တလုံးသရက်ပင်၊ ပိန္နဲပင် စုစုပေါင်း (၁၄၆)ပင် စိုက်ပျိုးပေးခဲ့ပါသည်။

Conducting the Performance Audit (PA) Workshop
1. Experts from the Office of the Auditor General of Norway (OAGN), Mrs. Ingvild Gulbrandsen, Mr. Haakon Jernsletten and Ms. Hege Massso, led to hold the Performance Audit (PA) Workshop with the Performance Audit (PA) Teams who conduct the project areas of Procurement and Distribution of Drugs and Irrigated Water Storage and Distribution from Constructed Dams from the Office of the Auditor General of the Union of Myanmar (OAGM) and from the Offices of the Auditor General of State and Region at the Assembly Room (Hall) of the OAGM, Nay Pyi Taw from 24th to 28th June, 2019.
2. In the Workshop, the experts from OAGN discussed and made the presentations about the pre study phase such as the experiences of auditing of the procurement and distribution of drugs and irrigated water storage and distribution from constructed dams of the PA Teams, selecting the audit problem related to the pre-study phase, selecting the audit topic, defining materiality, audit risks and audit criteria, considering points in preparing the audit scope, audit design and work plan related to the main study phase, making presentations related to the main study in groups.
3. By holding the Workshop, the participants gained the knowledge about the facts conducted in pre study phase and main study phase and the audit procedures to be conducted effectively in the field work.
4. The Director General from the Audit Department, the Deputy Director Generals from the Audit Department and the responsible persons from the PA Teams from OAGM, State and Region Audit Offices who conducted the PA such as Drugs and Irrigation Areas, a total number of 43, attended the workshop.
5. At the last day of Workshop, the experts from OAGN met with the Permanent Secretary and Director Generals (Audit Department). They discussed the way forwards for conducting Performance Audit on two areas of Drugs and Irrigation such as holding workshops for the main study phase, field work and reporting, doing Skype meeting with the PA experts and holding workshop for the Environmental Audit.
Performance Audit (PA) Workshop ကျင်းပပြုလုပ်ခြင်း
၁။ နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံး (OAGN) မှ Experts များဖြစ်ကြသည့် Mrs. Ingvild Gulbrandsen၊ Mr.Haakon Jernsletten နှင့် Ms. Hege Maaso တို့မှ ဦးဆောင်၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်စာရင်းစစ်ချုပ်ရုံးများမှ Procurement and Distribution of Drugs နှင့် Irrigated Water Storage and Distribution from Constructed Dams တို့ကို Performance Audit ဆောင်ရွက်သည့်အဖွဲ့များနှင့် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့ထိ နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
၂။ အလုပ်ရုံဆွေးနွေးပွဲ၌ Procurement and Distribution of Drugs နှင့် Irrigated Water Storage and Distribution from Constructed Dams တို့ကို Performance Audit ဆောင်ရွက်သည့် အဖွဲ့များနှင့် Performance Audit ၏ Pre-Study ပိုင်းအားဆောင်ရွက်ရာ၌ တွေ့ကြုံခဲ့ရသည့် အခြေအနေများ နှင့်စပ်လျဉ်း ၍ Discussion နှင့် Presentations များပြုလုပ်ခြင်း၊ Pre-Study ပိုင်းနှင့်စပ်လျဉ်း၍ Audit Problem ရွေးချယ်ခြင်း၊ Audit Topic ရွေးချယ်ခြင်း၊ Materiality၊ Audit Risks နှင့် Audit Criteria များ သတ်မှတ်ခြင်း စသည်တို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ Main-Study နှင့်စပ်လျဉ်း၍လည်း Audit Scope၊ Audit Design နှင့် Work Plan များ ချမှတ်ရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များအား ဆွေးနွေးပို့ချခဲ့ပြီး အဖွဲ့များအား Main-Study နှင့်စပ်လျဉ်း၍ Presentations များ ပြုလုပ်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ပါသည်။
၃။ အလုပ်ရုံဆွေးနွေးပွဲကျင်းပခြင်းအားဖြင့် တက်ရောက်သူများအား Performance Audit ၏ Pre-Study ပိုင်းနှင့် Main-Study ပိုင်းတို့တွင် ဆောင်ရွက်ရမည့်အချက်များနှင့် Fieldwork တွင် ထိရောက်စွာ စစ်ဆေးနိုင်ရန် ဆောင်ရွက်ရမည့်လုပ်ထုံးလုပ်နည်းများ စသည်တို့နှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတများ ရရှိစေပါသည်။
၄။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး)၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ (စစ်ဆေးရေး) နှင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်စာရင်းစစ်ချုပ်ရုံးများမှ Drugs နှင့် Irrigation တို့ကို Performance Audit ဆောင်ရွက် သည့်တာဝန်ရှိသူများ စုစုပေါင်း (၄၃)ဦး တက်ရောက်ခဲ့ပါသည်။
၅။ အလုပ်ရုံဆွေးနွေးပွဲနောက်ဆုံးရက်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး)တို့ထံ နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးမှ Experts များကလာရောက် တွေ့ဆုံခဲ့ပြီး Performance Audit ၏ Main-Study ပိုင်းနှင့်စပ်လျဉ်း၍ Field Work နှင့် Reporting အတွက် Workshop များ ကျင်းပခြင်း၊ Experts များနှင့် Skype Meeting ဆောင်ရွက်ခြင်း၊ Environmental Audit အတွက် ရှေ့ကာလ Workshop များကျင်းပခြင်းနှင့် ဆက်လက်ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခြင်း များဆောင်ရွက်ခဲ့ကြပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး
သတင်းထုတ်ပြန်ချက်
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ( ၁ ) ရက်နေ့
၁။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ( ၁ ) ရက်နေ့ နံနက် ( ၉ : ၀၀ ) နာရီအချိန်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ စာရင်းစစ် - ၃ များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်-၄၉ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့်လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန် ၊ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသူ / သင်တန်းသား (၁၀၁) ဦး တက်ရောက်ခဲ့ပါသည်။
၃။ အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်က အောက်ပါအတိုင်း လမ်းညွှန်မှာကြားခဲ့ပါသည် -
- ယခုဖွင့်လှစ်သော သင်တန်းသည် စာရင်းစစ် - ၃ များအတွက် လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းဖြစ်၍ အရေးကြီးသော သင်တန်းဖြစ်ကြောင်း၊
- စာရင်းစစ် - ၃ များသည် အခြေခံစာရင်းပညာ သင်ယူတတ်မြောက်ပြီးသူများဖြစ်ကြသော်လည်း လုပ်ငန်းခွင်တွင် လက်တွေ့ကျကျ ထိထိရောက်ရောက် တာဝန်ထမ်းဆောင်နိုင်ရန် ကျွမ်းကျင်မှုများ လိုအပ်နေသေးသည့်အတွက် ကျွမ်းကျင်သင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊
- စာရင်းစစ် - ၃ များသည် နိုင်ငံပိုင်ကဏ္ဍစာရင်းစစ်များ (Public Sector Auditors) ဖြစ်ကြသဖြင့် ပြည်ထောင်စုစာရင်းစစ်ချုပ်ဥပဒေအရ အပ်နှင်းထားသော စာရင်းစစ်ဆေးခြင်းလုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင် ကြရမည်ဖြစ်ကြောင်း၊
- ယခုသင်တန်းတွင် စာရင်းစစ်ဆေးခြင်းဆိုင်ရာ အခြေခံသဘောတရားများ၊ အခြေခံစာရင်းပညာများ၊ စာရင်းစစ်ဆေးရာတွင် ကျင့်သုံးရမည့် စည်းမျဉ်းစည်းကမ်းများ၊ ဘဏ္ဍာရေးစည်းမျဉ်းများ၊ ဝန်ထမ်းစည်းမျဉ်းများနှင့် စောင့်ထိန်းရမည့် ကျင့်ဝတ်များစသည့် စာရင်းစစ်များ သိသင့်သိထိုက်သည်များကို ပို့ချပေးသွားမှာဖြစ်ကြောင်း၊
- လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချရမည့် ဗဟုသုတ၊ ပညာများကို ပို့ချပေးခြင်းဖြစ်၍ ပို့ချသည့်သင်ခန်းစာများအားလုံး ကျေညက်ဖို့လိုကြောင်း၊
- အများနှင့်မတူသော အရည်အချင်းရှိရန် ဉာဏ်ရည်ထက်မြက်မှု ( Intelligent Quotient )၊ ရှေ့မြော်မြင်သည့်အမြင်ရှိမှု ( Vision Quotient )၊ နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှုနှင့် ကျင့်ဝတ်သိက္ခာပိုင်းဆိုင်ရာမြင့်မားမှု ( Technical Skill and Ethics Quotient )၊ တီထွင်ဖန်တီးနိုင်မှု ( Creative Quotient )၊ သတင်းအချက်အလက်နည်းပညာဆိုင်ရာကျွမ်းကျင်မှု ( Digital Quotient )၊ အတွေ့အကြုံရှိမှု ( Experience Quotient ) နှင့် အရေးကြီးဆုံးအချက်ဖြစ်သော စိတ်ခံစားမှုဆိုင်ရာတည်ငြိမ်မှု ( Emotional Quotient ) စသည့် Quotient (၇) ချက်နှင့် ပြည့်စုံအောင် ကြိုးစားဖို့ လိုအပ်ကြောင်း၊
- မိမိ၏ အထက်အကြီးအကဲက မိမိအပေါ် မျှော်လင့်သော အားကိုးအားထား ပြုနိုင်မှု(Reliability) ၊ အပေါင်းလက္ခဏာဆောင်သောအမြင်ရှိမှု(Positivism) ၊ တိုးတက်အောင်မြင်အောင် လုပ်ကိုင်လိုသော ဆန္ဒရှိမှု (Ambition) ၊ ကြိုးစားအားထုတ်မှု (Applicataion) နှင့် အဖွဲ့အစည်းအပေါ်သစ္စာရှိမှု (Loyalty) အချက်များကိုလည်း ဖြည့်ဆည်းနိုင်အောင် ကြိုးစားကြရန် မှာကြားလိုကြောင်း၊
- သင်တန်းတွင် ပို့ချခဲ့သည်များကို ပြန်လည်ဆန်းစစ်သော စာမေးပွဲဖြေဆိုကြရမှာဖြစ်သဖြင့် ကြိုးစားလေ့လာသင်ယူကြစေလိုပြီး နိုင်ငံအတွက် အားကိုးရသော စာရိတ္တကောင်းမွန်သော ဝန်ထမ်းကောင်းများဖြစ်ရေး ကြိုးပမ်းကြဖို့ တိုက်တွန်းမှာကြားလိုပါကြောင်း။
၄။ သင်တန်းဖွင့်ပွဲအခမ်းအနားကို နံနက် ( ၉ : ၃၀ ) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။