ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

News and Activities

နော်ဝေနိုင်ငံစာရင်းစစ်ချုပ် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် နော်ဝေနိုင်ငံစာရင်းစစ်ချုပ်ရုံးတို့အကြား လက်မှတ် ရေးထိုးထားသော နားလည်မှုစာချွန်လွှာအရ ပူးပေါင်းဆောင်ရွက်မှုများ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံစာရင်းစစ်ချုပ်ရုံးများအကြား အဆင့်မြင့် ပုဂ္ဂိုလ်များ တွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် နော်ဝေနိုင်ငံစာရင်းစစ်ချုပ် Mr. Per-Kristian Foss နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် Mrs. Gry Anette Midtbo တို့သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၄) ရက်နေ့မှ (၆) ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက်ခဲ့ပါသည်။
၁။      ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းသည် EU/GOPA မှ Consultant ဖြစ်သူ Mr. Thomas Thomsen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်နေ့၊ နံနက် ၁၀း၀၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။                                                                                                                 
Professional Standards Committee (PSC)၊ International organization of Supreme Audit Institutions (INTOSAI) ၏ အောက်တွင် ဖွဲ့စည်းထားသော Financial Audit and Accounting Subcommittee (FAAS) သည် Financial Audit ISSAIs အကောင်အထည်ဖော်နေေသော SAI များ တက်ရောက်နိုင်သည့် Discussion Forum တစ်ခုကို စတင်ဆောင်ရွက်ခဲ့ပါသည်။ SAI များသည် Financial Audit ISSAIs လက်ခံကျင့်သုံးခြင်းဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် မေးခွန်းများကို FAAS သို့ https://www.intosai-faas.org/discussion-forum.html ရှိ Discussion Forum တွင် ဝင
၁။    မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းကဏ္ဍတွင် နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံ (International Financial Reporting Standards - IFRS) နှင့် နိုင်ငံတကာစာရင်းစစ်စံ (International Standards on Auditing - ISA) တို့ကို အကောင်အထည်ဖော် လိုက်နာဆောင်ရွက်နိုင်ရေးအတွက် နောက်ထပ်အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ဂျာမန်နည်းပညာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (GIZ) တို့သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်နေ့တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ နေပြည်တော်၌ နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါသည်။

Pages