News and Activities
၁။ ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့ နေ့လည်(၁း၃၀) နာရီအချိန်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ စာရင်းစစ်- ၃ များ လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ်- ၄၈ သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
၂။ အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသား / သင်တန်းသူ- ၁၁၂ ဦး တက်ရောက်ခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ဦးမော်သန်း ခေါင်းဆောင်သည့်ကိုယ်စားလှယ်အဖွဲ့သည် နော်ဝေနိုင်ငံံစာရင်းစစ်ချုပ် Mr.Per-Kristian Foss ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် နော်ဝေနိုင်ငံံစာရင်းစစ်ချုပ်ရုံးတို့အကြား ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလက ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာ (MOU) အရ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးရန်နှင့် နော်ဝေနိုင်ငံံစာရင်းစစ်ချုပ်ရုံးတွင် ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် Modernization Programme များကို လေ့လာရန် ၂-၉-၂၀၁၈ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မှထွက်ခွာခဲ့ပါသည်။ ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့်အတူ ဒုတိယအမြဲတမ်းအတွင်းဝ
ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဦးစီးဌာနမှ Accounting Supervision Division ၏ Director ဖြစ်သူ Mrs. Sorada Lertharpachit ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် “Role on Strengthening and Supervising Accounting Professions in Myanmar” နှင့်စပ်လျဉ်း၍ လေ့လာဆွေးနွေးရန် အတွက် ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ (၆) ရက်နေ့၊ နံနက် (၉:၃၀)နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးသို့ Study Visit လာရောက်ခဲ့ရာ အမြဲတမ်းအတွင်းဝန် ဦးဆောင်သောတာဝန်ရှိသူများမှ လက်ခံတွေ့ဆုံခဲ့ပြီး Accounting Professions အခန်းကဏ္ဍ နှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခဲ့ပါသည်။
၁။ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ( ၁၄ ) ရက်နေ့ နံနက်(၁၀း၀၀ )နာရီ၌ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် အဆင့်မြင့် / အလယ်အလတ်အဆင့် စာရင်းကိုင်နှင့် ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်း အမှတ်စဉ် ( ၉၈ ) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့် လမ်းညွှန် အမှာစကားပြောကြားခဲ့ပါသည်။
၂။ အဆိုပါ အခမ်းအနားသို့ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းကထိကများနှင့် သင်တန်းသား/ သင်တန်းသူ ( ၂၄၄ )ဦး တက်ရောက်ခဲ့ကြပါသည်။
