ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

News and Activities

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး သတင်းထုတ်ပြန်ချက် ၂၀၂၀ ခုနှစ်၊  ဇန်နဝါရီလ ၉ ရက်နေ့ ၁။        ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့ နံနက် ၁၀ : ၀၀ နာရီအချိန်တွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမ၌ စာရင်းစစ် - ၃ များ လုပ်ငန်းခွင်ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် - ၅၀ သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဖွင့် လမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးတွင် ၃-၁-၂၀၂၀ ရက်နေ့ ၉:၃၀ နာရီ အချိန်တွင် ကျင်းပသော ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်  ထမနဲထိုးပွဲ အခမ်းအနားအား ပြည်ထောင်စုစာရင်းစစ်ချုပ်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြာရေးမှူးချုပ်၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ နှင့် အရာထမ်း အမှုထမ်းများ တက်ရောက်ဆင်နွှဲခြင်း။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး သတင်းထုတ်ပြန်ချက် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ    ၂၀    ရက် ၁။        ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက်နေ့ မွန်းလွဲ ၃ : ၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ စုပေါင်းခန်းမတွင် ဒုတိယညွှန်ကြားရေးမှူးများမွမ်းမံသင်တန်းအမှတ်စဉ် ( ၁ / ၂၀၁၉ ) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခဲ့ရာ ပြည်ထောင်စုစာရင်းစစ်ချုပ် တက်ရောက်၍ သင်တန်းဆင်းလမ်းညွှန်အမှာစကား ပြောကြားခဲ့ပါသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ် ဉီးမော်သန်း ဦးဆောင်သည့် ညွှန်ကြားရေးမှူးချုပ် (စစ်ဆေးရေး ဦးစီးဌာန) နှင့် အဖွဲ့ဝင် (၁) ဦး၊ စုစုပေါင်း (၃) ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့မှ (၇)ရက်နေ့အထိ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၌ ကျင်းပခဲ့သောအရှေ့တောင်အာရှ နိုင်ငံများဆိုင်ရာစာရင်းစစ်ချုပ်ရုံးများအဖွဲ့၏ (၅) ကြိမ်မြောက် ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ အရှေ့တောင်အာရှနိုင်ငံများမှ စာရင်းစစ်ချုပ်များ နှင့်ကိုယ်စားလှယ်များ၊  အခြားအလှူရှင်နိုင်ငံများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့ကြပါသည်။

Pages